Tuesday, June 02, 2020

လျှပ်စစ်ဝန်ထမ်းများမှ အိမ်အရောက် မီတာဖတ်မည်

ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း လျှပ်စစ်ဝန်ထမ်းများမှ ပြည်သူများနှင့်အတူ အိမ်အရောက် မီတာဖတ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ် ဓာတ်အားသုံးစွဲသူ မီးသုံးသူပြည်သူများ၏ မေလအတွက် လျှပ်စစ်ဓာတ်အားသုံးစွဲမှု ယူနစ်ဖတ်ရှု့ခြင်းများကို ဇွန်လ ၁ရက်မှ ၅ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး မြို့နယ်၊ ရပ်ကွက်များအတွင်းရှိ မီးသုံးစွဲသူ ပြည်သူများ၏ နေရာသို့ အရောက် မီတာ ဖတ်ခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ထိုသို့ မီတာဖတ်ရာတွင် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း မီတာဖတ် ဝန်ထမ်းများမှ မီးသုံးသူပြည်သူများ၏ မျက်မြင်ရှေ့မှောက် အတူတကွ မီတာဖတ်ရှု့ မှတ်တမ်းတင်ခြင်းကို ဆောင်ရွက်လျှက်ရှိကြောင်း အသိပေးကြေညာ ထားသည်။
Covid 19 ကာလအတွင်း မီတာခကောက်ခံငွေများပြားမှုမှာ မီတာဖတ်ဝန်ထမ်းများ၏ အားနည်းချက်နှင့် မီတာခယူနစ်သတ်မှတ်ချက်ကြောင့်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယအမြဲတန်းအတွင်းဝန် ဦးစိုးမြင့်က ပြောကြားထားသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ပြီးခဲ့သည့် ဧပြီလအတွင်းက အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားသုံးစွဲမှု(၁၅၀)ယူနစ်အထိကို
ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့်ပြုခဲ့သော်လည်း အဆိုပါ ယူနစ် ၁၅၀ ကင်းလွတ်ခွင့်ရရှိသည့်လသည် ယခင်လများထက် မီတာခပိုမို များပြားနေသည်ဟုဆိုကာ ပြည်သူများအကြား ဝေဖန်မှု မြင့်တက်ခဲ့သည်။
ဝေဝေဖြိုး
(zawgyi)
လျှပ်စစ်ဝန်ထမ်းများမှ အိမ်အရောက် မီတာဖတ်မည်
ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း လျှပ်စစ်ဝန်ထမ်းများမှ ပြည်သူများနှင့်အတူ အိမ်အရောက် မီတာဖတ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ် ဓာတ်အားသုံးစွဲသူ မီးသုံးသူပြည်သူများ၏ မေလအတွက် လျှပ်စစ်ဓာတ်အားသုံးစွဲမှု ယူနစ် ဖတ်ရှု့ခြင်းများကို ဇွန်လ ၁ရက်မှ ၅ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး မြို့နယ်၊ ရပ်ကွက်များအတွင်းရှိ မီးသုံးစွဲသူ ပြည်သူများ၏ နေရာသို့ အရောက် မီတာ ဖတ်ခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ထိုသို့ မီတာဖတ်ရာတွင် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း မီတာဖတ် ဝန်ထမ်းများမှ မီးသုံးသူပြည်သူများ၏ မျက်မြင်ရှေ့မှောက် အတူတကွ မီတာဖတ်ရှု့ မှတ်တမ်းတင်ခြင်းကို ဆောင်ရွက်လျှက်ရှိကြောင်း အသိပေးကြေညာ ထားသည်။
Covid 19 ကာလအတွင်း မီတာခကောက်ခံငွေများပြားမှုမှာ မီတာဖတ်ဝန်ထမ်းများ၏ အားနည်းချက်နှင့် မီတာခယူနစ်သတ်မှတ်ချက်ကြောင့်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယအမြဲတန်းအတွင်းဝန် ဦးစိုးမြင့်က ပြောကြားထားသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ပြီးခဲ့သည့် ဧပြီလအတွင်းက အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားသုံးစွဲမှု(၁၅၀)ယူနစ်အထိကို
ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့်ပြုခဲ့သော်လည်း အဆိုပါ ယူနစ် ၁၅၀ ကင်းလွတ်ခွင့်ရရှိသည့်လသည် ယခင်လများထက် မီတာခပိုမို များပြားနေသည်ဟုဆိုကာ ပြည်သူများအကြား ဝေဖန်မှု မြင့်တက်ခဲ့သည်။
ဝေဝေဖြိုး

No comments:

Post a Comment

My Blog List