Tuesday, June 02, 2020

ကမ္ဘာတစ်ဝှမ်း နေ့စဉ်ကူးစက်မှု တစ်သိန်းအထက်တွင် ရှိနေဆဲ COVID 19

ကမ္ဘာတစ်ဝှမ်း ကိုရိုနာဗိုင်းရပ်စ် COVID 19 ကူးစက်နှုန်းသည် နေ့စဉ် တစ်သိန်းနှင့်အထက် ရှိနေဆဲ ဖြစ်ပြီး ယမန်နေ့က လူပေါင်း ၁၀၈,၇၆၈ ဦး အသစ်ထပ်မံကူးစက်ခဲ့ပြီး ၃,၀၁၇ ဦး ထပ်မံသေဆုံးခဲ့သည်။
လက်တင်အမေရိက၏ ဗဟိုချက်ဖြစ်သော ဘရာဇီးနိုင်ငံတွင် ယမန်နေ့က ကူးစက်ခံရသူ ၁၄,၅၅၆ ဦးဖြင့် ကူးစက်နှုန်း နှစ်ရက်ဆက်တိုက် ကျဆင်းလာခဲ့သော်လည်း နိုင်ငံတွင်း စုစုပေါင်း ကူးစက်မှုသည် ၅၂၃,၀၀၀ မှုထိ ရောက်ရှိနေပြီဖြစ်သည်။ နိုင်ငံတွင်း သေဆုံးသူစုစုပေါင်းမှာ ၃၀,၀၄၆ ဦးအထိ မြင့်တက်လာပြီဖြစ်သည်။
အမေရိကန်ပြည်ထောင်စုတွင် နေ့စဉ် ကူးစက်နှုန်းသည် ၂၀,၀၀၀ အထက်တွင်သာ ရှိနေဆဲဖြစ်ပြီး ယမန်နေ့က ၂၂,၁၅၃ ဦး ကူးစက်ခံရကာ ၇၃၀ ဦး သေဆုံးခဲ့သည်။ နိုင်ငံတွင်း ကူးစက်မှုပေါင်း ၁ ဒသမ ၈၆ သန်းခန့်ရှိပြီး ၁၀၇၀၀၀ နီးပါး သေဆုံးပြီးဖြစ်သည်။ ပြန်လည်ကျန်းမာလာသူဦးရေမှာ ၆၁၅,၀၀၀ ဦးရှိရာ စုစုပေါင်း ကူးစက်မှု၏ သုံးပုံတစ်ပုံရှိသည်။
ကူးစက်မှုပေါင်း ၄၁၄,၈၇၈ ဦးအထိ ရောက်ရှိလာသော ရုရှားနိုင်ငံသည် ယမန်နေ့က လူပေါင်း ၉,၀၀၀ ကျော် အသစ်ထပ်မံကူးစက်ခဲ့ပြီး ၁၆၂ ဦးသေဆုံးခဲ့သည်။ နိုင်ငံတွင်း စုစုပေါင်း သေဆုံးသူအရေအတွက်မှာ ၄,၈၅၅ ဦးရှိပြီး တရုတ်နိုင်ငံ၏ သေဆုံးသူအရေအတွက်ကို ကျော်လွန်လာပြီဖြစ်သည်။
အာရှတိုက်၏ ဗဟိုချက်ဖြစ်နေသော အိန္ဒိယနိုင်ငံသည် အသစ်ထပ်မံကူးစက်သူ ရ,၇၆၁ ဦးရှိပြီး ယခင်တစ်ရက်နှင့် နှိုင်းယှဉ်ပါ ကျဆင်းလာသော်လည်း စုစုပေါင်း ကူးစက်မှု ၁၉၈,၃၇၀ ဦးဖြင့် ဥရောပရှိ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့ကို ကျော်လွန်က ကမ္ဘာပေါ်တွင် သတ္တမအများဆုံး ကူးစက်ခံရသည့်နိုင်ငံ ဖြစ်လာသည်။
ကပ်ရောဂါသည် ကမ္ဘာ့နိုင်ငံနှင့် ဒေသပေါင်း ၂၁၃ ခုတွင် ဖြစ်ပွားလျက်ရှိပြီး လက်ရှိအချိန်ထိ ကူးစက်မှုပေါင်း ၆,၃၆၆,၁၉၇ မှု၊ သေဆုံးသူ ၃၇၇,၄၃၇ ဦး၊ ပြန်လည်ကျန်းမာလာသူ ၂,၉၀၃,၆၀၅ ဦးရှိကြောင်း Worldmeters ၏ နောက်ဆုံး အချက်အလက်များအရ သိရသည်။
AS
Ref; worldmeters
Isee Media

No comments:

Post a Comment

My Blog List