Wednesday, June 03, 2020

ပဉ္စမအသုတ်အဖြစ် လုပ်ငန်း ၃၀၀ နီးပါးအား COVID-19 Fund မှ ကျပ် ရှစ်ဘီလီယံကျော် ထုတ်ချေး

ပဉ္စမအသုတ်အဖြစ် လုပ်ငန်း ၂၉၀ အား COVID-19 Fund မှ ကျပ် ၈ ဒဿမ ၇၃၃၅ ဘီလီယံကို ထုတ်ချေးသွားမည်ဖြစ်ကြောင်း COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက သတင်း ထုတ်ပြန်သည်။
ဇွန်၂ ရက်က ပြုလုပ်သည့် Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှု များအပေါ် ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေး (၅/၂၀၂၀) ဆုံးဖြတ်ချက်အရ ချေးငွေလျှောက်ထားသည့် လုပ်ငန်းများအနက် ပဉ္စမအသုတ်အဖြစ် လုပ်ငန်း (၂၉၀)ခုသို့ ခွင့်ပြုငွေပမာဏကျပ်(၈ ဒဿမ ၇၃၃၅) ဘီလီယံကို COVID-19 Fundမှချေးငွေထုတ်ယူခွင့်ပြုလိုက်ခြင်းဖြစ်သည်။
ယခု ပဉ္စမအသုတ်အဖြစ် ချေးငွေထုတ်ချေး ရာတွင် တိုင်းနှင့်ပြည်နယ် အသီးသီးရှိ ဟိုတယ် ၊ မိုတယ်၊ တည်းခိုခန်းလုပ်ငန်းများ၊ ခရီးသွားလာရေးလုပ်ငန်းများ ၊စားသောက်ကုန် လုပ်ငန်းများ၊ အထည်ချုပ်လုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ၊ ဆန်စက်လုပ်ငန်း များ ၊မွေးမြူရေးလုပ်ငန်းများ ၊ဝန်ဆောင်မှု လုပ်ငန်းများနှင့် ပညာရေးလုပ်ငန်းများ စသည့် လုပ်ငန်းများ ပါဝင်သည်။
အဆိုပါ ချေးငွေထုတ်ယူခွင့်ရရှိသူများအား ဘဏ်လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်၍ ချေးငွေထုတ်ပေးရာတွင် ဘဏ်တစ်ခုခု၌ တရားစွဲဆို ခံထားရသည့် လုပ်ငန်းဖြစ်ပါက ချေးငွေများ ထုတ်ပေးမည် မဟုတ်ပါကြောင်းနှင့် ကျန်ရှိသည့် လျှောက်လွှာများအား ချေးငွေများ ဆက်လက် ထုတ်ပေးနိုင်ရေး စိစစ်ဆောင်ရွက် လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
ယင်း လုပ်ငန်းကော်မတီသည် ပထမအကြိမ်တွင် လုပ်ငန်းပေါင်း ၈၈ ခု ၊ ဒုတိယအကြိမ်တွင် လုပ်ငန်းပေါင်း ၁၁၃ ခု ၊ တတိယအကြိမ်တွင် လုပ်ငန်းပေါင်း ၁၁၁ ခုနှင့် စတုတ္ထအကြိမ်တွင် လုပ်ငန်းပေါင်း ၄၁၇ ခုကို ထုတ်ချေးခဲ့ရာ တတိယအကြိမ်အထိ ခွင့်ပြု ထုတ်ချေးငွေ ပမာဏမှာ စုစုပေါင်း ကျပ် ၂၉ ဘီလီယံခန့် ရှိပြီဖြစ်ကြောင်းသိရသည်။
COVID 19 ကြောင့် လတ်တလော စီးပွားရေး ထိခိုက်မှု အများဆုံး ခံစားရသည့် လုပ်ငန်းကဏ္ဍ များအဖြစ် CMP လုပ်ငန်းများ ၊ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများနှင့် အသေးစား ၊အလတ်စား စီးပွားရေး လုပ်ငန်းများကို ဦးစားပေးကုစားရမည့် ကဏ္ဍအဖြစ် သတ်မှတ်ထားပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် နိုင်ငံတော်လှည့်ပတ်ရန်ပုံငွေမှ ကျပ် ၅၀ ဘီလီယံနှင့် လူမှုဖူလုံရေးရန်ပုံငွေမှ ကျပ် ၅၀ ဘီလီယံ စုစုပေါင်း ကျပ် ၁၀၀ ဘီလီယံကို ကနဦး မတည်ငွေ COVID-19 Fund အဖြစ် ထူထောင်ထားခြင်းဖြစ်သည်။
ဝေဝေဖြိုး
(zawgyi)
ပဥ္စမအသုတ်အဖြစ် လုပ်ငန်း ၃၀၀ နီးပါးအား COVID-19 Fund မှ ကျပ် ရှစ်ဘီလီယံကျော် ထုတ်ချေး
ပဥ္စမအသုတ်အဖြစ် လုပ်ငန်း ၂၉၀ အား COVID-19 Fund မှ ကျပ် ၈ ဒဿမ ၇၃၃၅ ဘီလီယံကို ထုတ်ချေးသွားမည်ဖြစ်ကြောင်း COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက သတင်း ထုတ်ပြန်သည်။
ဇွန်၂ ရက်က ပြုလုပ်သည့် Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှု များအပေါ် ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေး (၅/၂၀၂၀) ဆုံးဖြတ်ချက်အရ ချေးငွေလျှောက်ထားသည့် လုပ်ငန်းများအနက် ပဥ္စမအသုတ်အဖြစ် လုပ်ငန်း (၂၉၀)ခုသို့ ခွင့်ပြုငွေပမာဏကျပ်(၈ ဒဿမ ၇၃၃၅) ဘီလီယံကို COVID-19 Fundမှချေးငွေထုတ်ယူခွင့်ပြုလိုက်ခြင်းဖြစ်သည်။
ယခု ပဥ္စမအသုတ်အဖြစ် ချေးငွေထုတ်ချေး ရာတွင် တိုင်းနှင့်ပြည်နယ် အသီးသီးရှိ ဟိုတယ် ၊ မိုတယ်၊ တည်းခိုခန်းလုပ်ငန်းများ၊ ခရီးသွားလာရေးလုပ်ငန်းများ ၊စားသောက်ကုန် လုပ်ငန်းများ၊ အထည်ချုပ်လုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ၊ ဆန်စက်လုပ်ငန်း များ ၊မွေးမြူရေးလုပ်ငန်းများ ၊ဝန်ဆောင်မှု လုပ်ငန်းများနှင့် ပညာရေးလုပ်ငန်းများ စသည့် လုပ်ငန်းများ ပါဝင်သည်။
အဆိုပါ ချေးငွေထုတ်ယူခွင့်ရရှိသူများအား ဘဏ်လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်၍ ချေးငွေထုတ်ပေးရာတွင် ဘဏ်တစ်ခုခု၌ တရားစွဲဆို ခံထားရသည့် လုပ်ငန်းဖြစ်ပါက ချေးငွေများ ထုတ်ပေးမည် မဟုတ်ပါကြောင်းနှင့် ကျန်ရှိသည့် လျှောက်လွှာများအား ချေးငွေများ ဆက်လက် ထုတ်ပေးနိုင်ရေး စိစစ်ဆောင်ရွက် လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
ယင်း လုပ်ငန်းကော်မတီသည် ပထမအကြိမ်တွင် လုပ်ငန်းပေါင်း ၈၈ ခု ၊ ဒုတိယအကြိမ်တွင် လုပ်ငန်းပေါင်း ၁၁၃ ခု ၊ တတိယအကြိမ်တွင် လုပ်ငန်းပေါင်း ၁၁၁ ခုနှင့် စတုတ္ထအကြိမ်တွင် လုပ်ငန်းပေါင်း ၄၁၇ ခုကို ထုတ်ချေးခဲ့ရာ တတိယအကြိမ်အထိ ခွင့်ပြု ထုတ်ချေးငွေ ပမာဏမှာ စုစုပေါင်း ကျပ် ၂၉ ဘီလီယံခန့် ရှိပြီဖြစ်ကြောင်းသိရသည်။
COVID 19 ကြောင့် လတ်တလော စီးပွားရေး ထိခိုက်မှု အများဆုံး ခံစားရသည့် လုပ်ငန်းကဏ္ဍ များအဖြစ် CMP လုပ်ငန်းများ ၊ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများနှင့် အသေးစား ၊အလတ်စား စီးပွားရေး လုပ်ငန်းများကို ဦးစားပေးကုစားရမည့် ကဏ္ဍအဖြစ် သတ်မှတ်ထားပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် နိုင်ငံတော်လှည့်ပတ်ရန်ပုံငွေမှ ကျပ် ၅၀ ဘီလီယံနှင့် လူမှုဖူလုံရေးရန်ပုံငွေမှ ကျပ် ၅၀ ဘီလီယံ စုစုပေါင်း ကျပ် ၁၀၀ ဘီလီယံကို ကနဦး မတည်ငွေ COVID-19 Fund အဖြစ် ထူထောင်ထားခြင်းဖြစ်သည်။
ဝေဝေဖြိုး

No comments:

Post a Comment

My Blog List