Monday, March 31, 2014

သင်္ကြန်ကာလ ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်း လျော့ကျမည်


Monday, March 31, 2014 

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မြင့်တက်ခဲ့သော ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းသည် သင်္ကြန်ကာလတွင် လျော့ကျမည်ဖြစ်ပြီး သင်္ကြန်မတိုင်မီ ဧပြီပထမအပတ်အတွင်း နေ့အပူချိန်တိုးလာနိုင်သည်ဟု မိုးလေ၀သ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးချစ်ကျော်က မဇ္ဈိမကို ပြောသည်။ 
“သင်္ကြန်ကာလဆိုရင်တော့ ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်းက လျော့ကျနေပါပြီ။ ၁၁ လောက်ပဲရှိမယ်” ဟု ပြောသည်။ 
ပြင်းထန်သည့်အပူဒဏ်ခံစားရနိုင်သော ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်း (UV Index) သည် မတ်လ ၃၀ ရက်တွင် ၁၂ ဒသမ ၁ ရှိနေပြီး နောက်ပိုင်းတွင် ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်းများ တိုးမလာဘဲ လျော့ ကျမည်ဟု ဆိုသည်။ 
နေ့အပူချိန်များအရ လက်ရှိ ရန်ကုန်တွင် ၄၀ ဒီဂရီစင်တီဂရိတ်၊ မန္တလေးတိုင်း၊ မကွေးတိုင်းတို့တွင် ၄၁ ဒီဂရီစင်တီဂရိတ်နှင့် ၄၂ ဒသမ ၅ ဒီဂရီစင်တီဂရိတ် ရှိသည်။ 
ဧပြီလ ပထမပတ်အတွင်းတွင် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် နေ့အပူချိန် ၄၁ ဒသမ ၅ ဒီဂရီစင် တီဂရိတ်အထိ တိုးလာနိုင်သည်ဟု ဦးချစ်ကျော်က ဆိုသည်။ 

“ခရမ်းလွန်ရောင်ခြည်က ချက်ချင်းဖြစ်တာမဟုတ်ဘူး။ ၄၊ ၅၊ ၆ နှစ်နေမှ ဖြစ်တာ။ အရေပြားကို ထိခိုက် တယ်။ အသက်ကြီးတဲ့လူတွေ ဖြစ်သလိုမျိုး အရေပြားပေါ်မှာ အရေခွံတွေ တွန့်တာတွေဖြစ်တယ်။ ကိုယ့် မိသားစုထဲမှာ အသက် ၄၀၊ ၅၀လောက်မှ မျက်မှန်တပ်ရမယ်ဆိုရင်လည်း ကိုယ်က ၃၅ နှစ်လောက်နဲ့ မျက်မှန်တပ်ချင် တပ်ရတတ်တယ်”ဟု ပြောသည်။ 

Mizzima - News in Burmese

No comments:

Post a Comment

My Blog List