Wednesday, November 27, 2019

အောင်လအန်ဆန်းကိုဂုဏ်ပြုသည့်အနေဖြင့် ကလပ်ပေါင်းစုံဖိတ်ခေါ် လက်ဝှေ့ပြိုင်ပွဲ ကျင်းပမည်



ကချင်ပြည်နယ်နေ့အထိမ်းအမှတ်နှင့် ကမ္ဘာ့ဝိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန်းအားဂုဏ်ပြုသည့်အနေဖြင့် ကလပ် ပေါင်းစုံဖိတ်ခေါ်Boxingပြိုင်ပွဲကို ၂၀၂၀ ဇန်နဝါရီလ ၄ ရက်မှ ၁၀ ရက်အထိ မြစ်ကြီးနားမြို့တွင် ကျင်းပသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံလက်ဝှေ့ကလပ်များအသင်း(ဗဟို)မှ သိရသည်။

"အခုပွဲကို ကိုအောင်လအန်ဆန်ကိုဂုဏ်ပြုတဲ့အနေနဲ့ စီစဉ်ခြင်းဖြစ်ပါတယ်။ ပွဲက မြစ်ကြီးနားပြည်နယ် အားကစားကွင်းမှာလုပ်ဖို့စီစဉ်ထားတယ်။ နောက်ဆုံးဖိုင်နယ်ရက်မှာတော့ အောင်လအန်ဆန်းကိုယ်တိုင် အားပေးမှာဖြစ်ပြီး သူကိုယ်တိုင် ဆုချီးမြှင့်ပေးမှာပါ။ ပြိုင်ပွဲအတွက် ဖောင်တွေကို ဒီလ ၁၅ ရက်နေ့အထိ လက်ခံသွားမှာပါ။ အမျိုးသမီးတွဲဆိုင်းတွေလည်း ပါပါ့မယ်"ဟုပွဲတွင်ကလပ်အသင်းများ(ဗဟို)အတွင်းရေးမှူး ဘုန်းမြင့်ဇော်က ပြောကြားခဲ့ သည်။

အဆိုပါပွဲကို မြန်မာနိုင်ငံလက်ဝှေ့ကလပ်များအသင်း(ဗဟို)မှ ကြီးမှူးကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲတွင် လူငယ်ဝိတ်တန်း ၆ တန်း။ အလွတ်တန်း ၅ တန်းပါဝင်မည်ဖြစ်ရာ ကလပ်အသင်းပေါင်း(၂၀) မှ ကစားသမား(၁၃၀)ဦးခန့်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ပြိုင်ပွဲအတွက်ယှဉ်ပြိုင်လိုသောအားကစားသမားများနှင့် ကူညီပံ့ပိုးလိုသောကုမ္ပဏီလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံလက်ဝှေ့ကလပ်များအသင်း(ဗဟို) ဖုန်း-09-400211990 ၊ 09-69 7774821 သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
ဦးရာဇ
Photo - The One
(Zawgyi)
အောင်လအန်ဆန်းကိုဂုဏ်ပြုသည့်အနေဖြင့် ကလပ်ပေါင်းစုံဖိတ်ခေါ် လက်ဝှေ့ပြိုင်ပွဲ ကျင်းပမည်
------ ------ ------ ------ -----

ကချင်ပြည်နယ်နေ့အထိမ်းအမှတ်နှင့် ကမ္ဘာ့ဝိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန်းအားဂုဏ်ပြုသည့်အနေဖြင့် ကလပ်ပေါင်းစုံဖိတ်ခေါ်Boxingပြိုင်ပွဲကို ၂၀၂၀ ဇန်နဝါရီလ၄ ရက်မှ ၁၀ ရက်အထိ မြစ်ကြီးနားမြို့တွင်ကျင်းပသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံလက်ဝှေ့ကလပ်များအသင်း(ဗဟို)မှ သိရသည်။

"အခုပွဲကို ကိုအောင်လအန်ဆန်ကိုဂုဏ်ပြုတဲ့အနေနဲ့ စီစဉ်ခြင်းဖြစ်ပါတယ်။ ပွဲက မြစ်ကြီးနားပြည်နယ် အားကစား ကွင်းမှာလုပ်ဖို့စီစဉ်ထားတယ်။ နောက်ဆုံးဖိုင်နယ်ရက်မှာတော့ အောင်လအန်ဆန်းကိုယ်တိုင် အားပေးမှာဖြစ်ပြီး သူကိုယ်တိုင် ဆုချီးမြှင့်ပေးမှာပါ။ ပြိုင်ပွဲအတွက် ဖောင်တွေကို ဒီလ ၁၅ ရက်နေ့အထိ လက်ခံသွားမှာပါ။ အမျိုးသမီးတွဲဆိုင်းတွေလည်း ပါပါ့မယ်"ဟုပွဲတွင်ကလပ်အသင်းများ(ဗဟို)အတွင်းရေးမှူး ဘုန်းမြင့်ဇော်က ပြောကြားခဲ့သည်။

အဆိုပါပွဲကို မြန်မာနိုင်ငံလက်ဝှေ့ကလပ်များအသင်း(ဗဟို)မှ ကြီးမှူးကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲတွင် လူငယ်ဝိတ်တန်း ၆ တန်း။ အလွတ်တန်း ၅ တန်းပါဝင်မည်ဖြစ်ရာ ကလပ်အသင်းပေါင်း(၂၀) မှ ကစားသမား(၁၃၀)ဦးခန့်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ပြိုင်ပွဲအတွက်ယှဉ်ပြိုင်လိုသောအားကစားသမားများနှင့် ကူညီပံ့ပိုးလိုသောကုမ္ပဏီလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံလက်ဝှေ့ကလပ်များအသင်း(ဗဟို) ဖုန်း-09-400211990 ၊ 09-69 7774821 သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
ဦးရာဇ
Photo – The One

No comments:

Post a Comment

My Blog List