Monday, June 01, 2020

ယခုဘဏ္ဍာနှစ်အတွက် မျှော်မှန်းထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ပြည့်မီနိုင်

လက်ရှိဘဏ္ဍာနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုုပ်နှံမှု စီးဝင်မှုမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံကျော် စီးဝင်ပြီးဖြစ်၍ နိုင်ငံခြားရင်းနှီးမြှုုပ်နှံမှု မျှော်မှန်းချက်ဖြစ်သည့် အမေရိကန်ဒေါ်လာ ၅ဒသမ ၈ဘီလီယံကို ပြည့်မီနိုင်မည်ဟု မျှော်မှန်းကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှသိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလ၁ရက်မှ မေလ ၂၂ ရက်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၇၅ ခုကို ခွင့်ပြု/အတည်ပြုပေးခဲ့ပြီး သီလဝါအထူးစီးပွားရေး ဇုန်နှင့်ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၄ဒသမ၁ဘီလီယံကျော်ဝင်ရောက်ထားပြီး ဖြစ်ကြောင်းသိရသည်။
" ကိန်းဂဏန်းအရ ခုချိန်ထိ မလျော့ကျသွားသေးတယ်ဆိုတာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို ယခင်ထဲက ပြင်ဆင်လာတဲ့ လုပ်ငန်းတွေပါတယ်။လျှပ်စစ် လုပ်ငန်းမျိုးဆိုလဲ အရင်က အရှိန်နဲ့ သွားထားတဲ့ လုပ်ငန်းမျိုးက အခုချိန်မှာ အကောင်ထည်ပေါ်လာပါတော့မယ်။ ရင်းနှီးမြှုပ်နှံမှု လုပ်တဲ့သူကတော့ ဝင်ရောက်လာဆဲ ၊ ဆွေးနွေးနေဆဲ လာမေးမြန်းနေဆဲ ဖြစ်ပါတယ်။ MIC ဘက်ကလဲ ဖြေလျော့ နိုင်တာတွေကို ထပ်ဖြေလျော့ဖို့ ရှိပြီးသား ရင်းနှီးမြှုုပ်နှံမှုတွေကို ထပ်တိုးချဲ့ဖို့ အမျိုးမျိုးဆောင်ရွက်နေတာရှိပါတယ်"ဟုရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောသည်။
Covid19 ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ လယ်ယာစိုက်ပျိုးရေးကို အခြေခံပြီး တန်ဖိုးမြှင့် ထုတ်ကုန်များထုတ်သည့် လုပ်ငန်းများ၊ ၊လုပ်သားအခြေပြု ပြည်တွင်းထုတ်ကုန်အနေနှင့်သုံး၍ရမည့် စက်မှုဇုန်တည်ဆောက်ရေး လုပ်ငန်းများကို ဦးစားပေး ဆောင် ရွက် လာခြင်းဖြစ်ကြောင်းသိရသည်။
ဝေဝေဖြိုး
(zawgyi)
ယခုဘဏ္ဍာနှစ်အတွက် မျှော်မှန်းထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ပြည့်မီနိုင်
လက်ရှိဘဏ္ဍာနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီးဝင်မှုမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံကျော် စီးဝင်ပြီးဖြစ်၍ နိုင်ငံခြား ရင်း နှီးမြှုပ်နှံမှု မျှော်မှန်းချက်ဖြစ်သည့် အမေရိကန်ဒေါ်လာ ၅ဒသမ ၈ ဘီလီယံကို ပြည့်မီနိုင်မည်ဟု မျှော်မှန်းကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှသိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ရက်မှ မေလ ၂၂ ရက်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၇၅ ခုကို ခွင့်ပြု/အတည်ပြုပေးခဲ့ပြီး သီလဝါအထူးစီးပွားရေး ဇုန်နှင့်ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံကျော် ဝင်ရောက်ထားပြီး ဖြစ်ကြောင်းသိရသည်။
" ကိန်းဂဏန်းအရ ခုချိန်ထိ မလျော့ကျသွား သေးတယ်ဆိုတာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို ယခင်ထဲက ပြင်ဆင်လာတဲ့ လုပ်ငန်းတွေပါတယ်။လျှပ်စစ် လုပ်ငန်းမျိုးဆိုလဲ အရင်က အရှိန်နဲ့ သွားထားတဲ့ လုပ်ငန်းမျိုးက အခုချိန်မှာ အကောင်ထည်ပေါ်လာပါတော့မယ်။ ရင်းနှီးမြှုပ်နှံမှု လုပ်တဲ့သူကတော့ ဝင်ရောက် လာဆဲ ၊ ဆွေးနွေးနေဆဲ လာမေးမြန်းနေဆဲ ဖြစ်ပါတယ်။ MIC ဘက်ကလဲ ဖြေလျော့ နိုင်တာတွေကို ထပ်ဖြေလျော့ဖို့ ရှိပြီးသား ရင်းနှီးမြှုပ်နှံမှုတွေကို ထပ်တိုးချဲ့ဖို့ အမျိုးမျိုးဆောင်ရွက်နေတာရှိပါတယ်"ဟုရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောသည်။
Covid19 ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ လယ်ယာစိုက်ပျိုးရေးကို အခြေခံပြီး တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်သည့် လုပ်ငန်းများ၊ ၊လုပ်သားအခြေပြု ပြည်တွင်းထုတ်ကုန်အနေနှင့် သုံး၍ရမည့် စက်မှုဇုန် တည်ဆောက်ရေး လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက် လာခြင်းဖြစ်ကြောင်းသိရသည်။
ဝေဝေဖြိုး

No comments:

Post a Comment

My Blog List