Monday, June 01, 2020

ဖေ့စ်ဘွတ်ခ်သည် တရားမျှတမှုအတွက် လူမည်းအသိုင်းအဝိုင်းနှင့်အတူ ရပ်တည်ကြောင်း ဇူကာဘက်ဆို

ပြီးခဲ့သည့် အပတ်က နာကျင်မှုအဖြစ်အပျက်များသည် လူတိုင်းကို ဂုဏ်သိက္ခာရှိရှိ၊ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရန်နှင့် လွတ်လပ်စွာ နေထိုင်နိုင်ရန် မိမိတို့တိုင်းပြည်သည် ဘယ်လောက်ဝေးဝေး သွားရဦးမည်ကို သတိပေးနေသည်ဟု ဇူကာဘတ်က သူအကောင့်တွင် ရေးသားထားသည်။
ယနေ့တွင် နေထိုင်သော အမေရိကားရှိ လူမည်းများအား အကြမ်းဖက်မှုသည် လူမျိုးရေးခွဲခြားမှုနှင့် မတရားမှု၏ ရှည်လျားသော သမိုင်းကြောင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းကို ထပ်မံ၍ သတိရစေပြီး မိမိတို့အားလုံးသည် ပြောင်းလဲမှုကိုဖန်တီးရန် တာဝန်ရှိကြောင်း ဇူကာဘက်က ရေးသားသည်။
George Black Floyd၊ Breonna Taylor၊ Ahmaud Arbery နှင့် တရားမျှတမှုအတွက် ကြိုးစားနေသူအားလုံး၏ အမည်များကို မေ့ပျောက်လိမ့်မည် မဟုတ်ဘဲ ၄င်းတို့၏ အသိုင်းအသိုင်းနှင့်အတူ မိမိတို့ ရပ်တည်သွားမည်ဟု ဆိုသည်။
ယခုကဲ့သို့ တွန်းလှန်ဆန့်ကျင်မှုများကို ကူညီရန် ဖေ့စ်ဘွတ်ခ်သည် လူမည်းများ၏ တန်းတူညီမျှမှုနှင့် လုံခြုံမှုကို ပိုမိုထောက်ပံ့ရန် လုပ်ဆောင်ဖို့ လိုအပ်သည် မိမိတို့အနေ သိရှိထားပြီးဖြစ်ကြောင်း၊ George Floyd ၏ ဖြစ်ရပ်ဗီဒီယိုကို Darnella Frazier က သူမ၏ ဖေ့စ်ဘွတ်တွင် တင်ခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း၊ သို့သော် ဖေ့စ်ဘွတ်ခ်သည် လူအများအား အန္တရာယ်ကင်းစွာ ကာကွယ်နိုင်ရန်နှင့် မိမိတို့၏ စနစ်များသည် ဘက်လိုက်မှုမဖြစ်စေရန် လုပ်ဆောင်စရာများစွာ ရှိနေသည်ဟု ဇူကာဘက်က ဆိုသည်။
ထို့အပြင် တရားမျှတမှုအတွက် တိုက်ပွဲဝင်နေသော အဖွဲ့အစည်းများသည်လည်း ရန်ပုံငွေလိုအပ်နေသည့်အတွက် ဖေ့စ်ဘွတ်ခ်သည် လူမျိုးရေးဆိုင်ရာ တရားမျှတမှုအတွက် လုပ်ဆောင်နေသော အဖွဲ့များကို ဒေါ်လာ ၁၀ သန်း ထပ်မံပေးအပ်ခဲ့ပြီး ဒေါ်လာ ၁၀ သန်းသည် တရားမျှတမှုကို မပြင်ဆင်နိုင်ဘူးဆိုတာ သိရှိထားပြီး ရေရှည် ကြိုးပမ်းအားထုတ်မှု လိုအပ်သည်ဟု ဇူကာဘက်က ဆိုသည်။
ဖေ့စ်ဘွတ်ခ်သည် လူမျိုးရေးမမျှတမှုကို ကျော်လွှားရန် လုပ်ဆောင်နေသော အဖွဲ့အစည်းများအတွက် နှစ်စဉ် ဒေါ်လာသန်း ၄၀ ရင်းနှီးမြှုပ်နှံထားသည်။
မိမိတို့သည် နိုင်ငံသား အခွင့်အရေးအကြံပေးများနှင့် မိမိတို့၏ ဝန်ထမ်းများနှင့် ပူးပေါင်းပြီး တရားမျှတမှုအတွက် အထိရောက်ဆုံး အသုံးချနိုင်မည့် ဒေသတွင်းနှင့် နိုင်ငံအဆင့်အဖွဲ့အစည်းများအား ဖော်ဆောင်သွားမည်ဟု ဆိုသည်။
တိုင်းပြည်တစ်ခု အနေဖြင့် ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းများကို နားလည်နိုင်ရန်နှင့် တရားမျှတမှုရရှိစေရန်၊
လက်ရှိ မိမိတို့၏ စိတ်မကောင်းဖြစ်နေကြသော မိသားစုများနှင့် လူမှုအသိုင်းအဝိုင်းများအတွက် သာမကဘဲ မညီမျှဖြစ်နေသည့် ဝန်ထုပ်ဝန်ပိုးကို ထမ်းဆောင်နေသူ အားလုံးအား နားလည်နိုင်ရန် အတူတကွစုစည်းနိုင်လိမ့်မည်ဟု မိမိတို့ မျှော်လင့်ပါကြောင်း သူ၏ ဖေ့စ်ဘွတ်စာမျက်နှာမှ တစ်ဆင့် ရေးသားထားသည်။
AS
Ref; Mark Zuckerberg FB

No comments:

Post a Comment

My Blog List