Friday, April 04, 2014

ရဲမှူးချုပ်သေဆုံးခဲ့သော ကိုင်ရိုတက္ကသိုလ်အနီး ဗုံးဖောက်ခွဲမှု လူသိနည်းအကြမ်းဖက်အဖွဲ့လက်ချက်ဟု ဝန်ခံ

Friday, April 4, 2014
လူသိနည်းသော အီဂျစ် အကြမ်းဖက်အဖွဲ့ Ajnad Misr က ဧပြီ ၂ ရက် ကိုင်ရိုတက္ကသိုလ်အ နီး ဗုံးပေါက်ကွဲမှုများမှာ ၎င်းတို့၏ လက်ချက်ဖြစ်သည်ဟု ဖေ့စ်ဘွတ်ခ်နှင့် တွစ်တာစာမျက်နှာများတွင် ထုတ်ဖော်ဝန်ခံလိုက်သည်။ဧပြီ ၂ ရက်တွင် ကိုင်ရို တက္ကသိုလ်အနီးရှိ လုံခြုံရေးအဖွဲ့ များကို ပစ်မှတ်ထားသော ဗုံးနှစ် လုံး ဆက်တိုက်ပေါက်ကွဲခဲ့ရာ ရဲမှူးချုပ်တာရက်ခ်အယ်လ်မာဂါ ဝီ သေဆုံးခဲ့ပြီး အခင်းဖြစ်ပွားရာ နေရာသို့ ရဲတပ်ဖွဲ့ဝင်များနှင့် သတင်းထောက်များ စုရုံးရောက် ရှိလာစဉ်တွင် ဗုံးတစ်လုံး ထပ်မံပေါက်ကွဲခဲ့သည်။အဆိုပါ ဗုံးပေါက်ကွဲမှုများ တွင် အီဂျစ်ရဲမှူးချုပ်မာဂါဝီ သေ ဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်ငါးဦး ဒဏ် ရာရရှိခဲ့သည်။၎င်းတို့၏ အမျိုးသမီးများနှင့် မိန်းကလေးများအား ပစ်မှတ်ထား သော ဖမ်းဆီးမှုကို လက်တုံ့ပြန် သောအားဖြင့် ဗုံးခွဲတိုက်ခိုက်ခြင်း ဖြစ်ကြောင်း အီဂျစ်တပ်သားများ ဟု အဓိပ္ပာယ်ရသော Ajnad Misr အဖွဲ့က ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်နှင့် တွစ်တာစာမျက်နှာများတွင် ပြော ကြားသည်။
ဗုံးဖောက်ခွဲရသည့် ရည်ရွယ် ချက်ကို အသေးစိတ်ဖော်ပြခဲ့ခြင်း မရှိသော်လည်း အရပ်သားများ သေကျေပျက်စီးမှုမှ ရှောင်ရှား နိုင်ရန် နောက်ဆုံးဗုံးတစ်လုံးကို စီစဉ်ထားသည်ထက် အနည်းငယ် ပိုနောက်ကျပြီးမှ စနက်တံဖြုတ် ခဲ့သည်ဟု ယင်းအဖွဲ့က ပြောကြားသည်။
ယင်းအဖွဲ့က အာဏာရှင်ဟို့စ်နီမူဘာရက် အစိုးရပြုတ်ကျသည့် သုံးနှစ်ပြည့်အခမ်းအနားမတိုင်မီနေ့က ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုတစ်ခုမှာ ၎င်းတို့၏ လက်ချက်ဖြစ်သည်ဟု ဝန်ခံခဲ့သည်။
ကိုင်ရိုတက္ကသိုလ်အနီးပေါက်ကွဲမှုများအတွင်း သေဆုံးသွားသော ရဲအရာရှိတစ်ဦးကို သယ်ဆောင်လာစဉ်

ရဲမှူးချုပ်မာဂါဝီ၏ အသုဘ ကို အီဂျစ်ကြားဖြတ်ဝန်ကြီးချုပ် အီဘရာဟင်မာလက်က ဦးဆောင်ခဲ့သည်။
ဝန်ကြီးချုပ်သည် အသုဘ အခမ်းအနားပြီးနောက် အစည်းအဝေးတစ်ရပ် ခေါ်ယူခဲ့ပြီး တက္ကသိုလ်များအနီး လုံခြုံရေး အင်အားဖြည့်ရန်နှင့် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကြား ကင်းလှည့်မှုများကို ပူးတွဲတိုးမြှင့်လုပ်ဆောင် ရန် ဆုံးဖြတ်ခဲ့သည်။
—Ref: AFP

No comments:

Post a Comment

My Blog List