Tuesday, June 02, 2020

ခပ်ခွာခွာနေခြင်းနဲ့ နှာခေါင်းစည်းတပ်ခြင်းများကြောင့် Covid-19 ကူးစက်မှုအန္တရာယ် လျော့ကျစေနိုင်

လူတစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေခြင်းတွေနဲ့ နှာခေါင်းစည်းတပ်ခြင်းတွေက Covid-19 ကူးစက်မှု အန္တ့ရာယ်လျော့ကျစေနိုင်တယ်ဆိုတဲ့ လေ့လာတွေ့ရှိချက်အသစ်တစ်ခုကို အခုလ(၁)ရက်နေ့က ထုတ်ဝေတဲ့ Lancet ဆေးပညာဂျာနယ်မှာ ဖော်ပြထားပါတယ်။
ဒီဆေးပညာဂျာနယ်ထဲမှာ လေ့လာတွေ့ရှိချက်အသေးစိတ်ကို ဖော်ပြထားပါတယ်။ လူတစ်ဦးနဲ့တစ်ဦးနီးကပ်မှုဟာ သုံးပေအောက်ရှိနေမယ်ဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်နိုင်ခြေဟာ (၁၂.၈)ရာခိုင်နှုန်းရှိပြီး၊ သုံးပေကျော် ခွာနေမယ်ဆိုရင်တော့ ဗိုင်းရပ်စ်ကူးစက်နိုင်ခြေဟာ(၂.၆)ရာခိုင်နှုန်းအထိ လျော့ကျသွားတယ်လို့ဆိုပါတယ်။တစ်ဦးနဲ့တစ်ဦးဟာ ခြောက်ပေကျော်ခွာနေမယ်ဆိုရင်တော့ ကာကွယ်မှုဟာ ပိုပြီးတော့ထိရောက်မှုရှိလာတယ်လို့ဖော်ပြထားပါတယ်။
နှာခေါင်းစည်းမတပ်ပါက ဗိုင်းရပ်စ်ကူးစက်နိုင်ခြေဟာ(၁၇.၄)ရာခိုင်နှုန်းရှိပြီး၊ နှာခေါင်းစည်းတပ်ဆင်ထားမယ်ဆိုပါက ဗိုင်းရပ်စ်ကူးစက်နိုင်ခြေဟာ(၃.၁)ရာခိုင်နှုန်းလျှော့ကျသွားတယ်လို့ ဆိုပါတယ်။
နောက်ထပ်အချက်တစ်ခုအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ မျက်စိကနေဝင်နိုင်ခြေရှိတာကို သတိပေးပြောကြားထားပါတယ်။ မျက်လုံးကို အကာအကွယ်ဖြစ်စေတဲ့ မျက်နှာအကာကို တပ်ထားမယ်ဆိုပါက ဗိုင်းရပ်ကူးစက်နိုင်ခြေဟာ (၁၆)ရာခိုင်နှုန်းကနေ (၅.၅)ရာခိုင်နှုန်းလျော့ကျသွားစေနိုင်တယ်လို့ ဆိုထားပါတယ်။
ဒီကိန်းဂဏန်းအချက်အလက်တွေဟာ အတိအကျလို့မဆိုနိုင်ပေမဲ့ နိုင်ငံအတော်များများက ကိုရိုဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုတွေကို လေ့လာထားပြီး၊ အနီးစပ်ဆုံးဖြစ်နိုင်ခြေတွေကို ခန့်မှန်းတွက်ချက်ထားတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကာကွယ်ရေးအတွက် နှာခေါင်းစည်းတပ်ခြင်းက တကယ်ပဲထိရောက်မှုရှိသလားဆိုတာကို အထောက်အထားတွေနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲမှုအချို့ရှိကြပေမဲ့၊ လက်ကိုဆပ်ပြာနဲ့ မကြာခဏဆေးကြောနေခြင်းက အရေးအပါဆုံး အချက်ဖြစ်တယ်ဆိုတာကိုတော့ ပညာရှင်တွေအားလုံးက လက်ခံထားကြပါတယ်။
source photo : CNN

No comments:

Post a Comment

My Blog List