Thursday, June 04, 2020

အမှုနှင့်ပတ်သက်၍ အမှန်အတိုင်း ပြောမည်ဟု မင်းရာဇာ ဆို

အိမ်အကူမိန်းကလေးအား အဓမ္မပြုကျင့်မှု၊ မိန်းမကိုယ်အား အက်စစ်ဖြင့် ပက်မှုများဖြင့် အမှုဖွင့်ခံထားရသည့် သရုပ်ဆောင်မင်းရာဇာ(ခ) မင်းကိုကို၊ ၎င်း၏ဇနီးဖြစ်သူ မဖူးငုံပွင့်နှင့် မန်နေဂျာဆိုသူ ကိုအောင်လွင်စိုး (ခ) ရခိုင်လေးတို့ ၃ ဦးအား ယနေ့ ဇွန်လ ၄ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ် တရားရုံး၌ တတိယအကြိမ်မြောက် ရုံးထုတ်ခဲ့သည်။
ယနေ့ရုံးထုတ်တွင် မင်းရာဇာက ၎င်းအား စွပ်စွဲပြောဆိုနေမှုများအတွက် စိတ်မကောင်းဖြစ်မိကြောင်း၊ ၎င်းအနေဖြင့် အမှုနှင့်ပတ်သက်၍ အမှန်အတိုင်းပြောသွားမည်ဖြစ်ကြောင်း ဆိုခဲ့သည်။
မင်းရာဇာအမှု ရုံးချိန်းအား ဇွန်လ ၁၁ ရက်သို့ ထပ်မံချိန်းဆိုထားကြောင်း သိရသည်။
ဓာတ်ပုံ - ထက်ဝေ/ ဧရာဝတီ

No comments:

Post a Comment

My Blog List