Wednesday, June 03, 2020

ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ (၆၅)သိန်းနီးပါးရှိလာ

ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် လူပေါင်း(၃)သိန်း(၈)သောင်းကျော် သေဆုံးခဲ့ပြီဖြစ်ပါတယ်။ ကူးစက်သူစုစုပေါင်းလည်း တိုးလာပြီး ဒီကနေ့ဆိုရင် (၆၅)သိန်းနီးပါးရှိလာပြီလို့ Worldometer ဝက်ဘ်ဆိုက်မှာ ဖော်ပြပါတယ်။
ကမ္ဘာ့ကူးစက်မှုအများဆုံးကတော့ အမေရိကန်နိုင်ငံကဖြစ်ပြီး၊ စုစုပေါင်း ကူးစက်သူ (၁၉) သိန်းနီးပါး ရှိလာပါတယ်။ တစ်ရက်တည်းနဲ့ သေဆုံးသူ (၁၁၀၀)ကျော် ရှိခဲ့လို့ မနေ့ကနဲ့နှိုင်းယှဉ်ရင် သေဆုံးသူ(၂၀၀)ကျော် ပြန်တက်လာပါတယ်။ အခုအခါ သေဆုံးသူစုစုပေါင်း(၁)သိန်း(၈)ထောင်ကျော်ရှိပါတယ်။
ကမ္ဘာ့ကူးစက်မှု ဒုတိယအများဆုံးနိုင်ငံက ဘရာဇီးနိုင်ငံဖြစ်ပြီး၊ လူ(၅)သိန်းခွဲကျော် ကူးစက်ခံထားရပါတယ်။ ဘရာဇီးမှာလည်း တစ်ရက်တည်း သေဆုံးသူ(၁၂၀၀)ကျော်ရှိခဲ့တဲ့အတွက် အမေရိကန်လိုပဲ မနေ့ကထက် သေဆုံးသူ (၄၀၀) ကျော်ပြန်တက်လာပါတယ်။
ဒါပေမယ့် အမေရိကန်ထက် များနေလို့ တစ်ရက်တည်း ကမ္ဘာ့သေဆုံးမှု အများဆုံး ဖြစ်နေပါတယ်။ အခုအခါမှာ ဘရာဇီးမှာ ဗိုင်းရပ်စ်ကြောင့် လူ(၃)သောင်းကျော် သေဆုံးခဲ့ပါတယ်။
ဘရာဇီးနိုင်ငံရဲ့နောက်မှာတော့ ရုရှားနဲ့စပိန်တို့ ရှိနေပြီး၊ ရုရှားမှာ ကူးစက်မှုကြောင့် သေဆုံးသူ(၅)ထောင်ကျော်၊ ကူးစက်သူ(၄)သိန်းကျော်ရှိလာပါတယ်။
စပိန်မှာတော့ သေဆုံးသူ(၂)သောင်း(၇)ထောင်ကျော်ရှိပြီး၊ ကူးစက်သူ (၂)သိန်း(၈)သောင်းကျော် ရှိခဲ့ပါတယ်။ ဗြိတိန်နိုင်ငံကလည်း ကမ္ဘာ့ကူးစက်မှု ပဉ္စမမြောက် အများဆုံး နိုင်ငံ ဖြစ်နေပြီး၊ တစ်ရက်တည်နဲ့သေဆုံးသူ (၃၀၀)ကျော်ရှိပါတယ်။
မနေ့ကထက် (၂၀၀)ကျော် ပိုတိုးလာတဲ့အတွက် စုစုပေါင်း သေဆုံးသူ(၄)သောင်းနီးပါးရှိခဲ့ပြီး အမေရိကန်ပြီးရင် စုစုပေါင်းသေဆုံးမှုအများဆုံး ဒုတိယနေရာကို ရောက်လာပါပြီ။
အိန္ဒိယနိုင်ငံကတော့ ကမ္ဘာ့ကူးစက်မှု သတ္တမမြောက်အများဆုံးနိုင်ငံ ဖြစ်နေပါတယ်။ တစ်ရက်တည်း သေဆုံးနှုန်းလည်း အယောက် (၂၂၁)ယောက်နဲ့ ဘရာဇီး၊အမေရိကန်၊ ဗြိတိန်၊ မက္ကဆီကိုနိုင်ငံပြီးရင် တစ်ရက်တည်း သေဆုံးနှုန်းအများဆုံး ကမ္ဘာ့အဆင့်(၅) ဖြစ်လာပါတယ်။
အခုအခါ ဗိုင်းရပ်စ်ကြောင့် လူ(၆)ထောင်နီး ပါးသေဆုံးပြီး၊ (၂)သိန်းကျော် ကူးစက်ခံထားရပါတယ်။
Source: Worldometer

No comments:

Post a Comment

My Blog List