Monday, June 01, 2020

ရန်ကုန်တွင် Mask မတပ်၍ အရေးယူခံရသူ (၃၀၀၀)ကျော်ရှိ

ကိုဗစ်-၁၉ ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးမှာ Mask မတပ်လို့ အရေးယူခံရသူ (၃၀၀၀)ကျော် ရှိတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရဲ့ စာရင်းတွေအရ မေ(၁၃) ရက်ကနေ (၃၁) ရက်အထိ Mask မတပ်လို့အရေးယူခဲ့တဲ့ အမျိုးသား (၂၇၀၀) နီးပါး နဲ့ အမျိုးသမီး (၅၀၀) နီးပါး စုစုပေါင်း (၃၁၀၀) ကျော်ကို ဖမ်းဆီးပြီး သက်ဆိုင်ရာတရားရုံးအသီးသီးကို တရားစွဲတင်ကာ ပြစ်ဒဏ်ချမှတ်ခဲ့ တယ်လို့ ဆိုပါတယ်။
အရေးယူခဲ့သူအများစုဟာ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေပုဒ်မ (၁၅) အရ ဒဏ်ငွေ (၅၀၀၀) ကျပ် ပေးဆောင်ရပြီး ပုဒ်မ(၁၈)အရ ထောင်ဒဏ် သုံးလ နဲ့ ဒဏ်ငွေ (၅၀၀၀၀) ကျပ် ချမှတ်ခံရသူတချို့လည်း ပါဝင် တယ်လို့ဆိုပါတယ်။ အရေးယူခံရသူ အများစုဟာ ရွှေပြည်သာ၊ သုံးခွ နဲ့ ခရမ်းမှာ နေထိုင်သူတွေ ဖြစ်တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သိရပါတယ်။
ကိုဗစ်-၁၉ ကာလအတွင်း အိမ်ပြင်ထွက်ရင် နှာခေါင်းစည်း(Mask) တပ်ဆင်ကြရမှာဖြစ်ပြီး လိုက်နာမှု မရှိရင် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မနဲ့ အရေးယူသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက မြို့နယ်အသီးသီးကို ညွှန်ကြားချက်တွေ ထုတ်ပြန်ထားတာပါ။
သတင်း- ဝေယံထက်ဝင်း၊ ဓာတ်ပုံ- Myint Myat Thu

No comments:

Post a Comment

My Blog List