Tuesday, June 02, 2020

Sex Education နှင့် ပတ်သက်၍ ဥပဒေပိုင်းဆိုင်ရာတွေ အဆင်သင့်ဖြစ်နေပြီလားဟု တပ်ကိုယ်စားလှယ်မေးခွန်းထုတ်


အခြေခံပညာ ဒသမတန်းတွင် သင်ကြားမည့် Sex Education နှင့် ပတ်သက်လို့ အခြားနိုင်ငံများတွင် Sex and Relation Education Guidance နှင့် ပတ်သက်သည့် ဥပဒေတွေရှိပြီး မြန်မာနိုင်ငံမှာရော ဥပဒေ ပိုင်းဆိုင်ရာတွေ အဆင်သင့်ဖြစ်နေပြီလားဟု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီး သိမ့်ဂီၤထွေးအောင် မေးခွန်းထုတ်ကာ တင်ပြခဲ့ခြင်း ဖြစ်သည်။
ဇွန်လ ၁ ရက်ကကျင်းပပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဥက္ကဌ အား တာဝန်မှ ရုတ်သိမ်းရေးအဆို ကိုဆွေးနွေးရာတွင် ဗိုလ်ကြီးသိမ့်သိဂီၤထွေးအောင်က ထိုသို့ ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။


ထို့ အတူ သင်ကြားသင်ယူမှုပုံစံအတွက်ကော မည်သို့ စီမံထားသနည်း၊ ၎င်း သင်ခန်းစာကို သင်ကြားမည့် ဆရာ/ဆရာမများ အနေနဲ့ ရော အဆိုပါ သင်ခန်းစာများအတွက် Professional ဖြစ်ကြရဲ့လား၊ ရလဒ်ကိုလည်း မည်သို့ တိုင်းတာမည်နည်း ဟုလည်းထောက်ပြပြောဆိုခဲ့သည်။

ထို့ပြင် Sex Education ကို ကမ္ဘာ့နိုင်ငံများစွာတွင် ကျောင်းသူကျောင်းသားများကို ရည်ရွယ်ချက် မျိုးစုံဖြင့် သင်ကြားပေးနေကြောင်းတွေ့ရှိရပြီး နိုင်ငံအချို့တွင် HIV ကူးစက်မှုနှုန်း စသည့် ဆိုင်ရာ သုတေသနပြုချက်တွေအရ စဉ်းစားကြတာဖြစ်ပြီး မိမိတို့ နိုင်ငံမှာရော Sex Education ပေးဖို့ အတွက် သုတေသန လုပ်ထားတာရှိပါသလားဟုလည်း မေးခွန်းထုတ်ကာ ထောက်ပြပြောဆိုခဲ့သည်။

ကမ္ဘာနှင့် ယှဉ်ထိုးထားသည့်် သင်ခန်းစာအချို့သည် မြန်မာဓလေ့၊ မြန်မာယဉ်ကျေးမှုနှင့် မအပ်စပ်သည့် အခါ မူလရည်မှန်းချက်၊ ရည်ရွယ်ချက်လမ်းကြောင်းပေါ် သွေဖယ်ကာ လမ်းမှားရောက်သွားမည်ကို စိုးရိမ်ပူပန်မိကြောင်း ဗိုလ်ကြီးသိမ့်သိဂီၤထွေးအောင်ကပြောကြားခဲ့သည်။

“ မြန်မာ့ဓလေ့နဲ့ မကိုက်ညီတာတွေကို အတင်းအဓမ္မသွတ်သွင်းလိုတဲ့ ဆန္ဒတွေပြင်းပြနေရင်တော့ ကမ္ဘာ့ဓလေ့ကိုပျော်မွေ့ကြသူတွေပဲ အဲ့ဒီကမ္ဘာမှာရွှေ့ပြောင်းနေထိုင်တာ ပဲကောင်းမယ်လို့ အကြံပြုလိုပါတယ်”ဟု ၎င်းကပြောကြားခဲ့သည်။

ထို့ကြောင့် မေလ ၂၀ ရက်က ဒေါက်တာမောင်သင်းတင်သွင်းခဲ့သည့် ဘဝတွက်တာကျွမ်းကျင်စရာဘာသာရပ်ပါ အချက်အချို့ကို ပြန်လည်သုံးသပ်ဖို့ အစိုးရအားတိုက်တွန်းကြောင်း အရေးကြီးအဆိုအား လွှတ်တော်ဥက္ကဌမှ ခွင့်မပြုခဲ့ခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒပါပြဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်းနှင့် ဥပဒေအရ ပေးအပ်ထားသည့် တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်း အချက်နှင့်ငြိစွန်းသည့် အတွက် တာဝန်မှ ရုတ်သိမ်းပေးရန် အဆိုအား ထောက်ခံဆွေးနွေးခြင်းဖြစ်ကြောင်း ဗိုလ်ကြီး သိမ့်သိဂီၤထွေးအောင် ကပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဌအား တာဝန်မှ ရုတ်သိမ်းခြင်းအရေးကြီးအဆိုကို မေလ ၂၈ ရက်က မိုင်းပျဉ်းမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က တင်သွင်းခဲ့ပြီး ဇွန်လ ၁ ရက်ကကျင်းပပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ပြီး လွှတ်တော်၏ အဆုံးအဖြတ်ကို စက်ခလုတ်နှိပ်ပြီးရယူရာ ထောက်ခံဆန္ဒမဲသည် ၃ ပုံ ၂ ပုံ မကျော်သည့်အတွက် အဆိုအား ဆောင်ရွက်ခြင်းမပြုရန် ဒုတိယဥက္ကဌ ဦးထွန်းထွန်းဟိန် ကကြေညာခဲ့သည်။

ယဉ်ကေနွယ်
(zawgyi)

Sex Education နှင့် ပတ်သက်၍ ဥပဒေပိုင်းဆိုင်ရာတွေ အဆင်သင့်ဖြစ်နေပြီလားဟု တပ်ကိုယ်စားလှယ်မေးခွန်းထုတ်

အခြေခံပညာ ဒသမတန်းတွင် သင်ကြားမည့် Sex Education နှင့် ပတ်သက်လို့ အခြားနိုင်ငံများတွင် Sex and Relation Education Guidance နှင့် ပတ်သက်သည့် ဥပဒေတွေရှိပြီး မြန်မာနိုင်ငံမှာရော ဥပဒေ ပိုင်းဆိုင်ရာတွေ အဆင်သင့်ဖြစ်နေပြီလားဟု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီး သိမ့်ဂီင်္ထွေးအောင် မေးခွန်းထုတ်ကာ တင်ပြခဲ့ခြင်း ဖြစ်သည်။

ဇွန်လ ၁ ရက်ကကျင်းပပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဥက္ကဌ အား တာဝန်မှ ရုတ်သိမ်းရေးအဆို ကိုဆွေးနွေးရာတွင် ဗိုလ်ကြီးသိမ့်သိဂီင်္ထွေးအောင်က ထိုသို့ ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။

“အမေရိကန်ရဲ့ Real Education For Youth`s Health Act of Sex Education နဲ့ ပတ်သက်လို့ ပြဌာန်းချက်တွေ ပါရှိသလို ၊အင်္ဂလန်မှာလည်း Sex and Relation Education Guidance နဲ့ ဥပဒေ တွေရှိပါတယ်။ Curriculum တွေကို မကြိုက်ဘူး။ မိမိကလေးကို ဒါတွေ မသင်စေချင်ဘူးဆိုရင် par ent`s Right အရ ငြင်းပယ်ခွင့် ပြဌာန်းပါရှိပါတယ်။ ကျွန်မတို့ နိုင်ငံမှာရော Sex Education ပတ်သက်လို့ ဥပဒေပိုင်းဆိုင်ရာေတွေ အဆင်သင့်ဖြစ်နေပြီလား ။ ထည့်သွင်းမယ့် Curriculum နဲ့ Curriculum Review လုပ်ဖို့ ဘယ်လို စီမံထားလဲ”ဟု ဗိုလ်ကြီး သိမ်သိဂီင်္ထွေးအောင်က ပြောဆိုလိုက်သည်။

ထို့ အတူ သင်ကြားသင်ယူမှုပုံစံအတွက်ကော မည်သို့ စီမံထားသနည်း၊ ၎င်း သင်ခန်းစာကို သင်ကြားမည့် ဆရာ/ဆရာမများ အနေနဲ့ ရော အဆိုပါ သင်ခန်းစာများအတွက် Professional ဖြစ်ကြရဲ့လား၊ ရလဒ်ကိုလည်း မည်သို့ တိုင်းတာမည်နည်း ဟုလည်းထောက်ပြပြောဆိုခဲ့သည်။

ထို့ပြင် Sex Education ကို ကမ္ဘာ့နိုင်ငံများစွာတွင် ကျောင်းသူကျောင်းသားများကို ရည်ရွယ်ချက် မျိုးစုံဖြင့် သင်ကြားပေးနေကြောင်းတွေ့ရှိရပြီး နိုင်ငံအချို့တွင် HIV ကူးစက်မှုနှုန်း စသည့် ဆိုင်ရာ သုတေသနပြုချက်တွေအရ စဉ်းစားကြတာဖြစ်ပြီး မိမိတို့ နိုင်ငံမှာရော Sex Education ပေးဖို့ အတွက် သုတေသန လုပ်ထားတာရှိပါသလားဟုလည်း မေးခွန်းထုတ်ကာ ထောက်ပြပြောဆိုခဲ့သည်။

ကမ္ဘာနှင့် ယှဉ်ထိုးထားသည့်် သင်ခန်းစာအချို့သည် မြန်မာဓလေ့၊ မြန်မာယဉ်ကျေးမှုနှင့် မအပ်စပ်သည့် အခါ မူလရည်မှန်းချက်၊ ရည်ရွယ်ချက်လမ်းကြောင်း ပေါ် သွေဖယ်ကာ လမ်းမှားရောက်သွားမည်ကို စိုးရိမ်ပူပန်မိကြောင်း ဗိုလ်ကြီးသိမ့်သိဂီင်္ထွေးအောင်ကပြောကြားခဲ့သည်။

“ မြန်မာ့ဓလေ့နဲ့ မကိုက်ညီတာတွေကို အတင်းအဓမ္မသွတ်သွင်းလိုတဲ့ ဆန္ဒတွေပြင်းပြနေရင်တော့ ကမ္ဘာ့ဓလေ့ကိုပျော်မွေ့ကြသူတွေပဲ အဲ့ဒီကမ္ဘာမှာရွှေ့ပြောင်းနေထိုင်တာ ပဲကောင်းမယ်လို့ အကြံပြုလိုပါတယ်”ဟု ၎င်းကပြောကြားခဲ့သည်။

ထို့ကြောင့် မေလ ၂၀ ရက်က ဒေါက်တာမောင်သင်းတင်သွင်းခဲ့သည့် ဘဝတွက်တာကျွမ်းကျင်စရာဘာသာရပ်ပါ အချက်အချို့ကို ပြန်လည်သုံးသပ်ဖို့ အစိုးရအားတိုက်တွန်းကြောင်း အရေးကြီးအဆိုအား လွှတ်တော်ဥက္ကဌမှ ခွင့်မပြုခဲ့ခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒပါပြဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်းနှင့် ဥပဒေအရ ပေးအပ်ထားသည့် တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်း အချက်နှင့်ငြိစွန်းသည့် အတွက် တာဝန်မှ ရုတ်သိမ်းပေးရန် အဆိုအား ထောက်ခံဆွေးနွေးခြင်းဖြစ်ကြောင်း ဗိုလ်ကြီး သိမ့်သိဂီင်္ထွေးအောင် ကပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဌအား တာဝန်မှ ရုတ်သိမ်းခြင်းအရေးကြီးအဆိုကို မေလ ၂၈ ရက်က မိုင်းပျဉ်းမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က တင်သွင်းခဲ့ပြီး ဇွန်လ ၁ ရက်ကကျင်းပပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ပြီး လွှတ်တော်၏ အဆုံးအဖြတ်ကို စက်ခလုတ်နှိပ်ပြီး ရယူရာ ထောက်ခံဆန္ဒမဲသည် ၃ ပုံ ၂ ပုံ မကျော်သည့် အတွက် အဆိုအား ဆောင်ရွက်ခြင်း မပြုရန် ဒုတိယဥက္ကဌ ဦးထွန်းထွန်းဟိန် ကကြေညာခဲ့သည်။

ယဉ်ကေနွယ်


No comments:

Post a Comment

My Blog List