Tuesday, June 02, 2020

ဗိုလ်တထောင်စေတီတော်ဘက်စုံပြုပြင်ရေးလုပ်ငန်းများ ဝန်ကြီးဌာနခွင့်ပြုချက်ဖြင့် ပြန်လည်ဆောင်ရွက်

ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီးရဲ့ ဘက်စုံပြုပြင်ရေး လုပ်ငန်းတွေကို ခေတ္တရပ်နားထားရာကနေ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ ပြန်လည်စတင်ဆောင်ရွက် နေတယ်လို့ အလှည့်ကျဂေါပကအဖွဲ့ဝင်၊ ဘက်စုံပြုပြင်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးမျိုးမြင့်က ပြောပါတယ်။
“ အာရုံခံတန်ဆောင်းနဲ့ ရင်ပြင်တော်ပြင်ဆင်တာကြတော့ ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ သဘောထား ပြန်ကြား ချက်နဲ့လိုတယ်။ အဲဒီအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တစ်ဆင့် ယဉ်ကျေးမှုဝန်ကြီးဌာနကို တင်ပြပေးခဲ့ တာပါ” လို့ ဦးမျိုးမြင့်က ပြောပါ တယ်။
လက်ရှိမှာ စေတီတော်ရင်ပြင်ပြုပြင်တာ၊ အစ်မတော်မြနန်းနွယ်အဆောင်ပြုပြင်တာနဲ့ အာရုဏ်ခံ တန်ဆောင်း သုံးခုကို ပြုပြင်တည်ဆောက်တာတွေပြုလုပ်နေတာပါ။ ပြုပြင် ရေးလုပ်ငန်းတွေကို ဆောင်ရွက်ရာမှာလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေနဲ့အညီ ဆောင်ရွက်နေတာြဖစ် တယ်လို့ ဦးမျိုးမြင့်က ပြောပါတယ်။
“ ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်အတိုင်း လက်ဆေးစင်နဲ့ ဆပ်ပြာတွေထား ထားပါတယ်။ မဖြစ်မနေ နှာခေါင်း စည်းရမယ်။ ဆောင်လုပ်ရေး လုပ်ငန်းခွင်ဖြစ်လို့ ဆောင်လုပ်ရေး ဦးထုပ်ဆောင်းတာတွေလည်း လုပ်ထားတယ်။ ၆ ပေအကွာဆိုတော့ တစ်ခါတစ်ရံ ကပ်သွားတာတွေရှိပေမယ့် မျက်နှာအကာနဲ့ နှာခေါင်းစည်းတွေ တပ်ဆင်ထား ပါတယ်” လို့ ဦးမျိုးမြင့်ကဆိုပါတယ်။
COVID-19 ထိန်းချုပ်ကာလကို ဇွန်(၁၅)ရက်အထိ တိုးမြှင့်သတ်မှတ်ထားတဲ့အတွက် ရန်ကုန်မြို့က စေတီပုထိုး တွေ ဖူးမြော်ခွင့်ကိုလည်း ဆက်လက်ပိတ်ထားပါတယ်။ ကိုဗစ်ရောဂါကို ထိန်းချုပ်နိုင်တဲ့ အချိန်ရောက်ရင် စေတီပုထိုးတွေကို ပြန်ဖွင့်ပေး စေချင်တယ်လို့ ဘုရားဖူးပြည်သူတစ်ဦးဖြစ်တဲ့ ဦးစိုင်းသူရက ပြောပါတယ်။ ဗိုလ်တထောင်စေတီတော်ကြီးရဲ့ ဘက်စုံပြုပြင်ရေးလုပ်ငန်းတွေကို ကိုဗစ်ကာလမှာ ခေတ္တရပ်နားထားရာကနေ မေ(၁၉)ရက်က ပြန်လည်စတင်ခဲ့တာပါ။
သတင်း-ဝေယံထက်ဝင်း၊ ငြိမ်းချမ်း

No comments:

Post a Comment

My Blog List