Thursday, June 04, 2020

လားရှိုးမြို့ အ.ထ.က(၃)စာသင်ကျောင်းတွင် FQ ဝင်နေသူများ နေရပ်ပြန်သွားခြင်းကြောင့် Quarantine Center အဖြစ် ပိတ်သိမ်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ နေရပ်အသီးသီးမှ ပြန်လာသူများအား Facility Quarantine Center ထားရှိသော နေရာ ၂ ခုမှ အ.ထ.က(၃)စာသင်ကျောင်းတွင် FQ ဝင်နေသူများ ဇွန် ၄ ရက်တွင် စောင့်ကြည့်ရက်ပြည့်ကာ နေရပ်ပြန်သွားခြင်းကြောင့် ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
ကူးစက်မြန် ကိုဗစ်ရောဂါစတင်ဖြစ်ပွားချိန်၌ လားရှိုးမြို့သို့ မည်သည့် နေရာမှ လာရောက်သည်ဖြစ်စေ FQ ဝင်သူများကို ထားရှိရန် အ.ထ.က ၃ ကျောင်းနှင့် မိုးကုတ်ဝိပသာနာရိပ်သာတို့အား Facility Quarantine Center အဖြစ် အသုံးပြုခဲ့ရာမှ ကျောင်းဖွင့်ချိန်နီးသောကြောင့် အ.ထ.က(၃)ကျောင်းကို Quarantine Center အဖြစ် ဆက်လက်မထားရှိတော့ဘဲ ပိတ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီကျောင်းမှာ FQ ဝင်တဲ့သူတွေက ဒီနေ့ ဇွန် ၄ ရက်က ရက်ပြည့်ပြီးတော့ နေရပ်ပြန်သွားတာဖြစ်လို့ Facility Quarantine Center ပိတ်သိမ်းတာဖြစ်ပါတယ်။ ပိုးသတ်ဆေးဖြန်းတာတွေ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။’’ဟု လားရှိုးမြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးအာကာလင်းက ပြောသည်။
လားရှိုးမြို့ရှိ Facility Quarantine Center နှစ်ခုတွင် FQ ဝင်ရောက်သူများကို ပုံမှန်ကျန်းမာရေးစစ်ဆေး ပေးခြင်း၊ ထမင်း ၃ နပ်ကျွေးမွေးခြင်း၊ ပုံမှန်ပိုးသတ်ဆေးဖြန်းခြင်းများ ဆောင်ရွက်ပေးပြီး ရက်ပြည့်ကာ လားရှိုး မြို့နယ်အတွင်း ပြန်ရသူများကို လားရှိုးမြို့ Covid-19 ကာကွယ်ရေး ပရဟိတကွန်ယက်မှ ယာဉ်များဖြင့် လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ ကွန်ယက်အနေနဲ့ကတော့ ဒီကာလမှာ FQ နေရာတွေကို ပိုးသတ်ဆေးဖြန်းတာတွေ ပြန်မယ့် သူတွေကို နေရပ်သို့ လိုက်ပို့တာတွေ စားသောက်ရေးခက်ခဲနေတဲ့ အိမ်ထောင်စုတွေကို အခြေခံ စားသောက်ကုန် ထောက်ပံ့တာတွေ လုပ်ဆောင်ပေးနေပါတယ်။ ဒီကျောင်းကိုလည်း ဇွန် ၄ ရက်ကနေစပြီး ပိုးသတ်ဆေးကို တစ်နေ့ ၄ ကြိမ်လောက်ဖြန်းပေးပြီး သန့်ရှင်းရေးလုပ်ပေးသွားမှာပါ။’’ဟု လားရှိုးးမြို့ Covid-19 ကာကွယ်ရေး ပရဟိတကွန်ယက်မှ ပြန်ကြားရေး တာဝန်ခံ ကိုစိုးက ပြောသည်။
မေ ၃၁ ရက်မှ စတင်ကာ ဇွန် ၄ ရက်အထိ အ.ထ.က(၃)စာသင်ကျောင်းတွင် FQ ဝင်သူ ၁၄၀ ဦးနှင့် မိုးကုတ်ဝိပသာနာရိပ်သာတွင် ၆၂ ဦးထားရှိခဲ့ရာ ဇွန် ၄ ရက်တွင် မိုးကုတ်ဝိပသာနာရိပ်သာ၌ FQ ဝင်သူ ၁၄ ဦးသာ ကျန်ရှိတော့ကြောင်း သိရသည်။

နောင် (မြစ်မခ)
လားရှိုး၊ ဇွန် ၄ ရက်။

No comments:

Post a Comment

My Blog List