Wednesday, June 03, 2020

မြန်မာ့ဆိုက်ဘာလုံခြုံရေးအတွက်ပစ္စည်း တောင်ကိုရီးယားကုမ္ပဏီရောင်းမည်

မြန်မာအစိုးရရဲ့ အင်တာနက်ဆိုက်ဘာလုံခြုံရေးဌာနကို တောင်ကိုရီးယား SK Telecom ကုမ္ပဏီက ပစ္စည်းကိရိယာတွေနဲ့ အကြံဉာဏ်ပေးတဲ့ ဝန်ဆောင်မှုကို ရောင်းချမယ်လို့ ကိုရီးယား ဂျွန်အန်းနေ့စဉ် သတင်းတပုဒ်မှာ မနေ့ညက ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ သုံးနေတဲ့အင်တာနက်ဆိုက်ဘာ ဖောက်ထွင်းမခံရအောင်နဲ့၊ တယ်လီဆက်သွယ်ရေးတွေ ဖြတ်တောက်အနှောက်အယှက်ပေးတာတွေ မခံရအောင် လုံခြုံရေးတိုးမြှင့်တဲ့အစီအစဉ်မှာ လိုအပ်မယ့်ကွန်ပျူတာသုံးပစ္စည်းတွေနဲ့ ဘယ်လိုသုံးရမလဲဆိုတဲ့ အကြံဉာဏ်ပေးဖို့ပါ တစုံလုံးပါတဲ့ ဝန်ဆောင်မှုကို SK Telecom ကုမ္ပဏီက ရောင်းတာဖြစ်ပြီး ဘယ်လောက်နဲ့ရောင်းလဲ ဆိုတာကိုတော့ ကုမ္ပဏီက ထုတ်မပြောဘူးလို့ဆိုပါတယ်။
ကုမ္ပဏီအနေနဲ့ လာမယ့်နှစ် ၂၀၂၁ ခုနှစ်မှာလဲ မြန်မာနိုင်ငံ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဌာန၊ နိုင်ငံခြားရေးဌာနနဲ့၊ ပညာရေးဌာနတွေကြား ဆက်သွယ်တဲ့ ကွန်ရက်တွေ လုံခြုံရေးကို စီမံကွပ်ကဲနိုင်မယ့် ရုံးကိုလည်း တိုးချဲ့ဖွင့်လှစ်မယ်လို့ သိရပါတယ်။
RFA
Unicode
မြန်မာ့ဆိုက်ဘာလုံခြုံရေးအတွက်ပစ္စည်း တောင်ကိုရီးယားကုမ္ပဏီရောင်းမည်
~~~~~~
မြန်မာအစိုးရရဲ့ အင်တာနက်ဆိုက်ဘာလုံခြုံရေးဌာနကို တောင်ကိုရီးယား SK Telecom ကုမ္ပဏီက ပစ္စည်းကိရိယာတွေနဲ့ အကြံဉာဏ်ပေးတဲ့ ဝန်ဆောင်မှုကို ရောင်းချမယ်လို့ ကိုရီးယား ဂျွန်အန်းနေ့စဉ် သတင်းတပုဒ်မှာ မနေ့ညက ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ သုံးနေတဲ့အင်တာနက် ဆိုက်ဘာဖောက်ထွင်းမခံရအောင်နဲ့၊ တယ်လီဆက်သွယ်ရေးတွေ ဖြတ်တောက်အနှောက်အယှက်ပေးတာတွေ မခံရအောင် လုံခြုံရေး တိုးမြှင့်တဲ့အစီအစဉ်မှာ လိုအပ်မယ့် ကွန်ပျူတာသုံးပစ္စည်းတွေနဲ့ ဘယ်လိုသုံးရမလဲဆိုတဲ့ အကြံဉာဏ်ပေးဖို့ပါ တစုံလုံးပါတဲ့ ဝန်ဆောင်မှုကို SK Telecom ကုမ္ပဏီက ရောင်းတာဖြစ်ပြီး ဘယ်လောက်နဲ့ရောင်းလဲ ဆိုတာကိုတော့ ကုမ္ပဏီက ထုတ်မပြောဘူးလို့ဆိုပါတယ်။
ကုမ္ပဏီအနေနဲ့ လာမယ့်နှစ် ၂၀၂၁ ခုနှစ်မှာလဲ မြန်မာနိုင်ငံ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဌာန၊ နိုင်ငံခြားရေးဌာနနဲ့၊ ပညာရေးဌာနတွေကြား ဆက်သွယ်တဲ့ ကွန်ရက်တွေ လုံခြုံရေးကို စီမံကွပ်ကဲ နိုင်မယ့် ရုံးကိုလည်း တိုးချဲ့ဖွင့်လှစ်မယ်လို့ သိရပါတယ်။
Zawgyi
Photo: AFP
RFA

No comments:

Post a Comment

My Blog List