Tuesday, June 02, 2020

ထရမ့်၏ အငြင်းပွားဖွယ်ပို့စ်များ ဖြုတ်ချရန်ငြင်းဆိုခဲ့မှုကြောင့် မက်ခ်ဇူကာဘာ့ဂ်ကို ဝန်ထမ်းများ ဒေါသထွက်

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ အငြင်းပွားဖွယ်ပို့စ်တွေကို ဖြုတ်ချဖို့ ငြင်းဆန်ခဲ့တာကြောင့် Facebook စီအီးအို မက်ခ်ဇူကာဘာ့ဂ်ကို သူ့ကုမ္ပဏီဝန်ထမ်းတွေက စိတ်ဆိုးဒေါသထွက်ခဲ့ကြတယ်လို့ အခုလ(၂)ရက် CNN သတင်းမှာဖော်ပြထားပါတယ်။
ဇူကာဘာ့ဂ်က သူ့ရဲ့ပုဂ္ဂလိကခံစားချက်အရ ထရမ့်ရဲ့အငြင်းပွားဖွယ်ပို့စ်တွေကိုဆန့်ကျင်ပေမဲ့ Facebook စာမျက်နှာဟာ လွတ်လပ်စွာဖော်ပြပိုင်ခွင့်ရှိရမယ်ဆိုတာကိုလည်း သူနားလည်ထားတယ်လို့ အခုလ(၁)ရက်နေ့က ပြောကြားခဲ့ပါတယ်။ ဇူကာဘာ့ဂ်ရဲ့သဘောထားကို သူ့ရဲ့ဝန်ထမ်းအများအပြားက ဆန့်ကျင်ခဲ့ကြပါတယ်။
အမေရိကန်နိုင်ငံမှာ ရဲဝန်ထမ်းတစ်ဦးရဲ့ဖမ်းဆီးပုံကြောင့် လူမည်းအမျိုးသား George Floyd သေဆုံးခဲ့ရမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဖြစ်ပွားနေပါတယ်။ ဆန္ဒပြပွဲတွေဟာ ပိုမိုပြင်းထန်လာနေပြီး၊ ကုန်ပစ္စည်းဆိုင်တွေကိုပါဖောက်ကာ ပစ္စည်းလုယူတာတွေဖြစ်လာကြပါတယ်။ဒါကြောင့် သမ္မတထရမ့်က ပစ္စည်းလုယူတာတွေ စဖြစ်လာပြီဆိုရင် ပစ်ခတ်နှိမ်နင်းတာတွေလည်း စလုပ်ရလိမ့်မယ်လို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကုန်ပိုင်းက တွစ်တာစာမျက်နှာမှာ ရေးတင်ထားခဲ့ပါတယ်။ ထရမ့်ရဲ့အဆိုပါ ပို့စ်ဟာ ဆန္ဒပြသူတွေကို သွေးပိုဆူစေတယ်လို့ဆိုပြီး ဝေဖန်မှုတွေလည်း ရှိခဲ့ကြပါတယ်။
လူမှုကွန်ရက်ပလက်ဖောင်းတွေမှာ သတင်းအမှားတွေနဲ့ အကြမ်းဖက်မှုကိုလှုံ့ဆော်တဲ့ ပြောဆိုရေးသားမှုတွေ ရှိလာပြီဆိုရင် အဆိုပါပလက်ဖောင်းရဲ့ တာဝန်ယူမှုကိစ္စဟာ ပြန်လည်ဆွေးနွေးဖို့ အကြောင်းဖြစ်လာခဲ့ပါတယ်။
photo : Michaela Handrek-Rehle/Bloomberg/Getty Images

No comments:

Post a Comment

My Blog List