Monday, November 25, 2019

နိုင်ငံတော်အတိုင်ပင်ခံ ကိုရီးယားသမ္မတနိုင်ငံ ဘူဆန်မြို့သို့ရောက်ရှိ

Image may contain: 4 people, people smiling, people standing
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကိုရီးယားသမ္မတနိုင်ငံ သမ္မတမစ္စတာမွန်ဂျေအင်း၏ ဖိတ်ကြားချက်အရ ဘူဆန်မြို့တွင် ကျင်းပမည့် အာဆီယံ-ကိုရီးယား ဆွေးနွေးဖက်ဆက်ဆံရေး နှစ်(၃၀)ပြည့်အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးနှင့် ပထမအကြိမ် မဲခေါင်-ကိုရီးယား ထိပ်သီးအစည်းအဝေးတို့သို့ တက်ရောက်ရန်အတွက် နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကိုရီးယားသမ္မတနိုင်ငံ ဘူဆန်မြို့သို့ အထူးလေယာဉ်ဖြင့် ထွက်ခွာသွားရာ ညနေပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံ ဘူဆန်မြို့သို့ ရောက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်တင်၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မင်းရဲပိုင်ဟိန်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားကြောင်း သိရသည်။

ထို့အတူ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမင်းသူနှင့်အဖွဲ့သည်လည်း ဒုတိယအကြိမ် အာဆီယံ-ကိုရီးယား ပြည်သူ့ဝန်ဆောင်မှု တီထွင်ပြောင်းလဲရေးဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးနှင့် ပြပွဲအခမ်းအနားသို့ တက်ရောက်ရန် အဆိုပါခရီးစဉ်တွင် လိုက်ပါသွားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည် ကိုရီးယားသမ္မတနိုင်ငံ ဘူဆန်မြို့သို့ ဒေသစံတော်ချိန် ညနေ ၅ နာရီ ၂၅ မိနစ်တွင် ရောက်ရှိကြရာ ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Lee Tae Ho နှင့် တာဝန်ရှိသူများ၊ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်နှင့်ဇနီး ဒေါက်တာ နန်းမြတ်စိုး၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး မစ္စတာလီဆန်းဟွာ၊ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူများနှင့် မိသားစုများက ကိုရီးယားသမ္မတနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ဘူဆန်မြို့ Gimhae လေတပ်ဌာနချုပ်လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ဘူဆန်မြို့ရှိ ခေတ္တတည်းခိုမည့် Lotte Hotel သို့ ရောက်ရှိကြရာ ဟိုတယ်အဝင်၌ ကိုရီးယားသမ္မတနိုင်ငံရောက် မြန်မာနိုင်ငံသားများက လှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ကြကြောင်း သိရသည်။ နိုင်ငံတော်၏ အတိုင်အပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၂၇ ရက်တွင် ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေသော မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် ဘူဆန်မြို့တွင် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - နိုင်ငံတော်အတိုင်ပင်ခံရုံး

(Unicode)

No comments:

Post a Comment

My Blog List