Wednesday, June 03, 2020

ကမ္ဘာတစ်ဝှမ်း ၁၁၅၂၁၅ ဦး ထပ်မံကူးစက်ပြီး ဘရာဇီးတွင် စံချိန်တင် သေဆုံးသည့်နေ့ရက်ဖြစ်လာ

ကမ္ဘာတစ်ဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသည် မေလ ၂ ရက်က ၁၁၅၂၁၅ ဦး ထပ်မံကူးစက်ခဲ့ပြီး လူပေါင်း ၄၆၆၉ ဦး သေဆုံးခဲ့ရာ ယင်းနေ့မတိုင်မီက သေဆုံးသူ ၃၀၁၇ ဦးနှင့် နှိုင်းယှဉ်ပါက သေဆုံးနှုန်းသည် ၅၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။
ဘရာဇီးနိုင်ငံသည် သေဆုံးသူ ၃၁၃၀၉ ဦးထိ ရောက်ရှိလာပြီး ယမန်နေ့က စံချိန်တင်သေဆုံးမှုအဖြစ် လူပေါင်း ၁၂၃၂ ဦးသေဆုံးခဲ့သည်။ ယမန်နေ့က ကူးစက်မှုတွင် ဘရာဇီးနိုင်ငံက ၂၇၂၆၃ ဦးဖြင့် အများဆုံးကူးစက်သည့် နိုင်ငံဖြစ်ရာ လက်ရှိတွင် စုစုပေါင်း ကူးစက်မှု ၅၅၈၂၃၇ ဦးရှိလာသည်။
ကူးစက်နှုန်း မြင့်မားပြီး ကျဆင်းခြင်းမရှိသေးသည့် တတိယအများဆုံး ကူးစက်ခံရသည့် ရုရှားနိုင်ငံတွင် ယမန်နေ့က အသစ်ထပ်မံကူးစက်သူ ၈၈၆၃ ဦးရှိပြီး မေလ ၂ ရက်နေ့မှ စတင်ကာ နေ့စဉ်ကူးစက်နှုန်းသည် ၈၀၀၀ အောက်ကျဆင်းခြင်းမရှိသေးပေ။ နိုင်ငံတွင် စုစုပေါင်းကူးစက်မှု ၄၂၃၇၄၁ မှုနှင့် သေဆုံးသူ ၅၀၃၇ ဦးရှိသည်။
ကပ်ရောဂါအကြီးအကျယ် ဖြစ်ပွားပြီး နိုင်ငံတွင်း အဓိကရုဏ်းများ ဖြစ်ပွားနေသော အမေရိကန်ပြည်ထောင်စုတွင် ထပ်မံကူးစက်မှု ၂၁၈၈၁ နှင့် သေဆုံးသူ ၁၁၃၄ ဦးရှိပြီး စုစုပေါင်း ကူးစက်မှု ၁ ဒသမ ၉ သန်းနီးပါးရှိသည်။ နိုင်ငံတွင် ၁၀၈၀၅၉ ဦးသေဆုံးထားပြီး ကမ္ဘာပေါ်တွင် အများဆုံးဖြစ်သည်။
စံချိန်တင် ကူးစက်ခံရမှု အိန္ဒိယတွင် ဖြစ်ပွားခဲ့ပြီး ယမန်နေ့တစ်ရက်တည်းတွင် လူပေါင်း ၈၈၂၁ ဦး ကူးစက်ခဲ့ပြီး အာရှတိုက်၏ ဗဟိုချက်ဖြစ်နေသည်။ နိုင်ငံတွင်း ကူးစက်မှုပေါင်း ၂၀၀၀၀၀ ကျော်ရှိပြီး ၅၈၂၉ ဦးသေဆုံးထားသည်။
နောက်ဆုံးသိရသည့် အချက်အလက်များအရ ကမ္ဘာတွင် ကူးစက်မှုပေါင်း ၆၄၅၁၉၆၆ မှု၊ သေဆုံးသူ ၃၈၂၄၇၉ ဦး၊ ပြန်လည်ကျန်းမာလာသူ ၃၀၆၆၆၇၈ ဦးရှိသည်။
AS
Ref; worldmeters
Isee Media

No comments:

Post a Comment

My Blog List