Tuesday, June 02, 2020

AAနှင့်ARSAအဖွဲ့ပူးပေါင်းပြီးမူးယစ်ဆေးဝါးသယ်ဆောင်မှုကိုဖမ်းဆီးရမိ

AA အဖွဲ့နှင့် ဆက်စပ်ပတ်သက်သောစိတ်ကြွရူးသွပ်ဆေးပြားများ ဖော်ထုတ်ဖမ်းဆီးရမိပြီးAA နှင့် ARSA အကြမ်းဖက်အဖွဲ့များပူးပေါင်း၍ တရားမဝင် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုများ ရုပ်လုံးပေါ်လာကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဇွန်၂ရက်တွင်ထုတ်ပြန်လိုက်သည်။
မေ၃၁တွင် မောင်တောမြို့နယ်၊ ကန်သာယာကျေးရွာရှိရွှေသိန်း၏ နေအိမ်အားဝင်ရောက်ရှာဖွေရာ နေအိမ် ကားဂိုဒေါင်အတွင်းရပ်ထားသည့် FORLAND အမျိုးအစား၊ ယာဉ်အမှတ် YGN 9P-5603(ယာဉ်လိုင်စင် စိစစ်ဆဲ)ပေါ်တွင် တင်ဆောင်ထားသည့် ဆာလာအိတ် ၁၈ အိတ်အတွင်းမှ WY/R စာတန်းပါ လိမ္မော်ရောင် စိတ်ကြွ ရူးသွပ်ဆေးပြား၂,၄၃၇,၅၀၀ ပြား(၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၄၈,၇၅၀) နှင့် နေအိမ်မှ PAA-912 နံပါတ်ပါ AUSTRIAနိုင်ငံထုတ် Glockပစ္စတိုသေနတ်တစ်လက်၊ ၎င်းကျည် ၅ တောင့်၊ မြန်မာငွေကျပ် ၄၉ သိန်း၊ မော်တော် ဆိုင်ကယ်တစ်စီးနှင့် Hijetအမျိုးအစား၊ ယာဉ်အမှတ် YGN 1G-9180 မော်တော်ယာဉ်တစ်စီး (ယာဉ်လိုင်စင် စိစစ်ဆဲ)တို့အားတွေ့ရှိသိမ်းဆည်းရမိခဲ့သည်ဟုထုတ်ပြန်ထားသည်။
အဆိုပါရွှေသိန်းဆိုသူမှာ ကြိုတင်တိမ်းရှောင်သွားပြီး ၎င်း၏ဇနီးဖြစ်သူ ဒေါ်ဦးမစိန်နှင့် ဆက်စပ်သည့် သူရခိုင်အမျိုးသား ၅ ဦးတို့အားတွေ့ရှိဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ကနဦးစစ်ဆေးပေါ်ပေါက် ခဲ့သည်ဟုသိရသည်။
စစ်ဆေးချက်အရရွှေသိန်း သည် AA အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၎င်းရွာတွင် ရွာသားအသွင်နေထိုင်ကာ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းချခြင်း၊ လူသစ်စုဆောင်းခြင်းတာဝန်ခံအဖြစ်ဆောင်ရွက်ကြောင်း၊ သိမ်းဆည်းရမိသေနတ်မှာ AA အကြမ်းဖက်အဖွဲ့မှ ထုတ်ပေးထားသည့်သေနတ်ဖြစ်ကြောင်း၊ ဖမ်းဆီးရမိသူရခိုင်တိုင်းရင်းသား ၅ ဦးအနက် ၂ ဦး မှာမူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုတွင် ရွှေသိန်းနှင့်အတူကိုယ်တိုင်ပါဝင်ပတ်သက်သူဖြစ်ကြောင်းသိရသည်။
ကျန်အမျိုးသား ၃ ဦးမှာရသေ့တောင်မြို့နယ်၊ ပေါက်တောပြင်ရွာဇာတိများဖြစ်ကာ AA အဖွဲ့၏သင်တန်းတက်ရောက်ရန် ရွှေသိန်းမှ လူသစ်စုဆောင်းထားပြီး ၎င်း၏နေအိမ်တွင် ခေတ္တခေါ်ထားသူများဖြစ်ကြောင်း၊ ထိုသို့နေထိုင်စဉ် ရွှေသိန်းစေခိုင်းသည့် မူးယစ်ဆေးဝါးသယ်ဆောင်မှုကိစ္စများကိုဆောင်ရွက်ပေးရကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ သည်ဟုထုတ်ပြန်ထားသည်။
မူးယစ်ဆေးဝါးဖမ်းဆီးရမိသည့် ကန်သာယာကျေးရွာမှာ ရခိုင်တိုင်းရင်းသားများနေထိုင်ကြောင်း၊ အနီး ဝန်းကျင်ရှိကျေးရွာများမှာလည်းရခိုင်တိုင်းရင်းသားအများစုနှင့် မြိုတိုင်းရင်းသားများနေထိုင်ရာကျေးရွာများဖြစ် ကြောင်း၊ အငူမော်- မောင်တောကားလမ်းတစ်လျောက်သည် ရခိုင်တိုင်းရင်းသားကျေးရွာများဖြစ်ကြောင်း၊ AA အဖွဲ့သည် ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ်အကြား မေယုမြစ် အရှေ့ဘက်ကမ်းရှိရသေ့တောင် - ဘူးသီးတောင်ကားလမ်းနှင့် မေယုမြစ်ကြောင်းကိုထိန်းချုပ်ထားကာ ၎င်းတို့ ထိန်းချုပ်ထားသည့်နယ်မြေမှတစ်ဆင့် မူးယစ်ဆေးဝါးများကိုလူဖြင့်လည်းကောင်း၊ စက်လှေ၊ မော်တော်ယာဉ်တို့ဖြင့် လည်းကောင်းအဆင့်ဆင့်သယ်ဆောင်ကာမောင်တောမြို့ပေါ်နှင့် မောင်တောတောင်ဘက်ခြမ်းသို့ပို့ဆောင်ခဲ့ ကြောင်းသိရသည်။
မောင်တောမြို့တောင်ဘက်ခြမ်းနယ်မြေမှာ ၂၀၂၀ ပြည့်နှစ်အတွင်းမူးယစ်ဆေးဝါးဖမ်းဆီးရမိအမှုပေါင်း ၁၃ မှုနှင့် ဖမ်းဆီးရမိပမာဏမှာစိတ်ကြရူးသွပ်ဆေးပြား ၁၀,၉၅၀,၃၇၉ ပြားရှိခဲ့ကာ ဖမ်းဆီးရမိပါဝင်ပတ်သက်သူတရားခံ များမှာ ဖမ်းမိတရားခံ ၁၇ ဦး၊ ပြန်လည်ခုခံတိုက်ခိုက်သဖြင့် ပစ်ခတ်အသေဖမ်းဆီးရမိသူ ၁ ဦး နှင့် တရားခံပြေး ၆ ဦးတို့ဖြစ်ကြောင်း၊ မောင်တောမြို့မှတစ်ဆင့် မောင်တောမြောက်ဘက်ခြမ်းနယ်မြေအား ဖြတ်သန်းကာတစ်ဖက်နိုင်ငံနယ်စပ်သို့ မူးယစ်ဆေးဝါးဆက်လက်ပို့ဆောင်သူများမှာ ARSA အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်သောသူများဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဇော်ထွန်း
(zawgyi)

No comments:

Post a Comment

My Blog List