Wednesday, June 03, 2020

စောဒေးဗစ်လား အာမခံလျှောက်ထားမှု ပယ်ချခံရ (Unicode)

ခရစ်တရားဟောဆရာ စောဒေးဗစ်လားအား ယနေ့ ဇွန် ၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်တရားရုံး၌ ဒုတိယအကြိမ် ရုံးထုတ်သည်။
ယနေ့ ရုံးချိန်း၌ စောဒေးဗစ်လားက ၎င်း၏အမှုအတွက် အာမခံလျှောက်ထားခဲ့ကြောင်း၊ အာမခံလျှောက်ထားမှုကို တရားရုံးက ပယ်ချခဲ့ကြောင်း၊ လာမည့်ရုံးချိန်းကို ဇွန်လ ၈ ရက်နေ့သို့ ပြန်လည်ချိန်းဆိုထားကြောင်း သိရသည်။
တရားဟောဆရာ စောဒေးဗစ်လားနှင့်အဖွဲ့သည် covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး အစီအမံများအရ ဘာသာရေးအခမ်းအနားများ၊ လူစုလူဝေးပွဲများမပြုလုပ်ရန် သက်ဆိုင်ရာက ထုတ်ပြန်ထားသည့်ကာလအတွင်း ဘာသာရေးအခမ်းအနားတခု ကျင်းပပြုလုပ်ခဲ့ရာ ယင်းအခမ်းအနားမှ covid-19 ကူစက်ပြန့်ပွားမှုဖြစ်ပွားခဲ့သည်။
ယင်းနှင့်ပတ်သက်၍ COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရ ညွှန်ကြားချက်များကို လိုက်နာရန်ပျက်ကွက်ခဲ့၍ ဦးစောကွယ်ဝါး (သင်းအုပ်ဆရာ) နှင့် အမှုတော်ဆောင် ဦးစောရေဂန်ဒီ၊ ဦးစောဒေးဗစ် (ခ) ဦးစောဒေးဗစ်လား (တရားဟောဆရာ) နှင့် ဦးဝေထွန်း (နဝရတ် တေးသံသွင်း) တို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အမှုဖွင့်အရေးယူထားသည်။
အဆိုပါဘာသာရေးအခမ်းအနားမှဖြစ်ပွားခဲ့သည့် ကူးစက်မှုသည် COVID-19 ကူးစက်ပြန့်ပွားမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ပထမဆုံးတွေ့ရှိရသည့် အစုလိုက်ကူးစက်မှု (Cluster) ဖြစ်သည်။
စောဒေးဗစ်လားသည် COVID-19 ကူးစက်ခံရပြီး မြောက်ဥက္ကလာပ ဝေဘာဂီဆေးရုံ၌ ကုသမှုခံယူခဲ့သည်။ ၎င်းထံ၌ ရောဂါပိုး သက်သာပျောက်ကင်းပြီးနောက် ဗိုလ်တထောင်မြို့နယ်ရှိ City Hotel Yangon ၌ သီးခြားထားရှိစောင့်ကြည့်ခဲ့ပြီး စောင့်ကြည့်ကာလ ၂၁ ရက်ပြည့်သည့် မေလ ၂၀ ရက်တွင် မရမ်းကုန်တရားရုံးသို့တင်ပို့ ချုပ်ရမန်ယူခဲ့သည်။
မိုးသောက် (ဒဂုံ)
စောဒေးဗစ်လား အာမခံလျှောက်ထားမှု ပယ်ချခံရ (Zawgyi)

No comments:

Post a Comment

My Blog List