Friday, April 4, 2014
အင်္ဂလန် အရှေ့မြောက်ပိုင်း လစ်ဗာပူးလ်မြို့ရှိ ဂျွန်မိုး တက္ကသိုလ်မှ
ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ဒိုင်နိုဆော ပုံတူမျိုးပွား တစ်ကောင်ကို
အောင်မြင်စွာ မွေးဖွားပေးနိုင် ခဲ့ကြောင်း ပြောကြားသည်ဟု Science Fiction သတင်းတွင် ဖော်ပြထားသည်။
ထိုဒိုင်နိုဆော သားပေါက်လေးကို စပေါ့ (Spot) ဟု အမည်ပေးထားပြီး
Apatosaurus ဒိုင်နိုဆော မျိုးစိတ်ဝင် ဖြစ်ကာ ဂျွန်မိုးတက္ကသိုလ်
လက်အောက်ရှိ တိရစ္ဆာန် ဆေးကောလိပ် တစ်ခုတွင် ပညာရှင်များက ပေါက်ဖွားစေရန်
စီစဉ်ခဲ့ခြင်း ဖြစ်ပြီး စပေါ့သည် ယခုအခါ အခြေအနေ ကောင်းမွန်လျက် ရှိကြောင်း
ယင်းသတင်းက ဆိုသည်။
သိပ္ပံပညာရှင်များသည် Apatosaurus
ကျောက်ဖြစ်ရုပ်ကြွင်း တစ်ခုမှ DNA ကိုထုတ်ယူပြီးနောက် မျိုးပွားပြီး
ငှက်ကုလားအုတ်မ တစ်ကောင် ဝမ်းဗိုက်အတွင်း ထည့်သွင်းကာ သန္ဓေသားအဖြစ်
မွေးမြူခဲ့ခြင်း ဖြစ်သည်။
ယင်းပရောဂျက်ကို ဦးဆောင်သူမှာ
သိပ္ပံပညာရှင် ဒေါက်တာ ဂါးရတ်ဂျုံးစ် ဖြစ်ပြီး ဒိုင်နိုဆောနှင့်
ငှက်ကုလားအုတ်တို့သည် မျိုးရိုးဗီဇလက္ခဏာ ဆင်တူသောကြောင့် ယင်းသို့
ပေါင်းစပ်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
“သူတို့ရဲ့ ဥခွံတွေဟာ ထပ်တူနီးပါး ဆင်ကြတယ်။ ဒါကြောင့် ဒီလိုပုံတူ မျိုးပွားမှုဟာ အောင်မြင်ခဲ့တာပါ” ဟု ဒေါက်တာ ဂါးရတ်က ဆိုသည်။
ယင်းသို့ ဒိုင်နိုဆော တစ်ကောင်အား ပုံတူမျိုးပွားခြင်းကို Jurassic Park
ဆိုသည့် ရုပ်ရှင်ကားထဲ၌သာ တွေ့မြင်ခဲ့ကြရပြီး မိမိအနေနှင့်
ရုပ်ရှင်ထဲကအတိုင်း စိတ်ကူးကို အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်ကြောင်း
ဓာတုဗေဒ ပါမောက္ခ ဒေါက်တာ ဝမ်မာရှီရီဒန်က ပြောကြားသည်။
ထိုသို့
ပုံတူမျိုးပွား ဖော်ဆောင်မှုနှင့် ပတ်သက်ပြီး PETA တိရစ္ဆာန် အခွင့်အရေး
ကာကွယ်ရေးအဖွဲ့က ကန့်ကွက် ထားကြောင်း Science Fiction သတင်းတွင်
ရေးသားထားသည်။
The Voice Weekly
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄)
-
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄) “စစ်အာဏာချုပ်ကိုင်နိုင်ဖို့
အကြမ်းဖက်မှုတွေဆက်ကျူးလွန်နေ” ကန်နိုင်ငံခြားရေးဝန်ကြီးပြောဆို၊
မြန်မာ့ပဋိပက္ခကြားဝင်စေ့စပ...
7 months ago
No comments:
Post a Comment