Thursday, November 28, 2019

ICJ တွင် တရားစွဲဆိုထားမှု ပကတိအရှိတရားအတိုင်း ကမ္ဘာသိအောင် ဆောင်ရွက်မည် ဟု နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ထုတ်ပြန်၊ `အရေးကြီးပြီ သွေးစည်းကြစို့´ ဟု တိုက်တွန်း



မြန်မာနိုင်ငံကို ICJ တွင် တရားစွဲဆိုထားမှုအား ပကတိအရှိတရားအတိုင်း ကမ္ဘာသိအောင် ဆောင်ရွက်မည်ဟု နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက သတင်းထုတ်ပြန်သည်။

ထိုသို့ရင်ဆိုင်ဖြေရှင်းရာတွင် အစိုးရအနေဖြင့် မည်သည့်နိုင်ငံ၊ မည်သည့် လူမျိုးကိုဖြစ်စေ၊ မည်သည့်ဘာသာကိုဖြစ်စေ၊ မည်သည့်လူအစုအဖွဲ့ကိုဖြစ်စေ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း ထိခိုက်နစ်နာစေခြင်း၊ တိုက်ခိုက်ခြင်း၊ အလျဉ်းမပြုလုပ်ဘဲ ရင်ဆိုင်သွားမည်ဖြစ်ကြောင်း လည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ တရားစွဲဆိုခြင်းအား နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင်ကာ စနစ်တကျပြင်ဆင် ဆောင်ရွက်နေမှုအပေါ် နိုင်ငံတစ်ဝှမ်းရှိ လူထု လူတန်းစားအသီးသီးက ထောက်ခံမှုများ ပြသလျက်ရှိသည်ကို တွေ့မြင်ရသဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရသည်ဟုဆိုသည်။
ယခုကိစ္စသည် နိုင်ငံ့အရေးကိစ္စ၊ နိုင်ငံ့အကျိုးစီးပွားကိစ္စဖြစ်၍ “အရေးကြီးပြီ သွေးစည်း ကြစို့” ဆိုသည့်အတိုင်း ပြည်သူလူထုတစ်ရပ်လုံး၏ စည်းလုံးညီညွတ် မှုသည် နိုင်ငံတော်အတွက် ကြီးမားလှသော အင်အားကို ဖြစ်ထွန်းစေမည် ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကိစ္စနှင့် စပ်လျဉ်း၍ ဂမ်ဘီယာ နိုင်ငံသည် အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ တရားစွဲဆိုထားသည်။
ယင်းတရားစွဲဆိုမှုကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဦးဆောင်ဖြေရှင်းမည်ဖြစ်သည်။
နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ ကိစ္စများကို ဆောင်ရွက်နိုင်ရန်အတွက် အထူးအဖွဲ့ကိုလည်း နိုဝင်ဘာ ၂၆ ရက်တွင် ဖွဲ့စည်းထားခဲ့ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဦးဆောင်မည် ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် စစ်ဥပဒေချုပ်ရုံးမှ ဥပဒေပညာရှင်များဖြင့် ဖွဲ့စည်းထား ကြောင်း သမ္မတရုံးက ထုတ်ပြန်ထားသည်။
Photo : MSCO
ပဉ္စမလှိုင်း 
(Zawgyi)
ICJ တွင် တရားစွဲဆိုထားမှု ပကတိအရှိတရားအတိုင်း ကမ္ဘာသိအောင် ဆောင်ရွက်မည် ဟု နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ထုတ်ပြန်၊ `အရေးကြီးပြီ သွေးစည်းကြစို့´ ဟု တိုက်တွန်း


မြန်မာနိုင်ငံကို ICJ တွင် တရားစွဲဆိုထားမှုအား ပကတိအရှိတရား အတိုင်း ကမ္ဘာသိအောင် ဆောင်ရွက်မည် ဟု နိုင်ငံခြားရေးဝန် ကြီးဋ္ဌာန က သတင်းထုတ်ပြန်သည်။
ထိုသို့ရင်ဆိုင်ဖြေရှင်းရာတွင် အစိုးရအနေဖြင့် မည်သည့်နိုင်ငံ၊ မည်သည့် လူမျိုးကိုဖြစ်စေ၊ မည်သည့်ဘာသာကိုဖြစ်စေ၊ မည်သည့်လူအစုအဖွဲ့ကိုဖြစ်စေ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း ထိခိုက်နစ်နာစေခြင်း၊ တိုက်ခိုက်ခြင်း၊ အလျဉ်းမပြုလုပ်ဘဲ ရင်ဆိုင်သွားမည်ဖြစ်ကြောင်း လည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ တရားစွဲဆိုခြင်းအား နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင်ကာ စနစ်တကျပြင်ဆင် ဆောင်ရွက်နေမှုအပေါ် နိုင်ငံတစ်ဝှမ်းရှိ လူထု လူတန်းစားအသီးသီးက ထောက်ခံမှုများ ပြသလျက်ရှိသည်ကို တွေ့မြင်ရသဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရသည်ဟုဆိုသည်။
ယခုကိစ္စသည် နိုင်ငံ့အရေးကိစ္စ၊ နိုင်ငံ့အကျိုးစီးပွားကိစ္စဖြစ်၍ “အရေးကြီးပြီ သွေးစည်း ကြစို့” ဆိုသည့်အတိုင်း ပြည်သူလူထုတစ်ရပ်လုံး၏ စည်းလုံးညီညွတ် မှုသည် နိုင်ငံတော်အတွက် ကြီးမားလှသော အင်အားကို ဖြစ်ထွန်းစေမည် ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကိစ္စနှင့် စပ်လျဉ်း၍ ဂမ်ဘီယာ နိုင်ငံသည် အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ တရားစွဲဆိုထားသည်။
ယင်းတရားစွဲဆိုမှုကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဦးဆောင်ဖြေရှင်းမည်ဖြစ်သည်။
နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ ကိစ္စများကို ဆောင်ရွက်နိုင်ရန်အတွက် အထူးအဖွဲ့ကိုလည်း နိုဝင်ဘာ ၂၆ ရက်တွင် ဖွဲ့စည်းထားခဲ့ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဦးဆောင်မည် ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် စစ်ဥပဒေချုပ်ရုံးမှ ဥပဒေပညာရှင်များဖြင့် ဖွဲ့စည်းထား ကြောင်း သမ္မတရုံးက ထုတ်ပြန်ထားသည်။
Photo : MSCO
#TheFifthWaveNews

No comments:

Post a Comment

My Blog List