Tuesday, June 02, 2020

ရွေးကောက်ပွဲကို တနိုင်ငံလုံး တပြေးညီကျင်းပပေးဖို့ UNA တိုက်တွန်း

၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာလမှာကျင်းပမယ်ဆိုရင် တနိုင်ငံလုံးက မဲဆန္ဒနယ်အကုန်လုံး တပြေးညီကျင်းပပေးဖို့ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဇွန်လ ၁ ရက်နေ့နေ့စွဲနဲ့ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
နယ်မြေမတည်ငြိမ်တဲ့ဒေသတွေမှာ ရွေးကောက်ပွဲ ရက်ရွှေ့ဆိုင်းတာတွေလုပ်မယ်ဆိုရင် အဲဒီဒေသတွေမှာ ပါဝင်ယှဉ်ပြိုင်မယ့် ပါတီတွေဆီကနေ ကော်မရှင်ဘက်က သဘောတူညီချက်ရယူဖို့ တိုက်တွန်းတယ်လို့ UNA အတွင်းရေးမှူးအဖွဲ့ ဦးမျိုးကျော်က RFA ကို ပြောပါတယ်။
စစ်ပွဲတွေဖြစ်ပွားနေတဲ့ ဒေသတွေမှာ ပြည်သူ့ကိုယ်စားလှယ်တွေ ထွက်ပေါ်လာစေဖို့နဲ့ စစ်ရေးအစား နိုင်ငံရေးဘောင်ကျယ်ပြန့်လာဖို့အတွက် ရွေးကောက်ပွဲကျင်းပပေးဖို့ တိုက်တွန်းတယ်လို့လည်း ဦးမျိုးကျော်က ပြောပါတယ်။
ကပ်ရောဂါကြောင့် ဆန္ဒမဲပေးမယ့် ပြည်သူတွေ လုံခြုံမှုရှိစေဖို့၊ ကြိုတင်ကာကွယ်ရေးစနစ်တွေ တနိုင်ငံလုံး မဖြစ်မနေ စီစဉ်ဆောင်ရွက်ပေးဖို့လိုတယ်လို့လည်း တိုက်တွန်းထားပါတယ်။
ရွေးကောက်ပွဲကျင်းပတဲ့ကာလတွေမှာ သက်ဆိုင်ရာ လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ပေါ်ဖို့ အပစ်အခတ်ရပ်စဲတာတွေနဲ့ ကူညီပေးဖို့လည်း ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။
ရခိုင်နဲ့ ချင်းပြည်နယ်တွေက စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနိုင်ဖို့ အစိုးရနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ ပါဝင်ဆောင်ရွက်နိုင်ဖို့နဲ့ သတင်းအချက်အလက်တွေရရှိနိုင်ဖို့ ဖြတ်တောက်ထားတဲ့ အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးဖို့လည်း တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။
စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA ကို တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၂ ပါတီနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲကို အရင် ၂၀၁၅ ရွေးကောက်ပွဲအတိုင်း လာမယ့်နိုဝင်ဘာလမှာ ကျင်းပသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောဆိုထားပါတယ်။
RFA
Unicode
ရွေးကောက်ပွဲကို တနိုင်ငံလုံး တပြေးညီကျင်းပပေးဖို့ UNA တိုက်တွန်း

၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာလမှာကျင်းပမယ်ဆိုရင် တနိုင်ငံလုံးက မဲဆန္ဒနယ်အကုန်လုံး တပြေးညီကျင်းပပေးဖို့ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဇွန်လ ၁ ရက်နေ့နေ့စွဲနဲ့ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
နယ်မြေမတည်ငြိမ်တဲ့ဒေသတွေမှာ ရွေးကောက်ပွဲ ရက်ရွှေ့ဆိုင်းတာတွေလုပ်မယ်ဆိုရင် အဲဒီဒေသတွေမှာ ပါဝင်ယှဉ်ပြိုင်မယ့် ပါတီတွေဆီကနေ ကော်မရှင်ဘက်က သဘောတူညီချက်ရယူဖို့ တိုက်တွန်းတယ်လို့ UNA အတွင်းရေးမှူးအဖွဲ့ ဦးမျိုးကျော်က RFA ကို ပြောပါတယ်။
စစ်ပွဲတွေဖြစ်ပွားနေတဲ့ ဒေသတွေမှာ ပြည်သူ့ကိုယ်စားလှယ်တွေ ထွက်ပေါ်လာစေဖို့နဲ့ စစ်ရေးအစား နိုင်ငံရေးဘောင်ကျယ်ပြန့်လာဖို့အတွက် ရွေးကောက်ပွဲကျင်းပပေးဖို့ တိုက်တွန်းတယ်လို့လည်း ဦးမျိုးကျော်က ပြောပါ တယ်။
ကပ်ရောဂါကြောင့် ဆန္ဒမဲပေးမယ့် ပြည်သူတွေ လုံခြုံမှုရှိစေဖို့၊ ကြိုတင်ကာကွယ်ရေးစနစ်တွေ တနိုင်ငံလုံး မဖြစ်မနေ စီစဉ်ဆောင်ရွက်ပေးဖို့လိုတယ်လို့လည်း တိုက်တွန်းထားပါတယ်။
ရွေးကောက်ပွဲကျင်းပတဲ့ကာလတွေမှာ သက်ဆိုင်ရာ လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ပေါ်ဖို့ အပစ်အခတ်ရပ်စဲတာတွေနဲ့ ကူညီပေးဖို့လည်း ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။
ရခိုင်နဲ့ ချင်းပြည်နယ်တွေက စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနိုင်ဖို့ အစိုးရနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ ပါဝင်ဆောင်ရွက်နိုင်ဖို့နဲ့ သတင်းအချက်အလက်တွေရရှိနိုင်ဖို့ ဖြတ်တောက်ထားတဲ့ အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးဖို့လည်း တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။
စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA ကို တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၂ ပါတီနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲကို အရင် ၂၀၁၅ ရွေးကောက်ပွဲအတိုင်း လာမယ့်နိုဝင်ဘာလမှာ ကျင်းပသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောဆိုထားပါတယ်။
Zawgyi
Photo: RFA

No comments:

Post a Comment

My Blog List