Monday, June 01, 2020

ကျပ်သိန်းတစ်သောင်းခွဲဆုကို စစ်တွေမြို့မှ တတိယတန်းကျောင်းသူလေးဆွတ်ခူး

(၁၆)ကြိမ်မြောက် ကျပ်တစ်ထောင်တန် အောင်ဘာလေထီ ကျပ်သိန်းတစ်သောင်းခွဲဆုကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရွာကြီးတောင်ရပ်ကွက်မှာနေတဲ့ တတိယတန်းကျောင်းသူလေးကဆွတ်ခူးခဲ့ပါတယ်။ ကံထူးရှင် သမီးငယ်ဟာ ဦးအောင်ဆန်းဝင်းနဲ့ ဒေါ်မေကြီးဖြူတို့ရဲ့ သမီး မကြည်ဖြူစင်သိန်းဖြစ်ပြီး (ဃ-၃၁၃၁၀၂)နံပါတ်နဲ့ ကျပ်သိန်းတစ်သောင်းခွဲဆုကိုဆွတ်ခူးခဲ့တာပါ။
ထီပေါက်တဲ့ငွေတွေကို ကလေးတွေရှေ့ရေးအတွက် စုဆောင်းပေးသွားမှာဖြစ်ပြီး တိုက်ပွဲရှောင်တွေနဲ့ ဒုက္ခရောက် နေသူတွေကိုလည်း လှူဒါန်းသွားမယ်လို့ သမီးငယ်ရဲ့ဖခင် ဦးအောင်ဆန်းဝင်းကပြောပါတယ်။ လစဉ်ကလေး နှစ်ယောက်နာမည်နဲ့ ထီထိုးပေးနေတာဖြစ်ပြီး ငါးစောင်တွဲမင်္ဂလာစုံတွဲကနေပေါက်ခဲ့တာပါ။ အဲဒီထီလက်မှတ်ကို မေ(၁၆)ရက်ကထိုးခဲ့တာဖြစ်ပြီး ထီအရောင်းကိုယ်စားလှယ်ရွေးပေးတဲ့ နံပါတ်ကိုထိုးခဲ့တာလို့ဆိုပါတယ်။ အဲဒီကံထူးရှင်သမီးငယ်ဟာ ရခိုင်ပြည်နယ်အတွင်း သိန်းတစ်သောင်းခွဲဆုပေါက်တဲ့ ပထမဆုံးကံထူးရှင်လည်း ဖြစ်ပါတယ်။ (၂၀၁၇)ခုနှစ်၊ ဧပြီ(၁)ရက်က ပထမဆုံးအကြိမ်ဖွင့်လှစ်တဲ့ အောင်ဘာလေထီ ကျပ်သိန်းတစ်သောင်း ဆုကိုတော့ ကျောက်ဖြူမြို့ကဆွတ်ခူးခဲ့တာပါ။

No comments:

Post a Comment

My Blog List