Monday, June 01, 2020

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပြန်လည်ဖွင့်လှစ်

ဇွန်လတစ်ရက်နေ့မှစတင်ပြီး စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တွေကို ပြန်လည်ဖွင့်ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ ဆိုင်တွေကို ညကိုးနာရီအထိ ဖွင့်ခွင့်ပြုထားတာဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်မယ့်ဆိုင်တွေကို ဆိုင်အဝင်ဝတွေမှာ လက်ဆေးကန်တွေထားရှိရမှာဖြစ်ပြီး လာရောက်သူတိုင်းကို ကိုယ်အပူချိန်တိုင်းရန်။ ဆိုင်ထိုင်စားသောက်သူတွေကို တစ်ဦးနဲ့တစ်ဦးကြား အကာအရံများဆောင်ရွက်ထားရန်။ အစားအသောက်ပြင်ဆင်ရောင်းချသူတွေနဲ့ ဝန်ဆောင်မှုပေးသူတွေ မျက်နှာအကာနဲ့ mask များကာရံထားရန် ၊ဆိုင်အတွင်းအပြင်တွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ် ထိန်းချုပ်ကုသရေးဆိုင်ရာ ကျန်းမာရေးသတိပေးချက်ပိုစတာများ၊ ဆိုင်းဘုတ်များ ကပ်ထားရန် စိုက်ထူထားရန် ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့အချက်များ လိုက်နာဆောင်ရွက်ရန် ထုတ်ပြန်ထားပါတယ်။
စည်းကမ်းချက်တွေကို မလိုက်နာဘူးဆိုရင် ပထမအကြိမ်အဖြစ် ဆိုင် ၇ ရက်ပိတ်ရန် ၊ဒုတိယအကြိမ်အဖြစ် ၁၅ ရက်ပိတ်ရန်နှင့် တတိယအကြိမ်မလိုက်နာပါက ဆိုင်ကို ရက်အကန့်အသတ်မရှိပိတ်သိမ်းမှာဖြစ်ပါတယ် ။
ဓာတ်ပုံ - သက်ဝေနှင်း
The Voice
ZawGyi
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပြန်လည်ဖွင့်လှစ်
ရန်ကုန်၊ ဇွန် ၁
ဇွန်လတစ်ရက်နေ့မှစတင်ပြီး စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တွေကို ပြန်လည်ဖွင့်ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ ဆိုင်တွေကို ညကိုးနာရီအထိ ဖွင့်ခွင့်ပြုထားတာဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်မယ့်ဆိုင်တွေကို ဆိုင်အဝင်ဝတွေမှာ လက်ဆေးကန်တွေထားရှိရမှာဖြစ်ပြီး လာရောက်သူတိုင်းကို ကိုယ်အပူချိန်တိုင်းရန်။ ဆိုင်ထိုင်စားသောက်သူတွေကို တစ်ဦးနဲ့တစ်ဦးကြား အကာအရံများဆောင်ရွက်ထားရန်။ အစားအသောက်ပြင်ဆင်ရောင်းချသူတွေနဲ့ ဝန်ဆောင်မှုပေးသူတွေ မျက်နှာအကာနဲ့ mask များကာရံထားရန် ၊ဆိုင်အတွင်းအပြင်တွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ် ထိန်းချုပ်ကုသရေးဆိုင်ရာ ကျန်းမာရေးသတိပေးချက်ပိုစတာများ၊ ဆိုင်းဘုတ်များ ကပ်ထားရန် စိုက်ထူထားရန် ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့အချက်များ လိုက်နာဆောင်ရွက်ရန် ထုတ်ပြန်ထားပါတယ်။
စည်းကမ်းချက်တွေကို မလိုက်နာဘူးဆိုရင် ပထမအကြိမ်အဖြစ် ဆိုင် ၇ ရက်ပိတ်ရန် ၊ဒုတိယအကြိမ်အဖြစ် ၁၅ ရက်ပိတ်ရန်နှင့် တတိယအကြိမ်မလိုက်နာပါက ဆိုင်ကို ရက်အကန့်အသတ်မရှိပိတ်သိမ်းမှာဖြစ်ပါတယ် ။
ဓာတ်ပုံ - သက်ဝေနှင်း

No comments:

Post a Comment

My Blog List