Tuesday, November 26, 2019

၄၅ ဦး ပူးပေါင်းကော်မတီ မယောင်ရာ ဆီလူးနေ၊ အချိန်သာကုန် ရောဂါမပျောက် အန္တရာယ်ရှိလာမည်ဟု ဝေဖန်


Image may contain: 1 person, text
ဥပဒေကြမ်းလေ့လာစီစစ်ရေးပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက်ဖြစ်သည့် ဗိုလ်မှူးချုပ်မောင်မောင်တင်သော ဥပဒေမူကြမ်းကို လွှတ်တော်တွင် ဆွေးနွေးပြီး ဆုံးဖြတ်မည့်ကိစ္စအား သဘောမတူ ကန့်ကွက်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ဗိုလ်မှူးသောင်းထိုက်စိုးက ပြောသည်။
ဗိုလ်မှူးချုပ်မောင်မောင်တင်သော ဥပဒေမူကြမ်းနှင့် စပ်လျဉ်းပြီး ယနေ့လွှတ်တော်တွင်ဆွေးနွေးစဉ် ၎င်းက ပူးပေါင်း ကော်မတီ၏သဘောထားအပေါျ ကနျ့ကှကျစကားဆိုလိုကျခွငျးဖြစ်ပြီး၊ထူးခြားမှုတစ်ရပ်က မည်သည့် တပ်ကိုယ်စား လှယ်မှ ထည့်သွင်းဆွေးနွေးဖူးခြင်းမရှိသည့် အချက်တစ်ချက်ကိုပါ ထည့်သွင်းဆွေးနွေးခဲ့သည်ကို တွေ့ရသည်။

ယင်းက လွှတ်တော်ထဲ ရှိနေသည့် တပ်ကိုယ်စားလှယ်ရာခိုင်နှုန်းစုစုပေါင်းက ခြေဥပြင်နိုင်သည့် ဥပဒေကြမ်းကို တင်သွင်းနိုင်သည်ဆိုသော စကားဖြစ်ပြီး၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရရှိထားသော လွှတ်တော်ထဲ ရာခိုင်နှုန်းနှင့် တပ်က ရရှိထားသော ရာခိုင်နှုန်းအရေအတွက်ကိုပါ နှိုင်းယှဉ်သွားခဲ့သည်။

“ဥပဒေပြဌာန်းချက်နဲ့ အညီသာဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်“ဟုဗိုလ်မှူးသောင်းထိုက်စိုး ကပြောသည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်ရန်အချက်များရှိသလို ကိုယ်စားလှယ်၂၀ရာခိုင်နှုန်းကျော် ပါလျှက် ပြဌာန်းချက်အတိုင်းမဆောင်ရွက်ဘဲ ဝေ့လည်ကြောင်ပါတ်လုပ်နေတဲ့ သဘောဖြစ်ကြောင်း ထောက်ပြဆွေးနွေးလိုပါတယ်“ဟု ၎င်းက ဆက်ပြောသည်။

ယခုတင်ပြထားသော ခြေဥပြင်ရေးဥပဒေကြမ်းများသည် ခေတ်စနစ်နှင့်ကိုက်ညီသည့် ပြင်ဆင်ချက်များလည်းဖြစ်ပြီး နိုင်ငံတော်လုံခြုံရေး၊အမျိုးသားရင်ကြားစေ့ရေး၊တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးနှင့်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက်အကောင်အထည်ဖော်ရာတွင် မရှိမဖြစ်လိုအပ်သည့် ဥပဒေကြမ်းများဖြစ်ဟုပါ ဗိုလ်မှူးသောင်းထိုက်စိုး ကပြော သည်။

ယင်းအပြင် ၎င်းက ၄၅ဦးကော်မတီကို ကောင်းနိုးရာရာ စမ်းတဝါးဝါးလုပ်နေသည့်ကော်မတီ၊ စနစ်ရှာနေသည့် ကော်မတီဟု ဝေဖန်ခဲ့သေးပြီး ပြီးစီးမည့် အချိန်ကိုမှန်းဆမရဟု လည်း ပြောဆိုခဲ့သေးသည်။

ယင်းအပြင် “ ဖောက်ပြီးသား လမ်းက သွားပါဆိုပြီး လမ်းလည်းပြ အတူလည်းဆွဲခေါ်နေတာကို ငါ့လမ်းပဲ ငါသွားမယ် မျက်စိမှိတ်ဇွတ်ဆုံးဖြတ်ရင်၊ဆုံးဖြတ်ချက်ကိုမပြင်ရင် ဘယ်သူတွေ နစ်နာမလဲဆိုတာ စဉ်းစားဆုံးဖြတ်တွေးခေါ်တတ်သူတိုင်းသိရှိနားလည်မယ်လို့ ယုံကြည်ပါတယ်“ဟု ပြောဆိုခဲ့သေးသည့်အပြင် ဒီမိုကရေစီလမ်းလျှောက်လှမ်းရာတွင် ၂၀၀၈အခြေခံဥပဒေပါ မည်သည့်အချက်များက အနှောက်အယှက်ဖြစ်နေသနည်း ဆိုသည်ကို အရင်ဆုံးဖြေရှင်းရင် အဖြေပေါ်မည် ဟုလည်း ဗိုလ်မှူးသောင်းထိုက်စိုးက ထည့်သွင်းဆွေးနွေးခဲ့သည်။

“မလိုအပ်ဘဲ တစ်အုပ်လုံးအဖြေရှာနေရင် ဟန်ပြသာ ဖြစ်နေမည်။ပွင့်ပွင်းလင်းလင်းပြောရရင် ခြေဥပြင်ဆင်ရေးကို တပ်မတော်က ကန့်လန့်တိုက်နေတယ်လို့ပြောတယ်။ပြင်မယ်ဆိုတော့လဲ နေ့ရွှေ့ညရွှေ့ လုပ်နေတယ်။ပွင့်လင်းမြင်သာမှုရှိမယ်ဆိုရင် တစ်ချို့ပါတီတွေ ပြင်ဆင်တာကို ရဲရဲတင်းတင်းလုပ် ပါတီအဖွဲ့အစည်းလိုက် အရေးကြီးတာတွေ ရွေးချယ်တင်ပြ၊မြန်မြန် ပြီးစီးမှာ မဟုတ်ဘူးလား။၄၅ဦးကော်မတီက ဘာပြင်ချင်မှန်းမသိအောင် လျိုဝှက်နေတာကို အံ့သြမိ။အမှန်တကယ်ပြင်လိုရင် ပြင်လို့ရ လမ်းအသစ်ထွင်စရာမလို။ဂုဏ်သိက္ခာရှိစွာ လျှောက်လှမ်း။မယောင်ရာ ဆီလူးနေရင် အချိန်သာကုန် ရောဂါမပျောက် အန္တရာယ်ရှိလာမည်ဖြစ်သလို ခုတ်ရာတစ်ခြားရှရာတစ်လွဲဖြစ်နေမည်“အစရှိသည့် ပြောကြားချက်များပြောပြီး ဗိုလ်မှူးသောင်းထိုက်စိုးက ဆွေးနွေးမှုများပြုလုပ်သွားခဲ့ကြောင်း သိရသည်။

မောင်မောင်/Myanmar Harp

No comments:

Post a Comment

My Blog List