Tuesday, November 26, 2019

၁၉၈၈ မှ ၂၀၁၀ ခုနှစ်ကာလအတွင်း နိုင်ငံ၏အမျိုးမျိုးသောသယံဇာတများကို အလွန်အကျွံထုတ်ယူခဲ့ကြဟု ဆို


Image may contain: one or more people, people sitting, outdoor and indoor

၁၉၈၈ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်ကာလအတွင်း နိုင်ငံ၏အမျိုးမျိုးသောသယံဇာတများကို အလွန်အကျွံ ထုတ်ယူခဲ့ကြကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြား လိုက်သည်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ပေါက်ခေါင်းမြို့နယ် တောင်နဝင်းကြိုးဝိုင်းအကွက်အမှတ်- ၂၀ တွင်နိုဝင်ဘာလ ၂၄ ရက်က ကျင်းပသည့် ကျွန်းစိုက်ခင်းသက်တမ်းနှစ် ၁၀၀ ပြည့်အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
“ ၁၉၈၈ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်ကာလအတွင်း နိုင်ငံ၏အမျိုးမျိုးသောသယံဇာတများကိုအလွန်အကျွံ ထုတ်ယူခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲ့သစ်တောဖုံးလွှမ်းမှုဟာ FRA- ၂၀၁၅ အရ နိုင်ငံရဲ့ဧရိယာ ၄၂ ဒဿမ ၉၂ ရာခိုင်နှုန်းဖြစ်ပြီးတော့ နှစ်စဉ် ပြုန်းတီးမှုနှုန်းဟာ နိုင်ငံရဲ့ဧရိယာ ၁ ဒဿမ ၇ ရာခိုင်နှုန်းခန့်ဖြစ်တဲ့အတွက်ကြောင့် ကြီးမားတဲ့စိန်ခေါ်မှု တစ်ခုဖြစ် ပါတယ်။ဒါကြောင့် သစ်တောဖုံးလွှမ်းမှုပြန်လည်ကောင်းမွန်လာစေရေး မြန်မာနိုင်ငံသစ်တောများပြန်လည် ထူထောင်ရေးစီမံကိန်းကို ၂၀၁၇-၂၀၁၈ မှ ၂၀၂၆-၂၀၂၇ အထိ ၁၀ နှစ်စီမံကိန်း ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ရာမှာယခုဆိုရင် ၃ နှစ်တာကာလရှိပြီ ဖြစ်ပါတယ်’’ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောသည်။
၂၅ နှစ်တာကာလအတွင်း မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သစ်တောပြုန်းတီးမှု တတိယအများဆုံး နိုင်ငံဖြစ်ခဲ့ပြီး အစိုးရသစ်လက်ထက်တွင် သစ်ထုတ်လုပ်မှုနှစ်ဝက်နီးပါးရပ်ဆိုင်းခဲ့ကာ ပဲခူးရိုးမအတွင်း သစ်ခုတ်လှဲမှုကို ၁၀ တာကာလ အတွင်းပိတ်ထားကြောင်း သိရသည်။
လက်ရှိတွင် သစ်ထုတ်လုပ်မှုများရပ်ဆိုင်းခြင်းကြောင့် သစ်ထုတ်လုပ်ရေးဆင်များ နိုင်ငံအဝှမ်းသစ်ဆွဲရန် မလိုအပ်တော့ဘဲ သစ်တောကြိုးဝိုင်းအတွင်းဘေးမဲ့လွှတ်ပေးထားရာ ဆင်ကောင်ရေရာနှင့်ချီရှိကြောင်း သိရသည်။
Image may contain: tree, plant, sky, table, outdoor and nature 
Image may contain: plant, tree, outdoor and nature 
Image may contain: 1 person, standing 
မင်းသီဟန်(အကုန်သိသတင်းဌာန)  
Unicode Version
၁၉၈၈ မှ ၂၀၁၀ ခုနှစ်ကာလအတွင်း နိုင်ငံ၏အမျိုးမျိုးသောသယံဇာတများကို အလွန်အကျွံထုတ်ယူခဲ့ကြဟု ဆို


၁၉၈၈ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်ကာလအတွင်း နိုင်ငံ၏အမျိုးမျိုးသောသယံဇာတများကို အလွန်အကျွံ ထုတ်ယူခဲ့ကြကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားလိုက်သည်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ပေါက်ခေါင်းမြို့နယ် တောင်နဝင်းကြိုးဝိုင်းအကွက်အမှတ်- ၂၀ တွင်နိုဝင်ဘာလ ၂၄ ရက်က ကျင်းပသည့် ကျွန်းစိုက်ခင်းသက်တမ်းနှစ် ၁၀၀ ပြည့်အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
“ ၁၉၈၈ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်ကာလအတွင်း နိုင်ငံ၏အမျိုးမျိုးသောသယံဇာတများကိုအလွန်အကျွံ ထုတ်ယူခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲ့သစ်တောဖုံးလွှမ်းမှုဟာ FRA- ၂၀၁၅ အရ နိုင်ငံရဲ့ဧရိယာ ၄၂ ဒဿမ ၉၂ ရာခိုင်နှုန်းဖြစ်ပြီးတော့ နှစ်စဉ်ပြုန်းတီးမှုနှုန်းဟာ နိုင်ငံရဲ့ဧရိယာ ၁ ဒဿမ ၇ ရာခိုင်နှုန်းခန့်ဖြစ်တဲ့အတွက်ကြောင့် ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ဒါကြောင့် သစ်တောဖုံးလွှမ်းမှုပြန်လည်ကောင်းမွန်လာစေရေး မြန်မာနိုင်ငံသစ်တောများပြန်လည်ထူထောင်ရေးစီမံကိန်းကို ၂၀၁၇-၂၀၁၈ မှ ၂၀၂၆-၂၀၂၇ အထိ ၁၀ နှစ်စီမံကိန်း ရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာမှာယခုဆိုရင် ၃ နှစ်တာကာလရှိပြီ ဖြစ်ပါတယ်’’ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောသည်။
၂၅ နှစ်တာကာလအတွင်း မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သစ်တောပြုန်းတီးမှု တတိယအများဆုံး နိုင်ငံဖြစ်ခဲ့ပြီး အစိုးရသစ်လက်ထက်တွင် သစ်ထုတ်လုပ်မှုနှစ်ဝက်နီးပါးရပ်ဆိုင်းခဲ့ကာ ပဲခူးရိုးမအတွင်း သစ်ခုတ်လှဲမှုကို ၁၀ တာကာလအတွင်းပိတ်ထားကြောင်း သိရသည်။
လက်ရှိတွင် သစ်ထုတ်လုပ်မှုများရပ်ဆိုင်းခြင်းကြောင့် သစ်ထုတ်လုပ်ရေးဆင်များ နိုင်ငံအဝှမ်းသစ်ဆွဲရန် မလိုအပ်တော့ဘဲ သစ်တောကြိုးဝိုင်းအတွင်းဘေးမဲ့လွှတ်ပေးထားရာ ဆင်ကောင်ရေရာနှင့်ချီရှိကြောင်း သိရသည်။
မင်းသီဟန်(အကုန်သိသတင်းဌာန)  

No comments:

Post a Comment

My Blog List