Monday, June 01, 2020

လွှတ်တော်ကိုယ်စားလှယ်များ အသံထွက်ချင်တာကို ဥက္ကဌက ဖုံးဖိထားပြီး မျက်ကွယ်ပြုမည်ဆိုပါက အစိုးရက မျက်ဖြူစိုက်လေ ဆရာကြိုက်လေဟု တပ်ကိုယ်စားလှယ် ထောက်ပြ

လွှတ်တော်ကိုယ်စားလှယ်များ အသံထွက်ချင်တာကို ဥက္ကဌက ဖုံးဖိထားပြီး မျက်ကွယ်ပြုမည်ဆိုပါက အစိုးရက မျက်ဖြူစိုက်လေ ဆရာကြိုက်လေဟု တပ်မတော်သားလွှတ်တေ်ာကိုယ်စားလှယ် ဗိုလ်မှူးချုပ် ဝင်းမိုး က ထောက်ပြပြောဆိုလိုက်သည်။
ဇွန်လ ၁ရက်က ကျင်းပပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဥက္ကဌအား တာဝန်မှရုတ်သိမ်းရေးအဆိုကိုဆွေးနွေးရာတွင် ဗိုလ်မှူးချုပ် ဝင်းမိုး က ထိုသို့ ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။
“လွှတ်တော်မှာ အသံထွက်ဖို့ ပြည်သူ့ အသံကို ထင်ဟပ်ဖို့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်စားလှယ်တွေက အသံထွက်ချင်တာကို လွှတ်တော်ဥက္ကဌက အစိုးရအပေါ် အကြပ်အတည်းမတွေ့အောင်ဆိုတဲ့ ဖိအားနဲ့ ဖုံးဖိထားမယ်ဆိုရင် မျက်ကွယ်ပြုနေမယ်ဆိုရင် အစိုးရကတော့ မျက်ဖြူစိုက်လေ ဆရာကြိုက်လေ ဖြစ်မှာပါ။ ပြောတော့ ဒီမိုကရေစီ လုပ်တော့ ကြိုးနီလို့ပြောရမလိုဖြစ်နေပါတယ်” ဟု ဗိုလ်မှူးချုပ်ဝင်းမိုးကပြောသည်။
၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၅ ရက်က ကိုယ်စားလှယ် ဒေါက်တာမောင်သင်း မှ လျှပ်စစ်ဓာတ်အကြား တိုးမြှင့်ကောက်ခံခြင်းသည် ပြည်သူများစားဝတ်နေရေးနှင့် အထွေထွေ ကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် ပြည်သူများ၏ နေ့စဉ် ဘဝတွင် စိတ်သောက ဖိစီးမှုများကို ဖြစ်ပေါ်နိုင်သည့်အတွက် နိုင်ငံတော်အစိုးရမှ လျှပ်စစ်ဓာတ်အား တိုးမြှင့်ကောက်ခံခြင်းအား ဆိုင်းငံ့ပေးရန်အဆိုကို တင်သွင်းခဲ့ရာ လွှတ်တော်ဥက္ကဌက ခွင့်ပြုခဲ့ခြင်းမရှိကြောင်း သိရသည်။
ထိုသို့ ခွင့်မပြုခဲ့ခြင်းသည် ပြည်သူများအတွက် နစ်နာရသည်ဟု ယူဆကြောင်းလည်း ဗိုလ်မှူးချုပ်ဝင်းမိုး ကထောက်ပြပြောဆိုခဲ့သည်။
ထို့အတူ ကိုယ်စားလှယ် ဦးသောင်းအေး တင်သွင်းခဲ့သည့် လက်နက်ကိုင်သောင်းကျန်း သူများက ဥပဒေမဲ့၊ မင်းမဲ့ စရိုက်ဆန်ဆန် ဖမ်းဆီး စစ်ဆေးသတ်ဖြတ်ခြင်းများကြုံတွေ့နေရခြင်းကြောင့် ပြည်သူလူထု အသကိအိုးအိမ် စည်းစိမ် များပျက်စီးဆုံးရှုံးပြီး လုံခြုံမှုကင်းဝေးပြီးဖြစ်နေခြင်း အပေါ် ထိရောက်လျင်မြန်စွာ ထိန်းသိမ်းကာကွယ်ပေးနိုင်ရန် နိုင်ငံတော်အစိုးရအားတိုက်တွန်းကြောင်း အရေးကြီး အဆိုတစ်ရပ်ကို တင်သွင်းခဲ့ပေမဲ့ လွှတ်တော်ဥက္ကဌ ခွင့်ပြုခဲ့ခြင်းမရှိခြင်းသည် တည်ငြိမ်အေးချမ်းရေး တရားဥပဒေစိုးမိုးရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် မျက်ကွယ်ပြုရာရောက်နေကြောင်း ထောက်ပြပြောဆိုခဲ့သည်။
“အမျိုးသားလွှတ်တော် ဦးဝှေ့တင်း ဖမ်းဆီးခံရမှုကို လွှတ်တော်က အရေးတယူဆောင်ရွက်ခဲ့သလို တပ်မတော်ရဲ့ တပ်ဖွဲ့ ဌာန ဆိုင်ရာ ဝန်ထမ်းများ မှီခိုသူမိသားစုဝင်များ အပြစ်မဲ့ ပြည်သူများ မင်းမဲ့ စရိုက်ဆန်ဆန် ဖမ်းဆီး သတ်ဖြတ်ခံရတာ ပြည် ထောင်စုလမ်းမကြိးပေါ်မှာ အကြမ်းဖက်သူများရဲ့ မင်းမဲ့စရိုက်ဆန်ဆန် လုပ်ဆောင်မှုတွေကို မည်သို့ မည်ဖုံ ထိန်းကျောင်းဆောင်ရွက်ပြီး တိုင်းပြည်နှင့် လူမျိုးအကျိုးစီးပွား ဆောင်ရွက်သင့်တာကို လွှတ်တော်ဥက္ကဌ လျစ်လျူရှု့ခဲ့တာတွေဟာ တည်ငြိမ်အေးချမ်းရေး တရားဥပဒေစိုးမိုးရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် မျက်ကွယ်ပြုရာရောက်နေပါတယ်”ဟု ဗိုလ်မှူးချုပ်ဝင်းမိုးကထောက်ပြပြောဆိုခဲ့သည်။
ထို့သို့ အဆိုများအား လက်ခံဆွေးနွေးခွင့်မပြုခြင်းသည် ကိုယ်စားလှယ်များအပေါ်မှာ ခွဲခြားလုပ်ဆောင်ရာ မမျှမတဆောင်ရွက်ရာ စိတ်ဝမ်းကွဲပြားမှု ဖြစ်ပေါ်စေခြင်း စသည့် မရိုးသားသည့် ဆောင်ရွက်မှုများဟု ယူဆရသည့်အပြင် လွှတ်တော်ဥက္ကဌအပေါ် လည်း တစ်စုံတစ်ရာသည် ဖိအားများရှိသည်ဟု ယူဆကြောင်းလည်း ထောက်ပြပြောဆိုခဲ့သည်။
ထို့ကြောင့် ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၂၁ မှာရှိသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါပြဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်းအပြင် ဥပဒေအရ ဆောင်ရွက်နိုင်သည်များကို မဆောင်ရွက်နိုင် မထမ်းဆောင်ခဲ့သည့် အချက်များနှင့် ကိုက်ညီကြောင်းတွေ့ရှိရသည့်အတွက် ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၁၅ အရ ၎င်းအားလွှတ်တော်ဥက္ကဌ အဖြစ်တာဝန်မှ ရုတ်သိမ်းပေးရန် အဆိုကိုထောက်ခံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ်အား လွှတ်တော်ဥက္ကဌတာဝန်မှ ရုတ်သိမ်းပေးရန် မိုင်းပျဉ်းမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးစိုးထွန်းစိန်က မေလ ၂၈ ရက်ကကျင်းပပြုလုပ်ခဲ့သည့် လွှတ်တော် အစည်းအဝေးတွင် အရေးကြီး အဆိုတင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယဉ်ကေနွယ်
(zawgyi)
လွှတ်တော်ကိုယ်စားလှယ်များ အသံထွက်ချင်တာကို ဥက္ကဌက ဖုံးဖိထားပြီး မျက်ကွယ်ပြုမည်ဆိုပါက အစိုးရက မျက်ဖြူစိုက်လေ ဆရာကြိုက်လေဟု တပ်ကိုယ်စားလှယ် ထောက်ပြ
လွှတ်တော်ကိုယ်စားလှယ်များ အသံထွက်ချင်တာကို ဥက္ကဌက ဖုံးဖိထားပြီး မျက်ကွယ်ပြုမည်ဆိုပါက အစိုးရက မျက်ဖြူစိုက်လေ ဆရာကြိုက်လေဟု တပ်မတော်သားလွှတ်တေ်ာကိုယ်စားလှယ် ဗိုလ်မှူးချုပ်ဝင်းမိုးက ထောက်ပြပြောဆိုလိုက်သည်။
ဇွန်လ ၁ ရက်က ကျင်းပပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဥက္ကဌအား တာဝန်မှ ရုတ်သိမ်းရေးအဆို ကိုဆွေးနွေးရာတွင် ဗိုလ်မှူးချုပ်ဝင်းမိုးက ထိုသို့ ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။
“လွှတ်တော်မှာ အသံထွက်ဖို့ ပြည်သူ့ အသံကို ထင်ဟပ်ဖို့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ တာဝန် ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်စားလှယ်တွေ က အသံထွက်ချင်တာကို လွှတ်တော်ဥက္ကဌ က အစိုးရ အပေါ် အကြပ်အတည်း မတွေ့အောင်ဆိုတဲ့ ဖိအားနဲ့ ဖုံးဖိထားမယ်ဆိုရင် မျက်ကွယ်ပြုနေမယ် ဆိုရင် အစိုးရ ကတော့ မျက်ဖြူစိုက်လေ ဆရာ ကြိုက်လေ ဖြစ်မှာပါ။ ပြောတော့ ဒီမိုကရေစီ လုပ်တော့ ကြိုးနီလို့ပြောရမလိုဖြစ်နေပါတယ်” ဟု ဗိုလ်မှူးချုပ် ဝင်းမိုးကပြောသည်။
၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၅ ရက်က ကိုယ်စားလှယ် ဒေါက်တာမောင်သင်း မှ လျှပ်စစ်ဓာတ်အကြား တိုးမြှင့်ကောက်ခံခြင်းသည် ပြည်သူများစားဝတ်နေရေးနှင့် အထွေထွေ ကုန်စျေးနှုန်း ကြီးမြင့်မှုကြောင့် ပြည်သူများ၏ နေ့စဉ် ဘဝတွင် စိတ်သောက ဖိစီးမှုများကို ဖြစ်ပေါ်နိုင်သည့်အတွက် နိုင်ငံတော်အစိုးရမှ လျှပ်စစ်ဓာတ်အား တိုးမြှင့်ကောက်ခံခြင်းအား ဆိုင်းငံ့ပေးရန်အဆိုကို တင်သွင်းခဲ့ရာ လွှတ်တော်ဥက္ကဌက ခွင့်ပြုခဲ့ခြင်းမရှိကြောင်း သိရသည်။
ထိုသို့ ခွင့်မပြုခဲ့ခြင်းသည် ပြည်သူများအတွက် နစ်နာရသည်ဟု ယူဆကြောင်းလည်း ဗိုလ်မှူးချုပ်ဝင်းမိုး ကထောက်ပြပြောဆိုခဲ့သည်။
ထို့အတူ ကိုယ်စားလှယ် ဦးသောင်းအေး တင်သွင်းခဲ့သည့် လက်နက်ကိုင်သောင်းကျန်း သူများက ဥပဒေမဲ့၊ မင်းမဲ့ စရိုက်ဆန်ဆန် ဖမ်းဆီး စစ်ဆေးသတ်ဖြတ်ခြင်းများကြုံတွေ့နေရခြင်းကြောင့် ပြည်သူလူထု အသကိအိုးအိမ် စည်းစိမ် များပျက်စီးဆုံးရှုံးပြီး လုံခြံုမှုကင်းဝေးပြီးဖြစ်နေခြင်း အပေါ် ထိရောက်လျင်မြန်စွာ ထိန်းသိမ်းကာကွယ်ပေးနိုင်ရန် နိုင်ငံတော်အစိုးရအားတိုက်တွန်းကြောင်း အရေးကြီး အဆိုတစ်ရပ်ကို တင်သွင်းခဲ့ပေမဲ့ လွှတ်တော်ဥက္ကဌ ခွင့်ပြုခဲ့ခြင်းမရှိခြင်းသည် တည်ငြိမ်အေးချမ်းရေး တရားဥပဒေစိုးမိုးရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် မျက်ကွယ်ပြုရာရောက်နေကြောင်း ထောက်ပြပြောဆိုခဲ့သည်။
“အမျိုးသားလွှတ်တော် ဦးဝှေ့တင်း ဖမ်းဆီးခံရမှုကို လွှတ်တော် က အရေးတယူဆောင်ရွက်ခဲ့သလို တပ်မတော်ရဲ့ တပ်ဖွဲ့ ဌာန ဆိုင်ရာ ဝန်ထမ်းများ မှီခိုသူမိသားစုဝင်များ အပြစ်မဲ့ ပြည်သူများ မင်းမဲ့ စရိုက်ဆန်ဆန် ဖမ်းဆီး သတ်ဖြတ်ခံရတာ ပြည်ထောင်စုလမ်းမကြိးပေါ်မှာ အကြမ်းဖက်သူများရဲ့ မင်းမဲ့စရိုက်ဆန်ဆန် လုပ်ဆောင်မှုတွေကို မည်သို့ မည်ဖုံ ထိန်းကျောင်းဆောင်ရွက်ပြီး တိုင်းပြည်နှင့် လူမျိုးအကျိုးစီးပွား ဆောင်ရွက်သင့်တာကို လွှတ်တော် ဥက္ကဌ လျစ်လျူရှု့ခဲ့တာတွေ ဟာ တည်ငြိမ်အေးချမ်းရေး တရားဥပဒေ စိုးမိုးရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် မျက်ကွယ်ပြုရာရောက် နေပါတယ်”ဟု ဗိုလ်မှူးချုပ်ဝင်းမိုးကထောက်ပြပြောဆိုခဲ့သည်။
ထို့သို့ အဆိုများအား လက်ခံဆွေးနွေးခွင့်မပြုခြင်းသည် ကိုယ်စားလှယ်များအပေါ်မှာ ခွဲခြားလုပ်ဆောင်ရာ မမျှမတဆောင်ရွက်ရာ စိတ်ဝမ်း ကွဲပြားမှု ဖြစ်ပေါ်စေခြင်း စသည့် မရိုးသားသည့် ဆောင်ရွက်မှုများ ဟု ယူဆရသည့် အပြင် လွှတ်တော်ဥက္ကဌအပေါ် လည်း တစ်စုံတစ်ရာသည် ဖိအားများရှိသည်ဟု ယူဆကြောင်း လည်း ထောက်ပြပြောဆိုခဲ့သည်။
ထို့ကြောင့် ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၂၁ မှာရှိသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပါပြဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်းအပြင် ဥပဒေအရ ဆောင်ရွက်နိုင်သည်များကို မဆောင်ရွက်နိုင် မထမ်းဆောင်ခဲ့သည့် အချက်များနှင့် ကိုက်ညီကြောင်းတွေ့ရှိရသည့် အတွက် ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၁၅ အရ ၎င်းအားလွှတ်တော်ဥက္ကဌ အဖြစ်တာဝန်မှ ရုတ်သိမ်းပေးရန် အဆိုကိုထောက်ခံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ်အား လွှတ်တော်ဥက္ကဌ တာဝန်မှ ရုတ်သိမ်းပေးရန် မိုင်းပျဉ်းမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးစိုးထွန်းစိန် က မေလ ၂၈ ရက်ကကျင်းပပြုလုပ်ခဲ့သည့် လွှတ်တေ်ာအစည်းအဝေးတွင် အရေးကြီး အဆိုတင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယဉ်ကေနွယ်

No comments:

Post a Comment

My Blog List