Wednesday, June 03, 2020

မန္တလေတိုင်းအတွင်း COVID-19 ရောဂါ အတည်ပြုလူနာသစ် မတွေ့ရှိသည်မှာ ရက်(၄၀)ကျော် ရှိလာ

မန္တလေးမြို့ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန၌ ဇွန်(၁)ရက်နှင့်(၂)ရက်များအတွင်း စစ်ဆေးခဲ့သည့် COVID-19 ရောဂါဆိုင်ရာ ဓါတ်ခွဲနမူနာ (၂၆၉)ခုလုံး ရောဂါပိုး တွေ့ရှိခြင်းမရှိဘဲ Negative အဖြေထွက်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
မန္တလေး ဓါတ်ခွဲခန်း၌ COVID-19 ရောဂါပိုး ရှိ၊မရှိ စတင်စစ်ဆေးသည့် ပထမဆုံးနေ့ဖြစ်သော ဇွန်(၁)ရက်က ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်၌ Quarantine (အသွားအလာ ကန့်သတ်စောင့်ကြည့်) နေထိုင်လျှက်ရှိသူ (၁၀၆)ဦး၊ မန္တလေးဆေးရုံကြီမှ စောင့်ကြည့်လူနာ (persons under investigation - PUI) (၆)ဦးနှင့် ညောင်ဦးဆေးရုံမှ စောင့်ကြည့်လူနာ (PUI) တစ်ဦး၊ စုစုပါင်း ဓါတ်ခွဲနမူနာ (၁၁၃)ခု စစ်ဆေးခဲ့ပြီး ဒုတိယနေ့ဖြစ်သည့် ဇွန်(၂)ရက်တွင် ရမည်းသင်း၊ နွားထိုးကြီး၊ ဝမ်းတွင်း၊ ပျော်ဘွယ်၊ ကျောက်ဆည်၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်နှင့် မန္တလေးမြို့ ကုတင်(၃၀၀)သင်ကြားရေးဆေးရုံ စသည့် နေရာများ၌ Quarantine (အသွားအလာ ကန့်သတ်စောင့်ကြည့်) နေထိုင်သူနှင့် COVID-19 စောင့်ကြည့်လူနာ စုစုပေါင်း (၁၅၆)ဦး၏ ဓါတ်ခွဲနမူနာများ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ဇွန်(၃)ရက် နံနက်ပိုင်းအချိန် ထုတ်ပြန်ချက်တွင် ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)၌ စစ်ဆေးခဲ့သည့် အဆိုပါ COVID-19 ရောဂါဆိုင်ရာ ဓါတ်ခွဲနမူနာ (၂၆၉)ခုတွင် ရောဂါပိုး မတွေ့ရှိကြောင်း ဖော်ပြထားသည်။
လက်ရှိတွင် မန္တလေးတိုင်းအတွင်း COVID-19 ရောဂါ အတည်ပြုလူနာသစ် မတွေ့ရှိသည်မှာ ရက်(၄၀)ကျော် ကြာမြင့်လာပြီ ဖြစ်သည်။ ဧပြီ(၂၃)ရက်က မန္တလေးတိုင်း မတ္တရာမြို့နေ အသက်(၈၀)အရွယ် အမျိုးသား (Case-132)တွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ပြီးနောက် အတည်ပြုလူနာသစ် ထပ်မံတွေ့ရှိခြင်း မရှိတော့ဘဲ ယခုအခါ တက်ရောက်ကုသသည့် လူနာမရှိသဖြင့် မန္တလေး ကန်တော်နဒီ ဆေးရုံကိုပါ ခေတ္တပိတ်သိမ်းထားသည်။
ဇွန်(၁)ရက်အထိ မန္တလေးတိုင်းအတွင်းရှိ ဆေးရုံ၊ဆေးခန်းများသို့ တက်ရောက်ကုသခဲ့သည့် COVID-19 ရောဂါ စောင့်ကြည့်လူနာ (၉၀၂)ဦး ရှိခဲ့ပြီး ၎င်းတို့အနက် အတည်ပြုလူနာ (၃)ဦး ရှိခဲ့ကာ (၇၅၅)ဦးမှာ ပြန်လည်ကျန်းမာ၍ ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း မန္တလေးတိုင်း COVID-19 ရောဂါဆိုင်ရာ သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။
မန္တလေးတိုင်းအတွင်း ဇွန်(၂)ရက်အထိ Facility Quarantine (သတ်မှတ်နေရာ၌ အသွားအလာ ကန့်သတ်စောင့်ကြည့်) နေထိုင်သူ (၄၃၂၉)ဦးနှင့် Hotel Quarantine (ဟိုတယ်၌ အသွားအလာ ကန့်သတ်စောင့်ကြည့်) နေထိုင်သူ (၇၅)ဦး ရှိကြောင်း အထက်ပါ ကော်မတီက ဆိုသည်။
ထို့အပြင် ဇွန်(၂)ရက်အထိ မန္တလေးတိုင်းအတွင်း Facility Quarantine (၂၁)ရက်နှင့် Hotel Quarantine (၂၁)ရက် ပြည့်ပြီးသူ (၁၇၆၀၀)ကျော်ရှိသည်ဟု မန္တလေးတိုင်း COVID-19 ရောဂါဆိုင်ရာ သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် ဇွန်(၃)ရက် နံနက်အထိ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၂၃၃) ဦးရှိပြီး ၎င်းတို့အနက် သေဆုံသူ (၆)ဦးနှင့် ရောဂါပိုးကင်းစင်လာသူ (၁၄၃) ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
မန္တလေးမြို့ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန/ Photo - Mandalay In-depth News
မန္တလေး ဓါတ်ခွဲခန်း၌ ပထမဆုံး စစ်ဆေးခဲ့သည့် ဓါတ်ခွဲနမူနာ (၂၆၉)ခုလုံး Negative အဖြေထွက်ပြီး COVID-19 ရောဂါပိုး မတွေ့၊
မန္တလေတိုင်းအတွင်း COVID-19 ရောဂါ အတည်ပြုလူနာသစ် မတွေ့ရှိသည်မှာ ရက်(၄၀)ကျော် ရှိလာ
Mandalay In-depth News၊ ဇြန္-၃
မန္တလေးမြို့ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန၌ ဇွန်(၁)ရက်နှင့်(၂)ရက်များအတွင်း စစ်ဆေးခဲ့သည့် COVID-19 ရောဂါဆိုင်ရာ ဓါတ်ခွဲနမူနာ (၂၆၉)ခုလုံး ရောဂါပိုး တွေ့ရှိခြင်း မရှိဘဲ Negative အဖြေထွက်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
မန္တလေး ဓါတ်ခွဲခန်း၌ COVID-19 ရောဂါပိုး ရှိ၊မရှိ စတင်စစ်ဆေးသည့် ပထမဆုံးနေ့ဖြစ်သော ဇွန်(၁)ရက်က ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်၌ Quarantine (အသွားအလာ ကန့်သတ်စောင့်ကြည့်) နေထိုင်လျှက်ရှိသူ (၁၀၆)ဦး၊ မန္တလေးဆေးရုံကြီမှ စောင့်ကြည့်လူနာ (persons under investigation - PUI) (၆)ဦးနှင့် ညောင်ဦးဆေးရုံမှ စောင့်ကြည့်လူနာ (PUI) တစ်ဦး၊ စုစုပါင်း ဓါတ်ခွဲနမူနာ (၁၁၃)ခု စစ်ဆေးခဲ့ပြီး ဒုတိယနေ့ဖြစ်သည့် ဇွန်(၂)ရက်တွင် ရမည်းသင်း၊ နွားထိုးကြီး၊ ဝမ်းတွင်း၊ ပျော်ဘွယ်၊ ကျောက်ဆည်၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်နှင့် မန္တလေးမြို့ ကုတင်(၃၀၀)သင်ကြားရေးဆေးရုံ စသည့် နေရာများ၌ Quarantine (အသွားအလာ ကန့်သတ်စောင့်ကြည့်) နေထိုင်သူနှင့် COVID-19 စောင့်ကြည့်လူနာ စုစုပေါင်း (၁၅၆)ဦး၏ ဓါတ်ခွဲနမူနာများ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ဇွန်(၃)ရက် နံနက်ပိုင်းအချိန် ထုတ်ပြန်ချက်တွင် ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)၌ စစ်ဆေးခဲ့သည့် အဆိုပါ COVID-19 ရောဂါဆိုင်ရာ ဓါတ်ခွဲနမူနာ (၂၆၉)ခုတွင် ရောဂါပိုး မတွေ့ရှိကြောင်း ဖော်ပြထားသည်။
လက်ရှိတွင် မန္တလေးတိုင်းအတွင်း COVID-19 ရောဂါ အတည်ပြုလူနာသစ် မတွေ့ရှိသည်မှာ ရက်(၄၀)ကျော် ကြာမြင့်လာပြီ ဖြစ်သည်။ ဧပြီ(၂၃)ရက်က မန္တလေးတိုင်း မတ္တရာမြို့နေ အသက်(၈၀)အရွယ် အမျိုးသား (Case-132)တွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ပြီးနောက် အတည်ပြုလူနာသစ် ထပ်မံတွေ့ရှိခြင်း မရှိတော့ဘဲ ယခုအခါ တက်ရောက်ကုသသည့် လူနာမရှိသဖြင့် မန္တလေး ကန်တော်နဒီ ဆေးရုံကိုပါ ခေတ္တပိတ်သိမ်းထားသည်။
ဇွန်(၁)ရက်အထိ မန္တလေးတိုင်းအတွင်းရှိ ဆေးရုံ၊ဆေးခန်းများသို့ တက်ရောက်ကုသခဲ့သည့် COVID-19 ရောဂါ စောင့်ကြည့်လူနာ (၉၀၂)ဦး ရှိခဲ့ပြီး ၎င်းတို့အနက် အတည်ပြုလူနာ (၃)ဦး ရှိခဲ့ကာ (၇၅၅)ဦးမှာ ပြန်လည်ကျန်းမာ၍ ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း မန္တလေးတိုင်း COVID-19 ရောဂါဆိုင်ရာ သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။
မန္တလေးတိုင်းအတွင်း ဇွန်(၂)ရက်အထိ Facility Quarantine (သတ်မှတ်နေရာ၌ အသွားအလာ ကန့်သတ်စောင့်ကြည့်) နေထိုင်သူ (၄၃၂၉)ဦးနှင့် Hotel Quarantine (ဟိုတယ်၌ အသွားအလာ ကန့်သတ်စောင့်ကြည့်) နေထိုင်သူ (၇၅)ဦး ရှိကြောင်း အထက်ပါ ကော်မတီက ဆိုသည်။
ထို့အပြင် ဇွန်(၂)ရက်အထိ မန္တလေးတိုင်းအတွင်း Facility Quarantine (၂၁)ရက်နှင့် Hotel Quarantine (၂၁)ရက် ပြည့်ပြီးသူ (၁၇၆၀၀)ကျော် ရှိသည်ဟု မန္တလေးတိုင်း COVID-19 ရောဂါဆိုင်ရာ သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် ဇွန်(၃)ရက် နံနက်အထိ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၂၃၃) ဦးရှိပြီး ၎င်းတို့အနက် သေဆုံသူ (၆)ဦးနှင့် ရောဂါပိုးကင်းစင်လာသူ (၁၄၃) ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
မန္တလေးမြို့ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန/ Photo - Mandalay In-depth News

No comments:

Post a Comment

My Blog List