Monday, June 01, 2020

ပြည်သူ့လွှတ်တော်ဥက္ကဌအားတာဝန်မှ ရုပ်သိမ်းပေးရေးအဆိုကို NLDအမတ်များ ပြင်းပြင်းထန်ထန် ကန့်ကွက်ဆွေးနွေး

ကြံ့ခိုင်ရေးနှင့်တပ်ကိုယ်စားလှယ်များလက်မှတ်ရေးထိုးတင်ပြထားသော ပြည်သူ့လွှတ်တော်ဥက္ကဌအားတာဝန်မှ ရုပ်သိမ်းပေးရေးအဆိုကို NLDအမတ်များ ပြင်းပြင်းထန်ထန် ကန့်ကွက်ဆွေးနွေးခဲ့သည်။
အဆိုအား NLDအမတ်များဖြစ်ကြသည့် ဦးနေမျိုးထွန်း၊ ထန်းတပင် မဲဆန္ဒနယ်၊ဦးဌေးဝင်းအောင်(ခ)ဦးပြုံးချို၊ ဒေါပုံ မဲဆန္ဒနယ်၊ ဒေါက်တာဒေါ်ခင်စည်သူ၊ လွိုင်ကော် မဲဆန္ဒနယ်၊ ဒေါ်ဇင်မာအောင်၊ ရန်ကင်း မဲဆန္ဒနယ်၊ ဦးလဂန်ဇယ်ဂျုံး၊ ဝိုင်းမော် မဲဆန္ဒနယ်၊ဦးတင်ထွန်းနိုင်၊ ဆိပ်ကြီး/ခနောင်တို မဲဆန္ဒနယ်၊ဦးနေလင်းအောင်၊ မင်းတပ် မဲဆန္ဒနယ်၊ဦးဝင်းထွဋ်၊ ဖျာပုံ မဲဆန္ဒနယ်၊ ဒေါက်တာဒေါ်ခင်စိုးစိုးကြည်၊ ပြည် မဲဆန္ဒနယ်၊ဦးရည်မွန်(ခ)မောင်တင်သစ်၊ ပုဗ္ဗသီရိ မဲဆန္ဒနယ်နှင့် ဒေါက်တာဦးလှမိုး၊ အောင်မြေသာစံ မဲဆန္ဒနယ်တို့ ဆွေးနွေးခဲ့ရာတွင် အဆိုကို ကန့့်ကွက်ကြောင်းနှင့် ပြည်သူ့လွှတ်တော်ဥက္ကဌသည် ဥပဒေအတိုင်းဆောင်ရွက်သည့်ပုဂ္ဂိုလ်ဟု ၎င်းတို့က ထောက်ခံပြောကြားခဲ့ကြသည်ကိုတွေ့ရသည်။
ဒေါ်ဇင်မာအောင်က“ ဒီနည်းနဲ့ ဒီမိုကရေစီကို ခိုင်မာအောင် လုပ်လို့မရပါဘူး”၊“ဒါ့ကြောင့် ကန့်ကွက်ပါတယ်”ဟု ထည့်သွင်းပြောဆိုဆွေးနွေးသွားခဲ့သည်။
ဦးနေမျိုးထွန်း၊ ထန်းတပင်မဲဆန္ဒနယ်က အဆိုတင်သူများသည် မမှန်သည့် စွပ်စွဲချက်များပြုလုပ်ထားသဖြင့်အဆိုအားကန့်ကွက်ကြောင်းစကားဆိုသည်။
အလားတူ ဒေါက်တာဒေါ်ခင်စည်သူ၊ လွိုင်ကော် မဲဆန္ဒနယ်က သူမအနေဖြင့် မတရားစွပ်စွဲမှုများ မဖြစ်ရအောင် ပြင်းပြင်းထန်ထန်ကန့်ကွက်ခြင်းဖြစ်သည်ဟုပြောကာ ကန့်ကွက်ခဲ့သည်။
အခြားသော NLD အမတ်များကလည်း အဆိုကို ကန့်ကွက်ကြောင်း ကျိုးကြောင်းခိုင်လုံသည့် ထောက်ပြချက်များ၊ဆွေးနွေးချက်များဖြင့် ဆောင်ရွက်ဆွေးနွေးခဲ့ကြသည်ကိုလည်းတွေ့ရှိရသည်။
နောင်နောင်/Myanmar Harp

No comments:

Post a Comment

My Blog List