Monday, June 01, 2020

အငြိမ်းစားဝန်ထမ်းတွေ နေပြည်တော်မှာ လပေးစနစ်နဲ့ တိုက်ခန်းဝယ်နိုင်မည်

အငြိမ်းစား နိုင်ငံ့ဝန်ထမ်းတွေကို နေပြည်တော်မှာ အိမ်ခန်းတွေ အရစ်ကျနဲ့ ရောင်းချပေးမယ်လို့ နေပြည်တော် စည်ပင်သာယာရေးကော်မတီက ကြေညာထားပါတယ်။
ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက် ပျဉ်းမနား-တောင်ညိုလမ်းဘေးက မြေဧရိယာ ဧက ၇၀ ပေါ်မှာ အခန်းပေါင်း ၃၀၀၀ ပါဝင်မယ့် လေးထပ်ပါ အဆောက်အဦတွေအဖြစ် ဆောက်လုပ်နေတာဖြစ်ပါတယ်။
တစ်ခန်းကို ၂၅ ပေကျော်ခန့် (၆၅၀ စတုရန်းပေ) ကျယ်ဝန်းကာ အိပ်ခန်း နှစ်ခန်းပါဝင်မှာ ဖြစ်ပါတယ်။
မြေညီထပ်ကို ကျပ်သိန်း ၂၅၀၊ ပထမထပ် သိန်း ၂၄၀၊ ဒုတိယထပ် သိန်း ၂၃၀ နဲ့ စတုတ္ထထပ် သိန်း ၂၂၀ နဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။
ကနဦး ၃၀ ရာခိုင်းနှုန်းပေးသွင်းပြီးရင် ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်ရဲ့အတိုးနှုန်းနဲ့အညီ သုံးနှစ်၊ ငါးနှစ်နဲ့ ဆယ်နှစ်ထိ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် လိမိတက်ကနေ အရစ်ကျနဲ့ ရောင်းပေးမယ်လို့ ကြေညာထားတာပါ။
၂၀၁၉ ခုနှစ်အထိ အငြိမ်းစားယူထားသူတွေအပြင် ၂၀၂၀ ပြည့်နှစ်မှာ အငြိမ်းစားယူမယ့်သူ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားမည်သူမဆို ဇွန်လ ၁ ရက်နေ့က ၃၀ ရက်နေ့အတွင်း အွန်လိုင်းကနေ လျှောက်ထားနိုင်ပြီး ပထမအသုတ်အနေနဲ့ အခန်း ၁၀၀၀ ရောင်းချပေးမှာဖြစ်ပါတယ်။
ပထမအသုတ်မှာတော့ သက်ရှိအငြိမ်းစားတွေပဲ ဝယ်လို့ရဦးမှာဖြစ်ပြီး တိုက်ခန်း တန်ဖိုးပေးချေပြီးမှ အရောင်းအဝယ် ပြန်လည်ပြုလုပ်လို့ရမယ်လို့ သိရပါတယ်။
နေပြည်တော်ကောင်စီ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးကတော့ ဒီအိမ်ယာဟာ မြို့မဈေး၊ ဓါတ်ဆီဆိုင်၊ အထက်တန်းကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ အနာဂတ်အဝေးပြေးကားဂိတ်အတွက် လျာထားနေရာနဲ့ပါ နီးတဲ့အပြင် မကြာခင် ဒီအိမ်ရာအနီးမှာ စီးပွားရေးဇုန်တွေ ဖြစ်လာဖို့ရှိတယ်လို့လည်း သူ့ရဲ့လူမှုကွန် ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
လက်ရှိ သတ်မှတ်ထားတဲ့ ဈေးနှုန်းအတွက် ကနဦးပေးသွင်းရမယ့်ငွေဟာ သိန်း ၇၀ ကျော်ရှိတဲ့အတွက် သာမာန်အငြိမ်းစားတွေအတွက် ဆောက်လုပ်နေတာမဟုတ်ဘူးလို့ ဝေဖန်မှုတွေရှိနေသလို နေပြည်တော်မှာ သိန်းနှစ်ရာကျော်ဆိုင်ရင် ပေ ၄၀ / ၆၀ မြေကွက် ဝယ်နေလို့ရပြီလို့လည်း ပြည်သူအချို့က ဝေဖန်မှုတွေ ရှိနေပါတယ်။
RFA
Unicode

- Zawgyi
~~~~~~~~~~~~~~~
Photo: Ye Min Oo's Facebook
(အငြိမ်းစား နိုင်ငံ့ဝန်ထမ်းတွေကို နေပြည်တော်မှာ ရောင်းချပေး အိမ်ခန်းပုံစံကို တွေ့ရစဉ်)

No comments:

Post a Comment

My Blog List