Tuesday, June 02, 2020

YBS နှင့် အငှားယာဉ်တိုက်မှုဖြစ်ပွား ယာဉ်ပေါ်ပါ သုံး ဦးသေဆုံး

မေလ ၂ ရက် နံနက် ၆နာရီကျော်က YBS - 40 နှင့် အငှားယာဉ်တိုက်မှုဖြစ်ပွားရာ ယာဉ်ပေါ်ပါ သုံး ဦးသေဆုံးခဲ့ကြောင်းသိရသည်။
ကမာရွတ်မြို့နယ်၊ (၄)ရပ်ကွက်၊ ကမ်းနားလမ်း၊ သင်္ဘောကျင်းမှတ်တိုင်အနီးတွင် YBS 40 ခရီးသည်တင်ယာဉ်နှင့် Taxi (အငှားယာဉ်) တိုက်မိမှုဖြစ်ပွားခဲ့ပြီး လူ သုံး ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ သိရသည်။
ဖြစ်စဉ်မှာ အငှားယာဉ်သည် ဘုရင့်နောင်လမ်းအတိုင်း မြို့တွင်းဘက်သို့ ဦးတည်၍ မောင်းနှင်လာစဉ် YBS သည် မြို့တွင်းမှ အထွက် လမ်းပြောင်းပြန်ကျော်တက်စဉ် Taxi နှင့် ခရီးသည်တင် YBS တို့ မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အငှားယာဉ်ပေါ်ပါ သုံးဦးစလုံး သေဆုံးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ယာဉ်တိုက်မှုအား စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ 191ယာဉ်(၁)စီး၊ ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ယာဉ်တိုက်မှုကြောင့် အငှားယာဉ်ပေါ်ပါ ကျား(၂)ဦး၊ မ(၁)ဦး(သေဆုံး)အား အဖြူရောင်နာရေးကူညီမှုအသင်း(ကြည့်မြင်တိုင်)ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်းသိရသည်။
( Zawgyi )
YBS နှင့် အငှားယာဉ်တိုက်မှုဖြစ်ပွား ယာဉ်ပေါ်ပါ သုံး ဦးသေဆုံး
မေလ ၂ ရက် နံနက် ၆နာရီကျော်က YBS - 40 နှင့် အငှားယာဉ်တိုက်မှုဖြစ်ပွားရာ ယာဉ်ပေါ်ပါ သုံး ဦးသေဆုံးခဲ့ကြောင်းသိရသည်။
ကမာရွတ်မြို့နယ်၊ (၄)ရပ်ကွက်၊ ကမ်းနားလမ်း၊ သင်္ဘောကျင်းမှတ်တိုင်အနီးတွင် YBS 40 ခရီးသည်တင်ယာဉ်နှင့် Taxi (အငှားယာဉ်) တိုက်မိမှုဖြစ်ပွားခဲ့ပြီး လူ သုံး ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှှ သိရသည်။
ဖြစ်စဉ်မှာ အငှားယာဉ်သည် ဘုရင့်နောင်လမ်းအတိုင်း မြို့တွင်းဘက်သို့ ဦးတည်၍ မောင်းနှင်လာစဉ် YBS သည် မြို့တွင်းမှ အထွက် လမ်းပြောင်းပြန်ကျော်တက်စဉ် Taxi နှင့် ခရီးသည်တင် YBS တို့ မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အငှားယာဉ်ပေါ်ပါ သုံးဦးစလုံး သေဆုံးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ယာဉ်တိုက်မှုအား စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ 191ယာဉ်(၁)စီး၊ ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ယာဉ်တိုက်မှုကြောင့် အငှားယာဉ်ပေါ်ပါ ကျား(၂)ဦး၊ မ(၁)ဦး(သေဆုံး)အား အဖြူရောင်နာရေးကူညီမှုအသင်း(ကြည့်မြင်တိုင်)ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်းသိရသည်။

No comments:

Post a Comment

My Blog List