Thursday, June 04, 2020

NLD အစိုးရ လက်ထက်တွင် လဝက ဝန်ထမ်း (၁၅၀)ကျော်ကို အရေးယူထား

NLD အစိုးရလက်ထက် (၂၀၁၆)ခုနှစ် ဧပြီလကစပြီး လက်ရှိအထိ ဝန်ဆောင်မှုလျော့နည်းတာနဲ့ အဂတိလိုက်စားမှုကြောင့် ပြည်ထောင်စုအဆင့်ကနေ ခရိုင်အဆင့်အထိ လဝက ဝန်ထမ်း (၁၅၅) ဦးကို အရေးယူထားပြီးဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောပါတယ်။
ဇွန်လ(၃) ရက်ကကျင်းတဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးမှာ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းရဲ့ မေးမြန်းချက်နဲ့ ပတ်သက်ပြီး ဒေါ်မိုးမိုးစုကြည်က ဖြေကြားခဲ့တာဖြစ်ပါတယ်။
“ ပြည်တောင်စုအဆင့်မှ အရေးယူမှု (၄၄)ဦး ၊ တိုင်းဒေသကြီး ခရိုင်အဆင့်မှ အရေးအယူမှု (၁၁၁) ဦး စုစုပေါင်း (၁၅၅)ဦးကို အရေးယူထားပါတယ်” လို့ ဒေါ်မိုးမိုစုကြည်က ပြောပါတယ်။
အရေးယူမှုတွေထဲက ပြည်ထောင်စုအဆင့် အရေးယူမှုမှာ လက်ထောက်ညွှန်ကြားရေးမှုး အဆင့် သုံးဦးနဲ့ ဦးစီးအရာရှိခြောက်ဦး ပါဝင်ပြီး တိုင်းဒေသကြီးအဆင့် အရေးယူမှုတွေ ထဲမှာ အရာထမ်း (၁၃) ဦး ပါဝင်တယ်လို့လည်း ဒေါ်မိုးမိုးစုကြည်က ပြောပါတယ်။ အရေးယူဆောင်ရွက်ရာမှာ သတိပေးတာ၊ နှစ်တိုးလစာ ရပ်ဆိုင်းတာ၊ ရာထူးတိုး ရပ်ဆိုင်းတာ၊ လစာနှုန်းအတွင်း လစာလျော့တာ၊ ရာထူးလျော့တာ၊ ဆုံးရှုံးမှုတန်ဖိုးကို လျော်စေတာ၊ တာဝန်မှ ယာယီရပ်စဲတဲ့ ကာလအတွင်း လစာအပြည့်အဝခံစားခွင့် မပြုတာ (သို့မဟုတ်) ထိုကာလကို တာဝန်ချိန် အဖြစ်မသတ်မှတ်တာ ၊ရာထူးမှ ထုတ်ပယ်တာ၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်တာ စတဲ့ နိုင်ငံဝန်ထမ်းနည်းဥပဒေများပါ လုပ်ထုံးလုပ်နည်းတွေနဲ့ အရေးယူဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
သတင်း-ငြိမ်းချမ်း

No comments:

Post a Comment

My Blog List