Wednesday, June 03, 2020

ပုဏ္ဏားကျွန်းတွင် မိုင်းခွဲတိုက်ခိုက်ခံရကြောင့် လုံခြုံရေးတပ်ဖွဲ့တချို့ ကျဆုံး၊ ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့အဝင် ကင်းချောင်းတံတားအနီး၌ ဇွန် ၂ ရက် နံနက်ပိုင်းတွင် AA က လုံခြုံရေးတပ်ဖွဲ့ဝင်များကို ရီမုမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့သည့်အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ပါ ကျဆုံးဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။
ရန်ကုန်-စစ်တွေ ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ စစ်တွေ-ပုဏ္ဏားကျွန်းလမ်းပိုင်း လုံခြုံရေးဆောင်ရွက် လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပုဏ္ဏားကျွန်းမြို့အဝင် ကင်းချောင်းတံတားအနီး သို့ အရောက် AA က ရီမုမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့ကြောင်း၊ ထိုသို့ဖောက်ခွဲတိုက်ခိုက်စဉ် ပုဏ္ဏားကျွန်းမြို့ဘက်မှ စစ်တွေမြို့ဘက်သို့ ဆိုင်ကယ်စီးနင်းလာသော ဇော်မင်းဦး ၃၅ နှစ်မှာ မိုင်းစထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ဝင်းနိုင်စိုး ၄၇ နှစ်မှာ မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရခိုင်တပ်တော် AA ဘက်ကမူ အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ဓာတ်ပုံ- မိုင်းခွဲတိုက်ခိုက်ခံရသော ကင်းချောင်းတံတားအနီး မြင်ကွင်း။ Photo Credit - CINCDS

No comments:

Post a Comment

My Blog List