Tuesday, June 02, 2020

ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ (၆၃)သိန်းကျော် ရှိလာ

ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် လူပေါင်း(၃)သိန်း(၈)သောင်းနီးပါး သေဆုံးခဲ့ပြီဖြစ်ပါတယ်။ ကူးစက်သူစုစုပေါင်းလည်း တိုးလာပြီး ဒီကနေ့ဆိုရင် (၆၃)သိန်းကျော်လာပြီလို့ Worldometer ဝက်ဆိုက်မှာ ဖော်ပြပါတယ်။
ကမ္ဘာ့ကူးစက်မှုအများဆုံးကတော့ အမေရိကန်နိုင်ငံကဖြစ်ပြီး၊ စုစုပေါင်း ကူးစက်သူက (၁၈) သိန်းခွဲ ရှိလာပါတယ်။ တစ်ရက်တည်းနဲ့ သေဆုံးသူ (၇၃၀)ယောက် ရှိခဲ့လို့ အရင်ကနေ့တွေနဲ့နှိုင်းယှဉ်ရင် သေဆုံးတဲ့အရေအတွက်က ထောင်ဂဏန်းအောက်ကို ကျသွားခဲ့ ပါတယ်။ အခုအခါ သေဆုံးသူစုစုပေါင်း(၁)သိန်း(၇)ထောင်နီးပါးရှိခဲ့ပါတယ်။
ကမ္ဘာ့ကူးစက်မှု ဒုတိယအများဆုံးနိုင်ငံက ဘရာဇီးနိုင်ငံဖြစ်ပြီး၊ (၅)သိန်းကျော် ကူးစက်ခံထားရပါတယ်။ ဘရာဇီးမှာလည်း တစ်ရက်တည်း သေဆုံး သူ(၇၃၂)ယောက်ရှိခဲ့တဲ့အတွက် အရင်နေ့တွေထက် သေဆုံးမှုနှုန်းကျလာပါတယ်။ ဒါပေမယ့် အမေရိကန်ထက် များနေလို့ တစ်ရက်တည်း ကမ္ဘာ့သေဆုံးမှု အများဆုံး ဖြစ်လာပါတယ်။ အခုအခါမှာ ဘရာဇီးမှာ ဗိုင်းရပ်စ်ကြောင့် လူ(၃)သောင်းကျော်သေဆုံးခဲ့ပါတယ်။
ဘရာဇီးနိုင်ငံရဲ့နောက်မှာတော့ ရုရှားနဲ့စပိန်တို့ ရှိနေပြီး၊ ရုရှားမှာ ကူးစက်မှုကြောင့် သေဆုံးသူ(၅)ထောင်နီးပါး၊ ကူးစက်သူ(၄)သိန်းကျော်ရှိလာပါတယ်။ စပိန်မှာတော့ သေဆုံးသူ(၂)သောင်း(၇)ထောင်ကျော်ရှိပြီး၊ ကူးစက်သူ (၂)သိန်း(၈)သောင်းကျော် ရှိခဲ့ပါတယ်။ ဗြိတိန်နိုင်ငံကလည်း ကမ္ဘာ့ကူးစက်မှု ပဉ္စမမြောက် အများဆုံး နိုင်ငံဖြစ်နေပြီး၊ တစ်ရက်တည်နဲ့သေဆုံးသူ (၁၀၀)ကျော်ရှိခဲ့ပါတယ်။ စုစုပေါင်း သေဆုံးသူ(၄)သောင်းနီးပါးရှိပြီး၊ စုစုပေါင်း ကူးစက်သူ(၂)သိန်း(၇)သောင်းကျော်ရှိလာပါတယ်။
အိန္ဒိယနိုင်ငံကတော့ ကမ္ဘာ့ကူးစက်မှု သတ္တမမြောက်အများဆုံးနိုင်ငံ ဖြစ်လာပါတယ်။ တစ်ရက်တည်းသေ ဆုံးနှုန်းလည်း အယောက် (၂၀၀)ကျော်နဲ့ အမေရိကန်-ဘရာဇီးနိုင်ငံပြီးရင် တစ်ရက်တည်းသေဆုံးနှုန်း တတိယ အများဆုံးဖြစ်လာပါတယ်။ အခုအခါ ကူးစက်မှုကြောင့် (၅)ထောင်ကျော်သေဆုံးပြီး၊ (၂)သိန်းနီးပါး ကူးစက်ခံ ထားရပါတယ်။
Source: Worldometer

No comments:

Post a Comment

My Blog List