Thursday, June 04, 2020

တက္ကသိုလ်ဝင်တန်း သင်ရိုးလျော့ချမှုနှင့် သင်ကြားမှုပုံစံ ပြောင်းလဲရန်န် ပြင်ဆင်နေ

Covid-19 ကြောင့် (၂၀၂၀- ၂၀၂၁) ပညာသင်နှစ်မှာ ကျောင်းတက်ချိန်တွေ လျော့နည်းမှာ ဖြစ်တဲ့အတွက် တက္ကသိုလ်ဝင်တန်း သင်ရိုးညွှန်းတန်းတွေ လျှော့ချတာနဲ့အတူ သင်ကြားမှုပုံစံကိုလည်း ပြောင်းလဲသွားမှာ ဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။
သင်ရိုးလျှော့ချတာနဲ့ပတ်သက်လို့ အသေးစိတ်ညှိနှိုင်းတာတွေပြုလုပ်နေပြီး ဇွန်လနောက်ဆုံးပတ်ထဲမှာ ထုတ်ပြန် အသိပေးသွားမှာ ဖြစ်တယ်လို့လည်း ဒေါက်တာ တင်မောင်ဝင်းက ပြောပါတယ်။
“လျှော့ချမယ်ဆိုတာ မပြီးသေးဘူးဗျ။ အစည်းအဝေးလုပ်ဖို့ ပြင်ဆင်နေတယ်။ မလျှော့လို့တော့ မရဘူး၊ လျှော့ရမှာပါ” လို့ ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။
သင်ရိုးအတွက်ကို သင်းရိုးအဖွဲ့ ၊ သင်ရိုးဥက္ကဋ္ဌတွေ နဲ့ ညှိနှိုင်းဖို့ရှိနေပြီး National Education Policy Commission နဲ့ National Curriculum Committee တို့က ဦးဆောင် ဆုံးဖြတ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ သင်ကြားမှုပုံစံကိုတော့ ကျောင်းသား အခြေပြုစနစ်နဲ့ စီစဉ်ထားပေမယ့် အခုကာလ အနေအထားကြောင့် အဲစနစ်နဲ့ သင်ကြားလို့ မရနိုင်ဘူးလို့ ဆိုပါတယ်။ အဲဒီအတွက် သင်ယူမှုပုံစံတွေနဲ့ သင်ကြားမှုပုံစံတွေကို ပြောင်းလဲသွားမယ်လို့ ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။
အခြေခံပညာကျောင်းတွေကို ပုံမှန်ဇွန်လမှာဖွင့်လှစ်ခဲ့ပေမယ့် အခုနှစ်မှာတော့ COVID-19 ရောဂါကြောင့် အဆင့်လိုက်ခွဲပြီး ဖွင့်လှစ်ဖို့ ပြင်ဆင်နေပြီး အခြေခံပညာအထက်တန်းအဆင့်တွေကို ဇူလိုင်(၂၁)ရက်မှာ ဖွင့်လှစ်မှာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
သတင်း- ကျော်ကျော်လတ်

No comments:

Post a Comment

My Blog List