Thursday, November 28, 2019

အာဆီယံတပ်မတော်များ သေနတ်ပစ်ပြိုင်ပွဲတွင် မြန်မာ ရွှေတံဆိပ် ၈ ခုရရှိ


အင်ဒိုနီးရှားနိုင်ငံ၊ ဘန်ဒေါင်းမြို့မှာ ကျင်းပတဲ့ ၂၉ ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ် ပြိုင်ပွဲမှာ မြန်မာက ရွှေတံဆိပ် ၈ ခု၊ ငွေ တံဆိပ် ၈ ခုနဲ့ ကြေးတံဆိပ် ၇ ခုရရှိခဲ့ပြီး နိုင်ငံအလိုက် အဆင့် စတုတ္ထအဆင့် ရရှိခဲ့ပါတယ်။ 

နိုဝင်ဘာ ၂၀ ရက်မှ ၂၅ ရက်အထိကျင်းပတဲ့ အဆိုပါပြိုင်ပွဲကို မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းက အသင်းခေါင်းဆောင် ဒုဗိုလ်မှူးကြီးသိန်းစိုးထွန်း ဦးဆောင်ပြီး အုပ်ချုပ်သူ၊ နည်းပြ ၁၇ ဦးနဲ့ သေနတ်ပစ်အား ကစားသမား ၁၆ ဦး စုစုပေါင်း ၃၃ ဦး သွားရောက် ယှဉ်ပြိုင်ခဲ့ကြတာပါ။
သေနတ်ပစ်ပြိုင်ပွဲမှာတော့ မြန်မာ့တပ်မတော်က  ပစ္စတိုအမျိုးသား အသင်း အားကစားသမား လေးဦး၊ ပစ္စတိုအမျိုးသမီးအသင်း အားကစားသမား လေးဦး၊ ကာဘိုင်အသင်း/ရိုင်ဖယ်အသင်း အားကစားသမား လေးဦးနဲ့ စက်သေနတ်အသင်း အားကစားသမား လေးဦး စုစုပေါင်း သေနတ်ပစ် အားကစားသမား ၁၆ ဦး ဝင်ရောက် ယှဉ်ပြိုင်ကစားကြရာမှာ ဆုတံဆိပ်ပေါင်း ၂၃ ခုရရှိခဲ့တာလည်း ဖြစ်ပါတယ်။
သေနတ်ပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းဟာ မနေ့ညနေပိုင်းက အင်ဒိုနီးရှားနိုင်ငံမှ လေကြောင်းခရီးနဲ့ နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။ 

DVB 

No comments:

Post a Comment

My Blog List