Wednesday, June 03, 2020

လူမှုကွန်ယက်တွင်သံဃာကို ဆဲဆိုပုတ်ခတ်သူကို ထောင် ၁ နှစ် ၉ လချ

လူမှုကွန်ယက်မှာ သံဃာတွေကို ဆဲဆိုပုတ်ခတ်လို့ဆိုပြီး တရားစွဲခံရတဲ့ Kyaw Win Thant ဖေ့ဘုတ်အကောင့်ပိုင်ရှင်ဆရာဝန်ကို မေ ၂ ရက်က ထောင် တစ်နှစ်ကိုးလ အမိန့်ချလိုက်ပါတယ်။
ပြီးခဲ့တဲ့ မေလက လူမှုကွန်ယက်စာမျက်နှာမှာ Sex Education ကိစ္စနဲ့ပတ်သက်ပြီး အကောင့်ပိုင်ရှင်က ဝေဖန်ရေးသားတဲ့အခါ သံဃာတော်တွေကို ဆဲဆိုတဲ့အသုံးအနှုန်းနဲ့ ဘာသာရေး ထိခိုက်စေမယ့် အသုံးအနှုန်းတွေ သုံးခဲ့တယ်ဆိုပြီး အမှုဖွင့်တိုင်တန်းမှုဖြစ်ခဲ့ပါတယ်။
သူ့ကို စတင်တရားစွဲတင်တဲ့ ဇွန် ၂ ရက်မှာပဲ တရားလိုပြသက်သေငါးဦးကိုစစ်ဆေးပြီးတဲ့အခါ အပြစ်ရှိကြောင်း ဝန်ခံတဲ့အတွက် နေ့ချင်းအမိန့်ချလိုက်တာဖြစ်တယ်လို့ ချမ်းအေးသာစံမြို့နယ်တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဦးကျော်မျိုးဝင်းက ပြောပါတယ်။
အကောင့်ပိုင်ရှင်ဟာ မေ ၁၉ ရက်က မိတ္ထီလာမြို့နယ် သံဃာ့နာယကဥက္ကဌဆရာတော်တွေဆီ သွားရောက်တောင်းပန်ခဲ့ပေမယ့် မြို့နေပြည်သူအများစုက ကျေနပ်မှုမရှိဘဲ ရုန်းရင်းဆန်ခတ်နဲ့ လူစုလူဝေးဖြစ်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ကနေ လာရောက်ခေါ်ဆောင်သွားပြီး အခုလိုအရေးယူမှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
မန္တလေးခရိုင် သာသနာရေးဦးစီးမှူးက တရားလိုပြုလုပ်တိုင်တန်းခဲ့ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၉၄(ခ) နဲ့၂၉၅ - က နဲ့ အမှုဖွင့် အရေးယူခဲ့တာလို့ ချမ်းအေးသာစံမြို့နယ်တရားရုံးက သိရပါတယ်။
သတင်း-ဏေဏီ

No comments:

Post a Comment

My Blog List