Tuesday, November 26, 2019

ဦးကိုနီအမှုမှ ဇေယျာဖြိုးနှင့်အောင်ဝင်းထွန်းတို့ကို ထိုက်သင့်သည့်ပြစ်ဒဏ်ပေးရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် လျှောက်လဲချက်ပေး



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီလုပ်ကြံခံရမှုနှင့်ပတ်သတ်ပြီး ဇေယျာဖြိုး နှင့် အောင်ဝင်းထွန်းတို့ကိုထိုက်သင့်သည့်ပြစ်ဒဏ်ပေးရန် နိုဝင်ဘာ ၂၆ ရက်နေ့က နေပြည်တော်၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်တွင် လျှောက်လဲချက်ပေးခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

”အဓိက ကျွန်တော်တို့ကတော့ ဇေယျာဖြိုးကို ၃၀၂၊ ၁(ခ)/၁၀၉ ပြည်ထောင်စုတရားလွှတ်တော်ချုပ်အဆင့်အထိ အတည်ဖြစ်ထားတဲ့ စွဲချက်အမိန့်အတိုင်း ထိုက်သင့်တဲ့ပြစ်ဒဏ်ပေးပါ။ နောက်ပြီးတော့ ဒီဟာဥစ္စာကိုဖျောက်ဖျက်မှုအရ ရာဇသတ်ကြီးပုဒ်မ၂၀၁ ပထမပိုင်းနဲ့ ရနှစ်ပေးလို့ရတာကို ၅နှစ်ထဲပေးထားတယ်။ ဒါကလဲပဲ စတိသဘောဖြစ်တယ်။ အဲ့တာအရလည်း ပြစ်ဒဏ်တိုးပါလို့ လျှောက်လဲတာပါ”ဟု ၎င်းကပြောသည်။
ထို့အပြင် အောင်ဝင်းထွန်းကိုလည်း ပြစ်မှုကျူးလွန်ပြီးကြောင်း ယုံကြည်ရန်အကြောင်းရှိလျက်၊ ၎င်း၏ညီအစ်ကို အောင်ဝင်းဇော် လွတ်မြောက်ရာလွတ်မြောက်ကြောင်းအတွက် အားပေးကူညီသည့်အတွက် ပြစ်ဒဏ် ၅ နှစ်အထိထိုက်သော်လည်း ထောင်ဒဏ် ၃နှစ်သာချမှတ်ပြီး ချုပ်ရက်မှာ ၁နှစ်ရှိသည့်အတွက် စတိသဘောဖြစ်နေပြီး မဖြစ်သင့်ကြောင်း ၎င်းကဆိုသည်။
“နိုင်ငံတော်မှာ အင်မတန်အရေးကြီးတဲ့ နိုင်ငံခြားသားတွေ ရင်းနှီးမြှုပ်နှံမယ့်သူတွေလာတဲ့ နိုင်ငံတကာလေဆိပ်မှာ လုပ်တာဗျ။ လူပုံအလယ်မှာလုပ်တာ အတင့်ရဲတာ။ စိန်ခေါ်တာ တရားဥပဒေကို ပြည်ထဲရေးဝန်ကြီးဌာနကိုလည်း စိန်ခေါ်တာ တရားရေးဌာနတွေကိုလည်း စိန်ခေါ်တာဖြစ်တဲ့အတွက် ဒီလိုစိန်ခေါ်မှုမျိုးနောက်ထပ် မကျူးလွန်ဖို့အောင်တော့ ထိုက်တန်တဲ့ပြစ်ဒဏ်ပေးဖို့ လိုတယ်ဆိုတာကို ကျွန်တော်တို့က ပြောခဲ့ခြင်းပဲဖြစ်ပါတယ်”ဟု ဦးရောဘတ်စန်းအောင်က ပြောသည်။
ထို့အပြင် အမှုမှာ ထင်ရှားနေသည့်အတွက် နိုင်ငံတော်ဘက်မှလိုက်ပါဆောင်ရွက်သော ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဥပဒေအရာရှိကလည်း ဇေယျာဖြိုးကို ပုဒ်မ၃၀၂၊ ၁(ခ)/၁၀၉ အရ စွဲချက်အတိုင်း အပြစ်ပေးသင့်ကြောင်း၊ အောင်ဝင်းထွန်းကိုလည်း ပြစ်ဒဏ်ကိုတိုးမြှင့်ခွင့်ပြုသင့်သည်ဟု ထောက်ခံသွားခဲ့ကြောင်း ၎င်းက သတင်းထောက်များကို ပြောပြသည်။
“တဘက်ရှေ့နေတွေကတော့ သူတို့လူတွေ အပြစ်မရှိကြောင်း၊ ဆက်နွယ်မှုမရှိဘူးဆိုတဲ့အကြောင်း အောင်ဝင်းခိုင်ကိုတောင်မှ ပြစ်မှုမကျူးလွန်သလို သံသယလို့ပြောတာ။ သူတို့ကတော့ ဒီဟာ အပြစ်မရှိတဲ့အတွက် သူတို့လူတွေကို တရားသေလွှတ်ပေးဖို့ လျှောက်ပါတယ်”ဟု ဦးရောဘတ်စန်းအောင်က ပြောသည်။
ထိုအပြန်အလှန်လျှောက်လဲချက်များနှင့်ပတ်သတ်ပြီး အမိန့်ချမှတ်မည့် ရက်ကိုမသိရှိရသေးကြောင်း၊ အမှုမှာ အများပြည်သူ စံနမူနာပြုလောက်သော အမိန့်တခု ထွက်မှာဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
အဆိုပါအမှုနှင့်ပတ်သတ်ပြီး ကြည်လင်းနှင့်အောင်ဝင်းဇော်တို့ကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက သေဒဏ်ချမှတ်ခဲ့ပြီး ဇေယျာဖြိုးကို အလုပ်နှင့်ထောင်ဒဏ် ၅နှစ်၊ အောင်ဝင်းထွန်းကို အလုပ်နှင့်ထောင်ဒဏ် ၃နှစ် အသီးသီးချမှတ်ထားသည်။
ထို့အပြင် ကြည်လင်းသည် အငှားယာဉ်မောင်းကိုနေဝင်း သေဆုံးမှုအတွက် ထောင်ဒဏ်နှစ် ၂၀၊ လက်နက်ကိုင်ဆောင်မှုအတွက် ထောင်ဒဏ် ၃နှစ်လည်းချမှတ်ခံခဲ့ရသည်။
တရားလွှတ်တော်ရှေ့နေဦးကိုနီအနေဖြင့် ၂၀၁ရနှစ်၊ ဇန်နဝါရီလ လကုန်ပိုင်းက ပြည်ပမှပြန်အလာ ရန်ကုန်လေဆိပ်တွင် ခေါင်းကိုသေနတ်နှင့်အနီးကပ် ပစ်ခတ်လုပ်ကြံခံခဲ့ရခြင်းဖြစ်သည်။
Image may contain: 5 people, phone, hat and beard 
Image may contain: 2 people, phone and hat 
ဖူးအောင်
(Zawgyi)
ဦးကိုနီအမှုမှ ဇေယျာဖြိုးနှင့်အောင်ဝင်းထွန်းတို့ကို ထိုက်သင့်သည့်ပြစ်ဒဏ်ပေးရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် လျှောက်လဲချက်ပေး
------ ------ ------ ----- -----

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီလုပ်ကြံခံရမှုနှင့်ပတ်သတ်ပြီး ဇေယျာဖြိုးနှင့် အောင်ဝင်းထွန်းတို့ကိုထိုက်သင့်သည့်ပြစ်ဒဏ်ပေးရန် နိုဝင်ဘာ ၂၆ ရက်နေ့က နေပြည်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် လျှောက်လဲချက်ပေးခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။
”အဓိက ကျွန်တော်တို့ကတော့ ဇေယျာဖြိုးကို ၃၀၂၊ ၁(ခ)/၁၀၉ ပြည်ထောင်စုတရားလွှတ်တော်ချုပ်အဆင့်အထိ အတည်ဖြစ်ထားတဲ့ စွဲချက်အမိန့်အတိုင်း ထိုက်သင့်တဲ့ပြစ်ဒဏ်ပေးပါ။ နောက်ပြီးတော့ ဒီဟာဥစ္စာကိုဖျောက်ဖျက်မှုအရ ရာဇသတ်ကြီးပုဒ်မ၂၀၁ ပထမပိုင်းနဲ့ ၇နှစ်ပေးလို့ရတာကို ၅နှစ်ထဲပေးထားတယ်။ ဒါကလဲပဲ စတိသဘောဖြစ်တယ်။ အဲ့တာအရလည်း ပြစ်ဒဏ်တိုးပါလို့ လျှောက်လဲတာပါ”ဟု ၎င်းကပြောသည်။
ထို့အပြင် အောင်ဝင်းထွန်းကိုလည်း ပြစ်မှုကျူးလွန်ပြီးကြောင်း ယုံကြည်ရန်အကြောင်းရှိလျက်၊ ၎င်း၏ညီအစ်ကို အောင်ဝင်းဇော် လွတ်မြောက်ရာလွတ်မြောက်ကြောင်းအတွက် အားပေးကူညီသည့်အတွက် ပြစ်ဒဏ် ၅ နှစ်အထိထိုက်သော်လည်း ထောင်ဒဏ် ၃နှစ်သာချမှတ်ပြီး ချုပ်ရက်မှာ ၁နှစ်ရှိသည့်အတွက် စတိသဘောဖြစ်နေပြီး မဖြစ်သင့်ကြောင်း ၎င်းကဆိုသည်။
“နိုင်ငံတော်မှာ အင်မတန်အရေးကြီးတဲ့ နိုင်ငံခြားသားတွေ ရင်းနှီးမြှုပ်နှံမယ့်သူတွေလာတဲ့ နိုင်ငံတကာလေဆိပ်မှာ လုပ်တာဗျ။ လူပုံအလယ်မှာလုပ်တာ အတင့်ရဲတာ။ စိန်ခေါ်တာ တရားဥပဒေကို ပြည်ထဲရေးဝန်ကြီးဌာနကိုလည်း စိန်ခေါ်တာ တရားရေးဌာနတွေကိုလည်း စိန်ခေါ်တာဖြစ်တဲ့အတွက် ဒီလိုစိန်ခေါ်မှုမျိုးနောက်ထပ် မကျူးလွန်ဖို့အောင်တော့ ထိုက်တန်တဲ့ပြစ်ဒဏ်ပေးဖို့ လိုတယ်ဆိုတာကို ကျွန်တော်တို့က ပြောခဲ့ခြင်းပဲဖြစ်ပါတယ်”ဟု ဦးရောဘတ်စန်းအောင်က ပြောသည်။
ထို့အပြင် အမှုမှာ ထင်ရှားနေသည့်အတွက် နိုင်ငံတော်ဘက်မှလိုက်ပါဆောင်ရွက်သော ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဥပဒေအရာရှိကလည်း ဇေယျာဖြိုးကို ပုဒ်မ၃၀၂၊ ၁(ခ)/၁၀၉ အရ စွဲချက်အတိုင်း အပြစ်ပေးသင့်ကြောင်း၊ အောင်ဝင်းထွန်းကိုလည်း ပြစ်ဒဏ်ကိုတိုးမြှင့်ခွင့်ပြုသင့်သည်ဟု ထောက်ခံသွားခဲ့ကြောင်း ၎င်းက သတင်းထောက်များကို ပြောပြသည်။
“တဘက်ရှေ့နေတွေကတော့ သူတို့လူတွေ အပြစ်မရှိကြောင်း၊ ဆက်နွယ်မှုမရှိဘူးဆိုတဲ့အကြောင်း အောင်ဝင်းခိုင်ကိုတောင်မှ ပြစ်မှုမကျူးလွန်သလို သံသယလို့ပြောတာ။ သူတို့ကတော့ ဒီဟာ အပြစ်မရှိတဲ့အတွက် သူတို့လူတွေကို တရားသေလွှတ်ပေးဖို့ လျှောက်ပါတယ်”ဟု ဦးရောဘတ်စန်းအောင်က ပြောသည်။
ထိုအပြန်အလှန်လျှောက်လဲချက်များနှင့်ပတ်သတ်ပြီး အမိန့်ချမှတ်မည့် ရက်ကိုမသိရှိရသေးကြောင်း၊ အမှုမှာ အများပြည်သူ စံနမူနာပြုလောက်သော အမိန့်တခု ထွက်မှာဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
အဆိုပါအမှုနှင့်ပတ်သတ်ပြီး ကြည်လင်းနှင့်အောင်ဝင်းဇော်တို့ကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက သေဒဏ်ချမှတ်ခဲ့ပြီး ဇေယျာဖြိုးကို အလုပ်နှင့်ထောင်ဒဏ် ၅နှစ်၊ အောင်ဝင်းထွန်းကို အလုပ်နှင့်ထောင်ဒဏ် ၃နှစ် အသီးသီးချမှတ်ထားသည်။
ထို့အပြင် ကြည်လင်းသည် အငှားယာဉ်မောင်းကိုနေဝင်း သေဆုံးမှုအတွက် ထောင်ဒဏ်နှစ် ၂၀၊ လက်နက်ကိုင်ဆောင်မှုအတွက် ထောင်ဒဏ် ၃နှစ်လည်းချမှတ်ခံခဲ့ရသည်။
တရားလွှတ်တော်ရှေ့နေဦးကိုနီအနေဖြင့် ၂၀၁၇နှစ်၊ ဇန်နဝါရီလ လကုန်ပိုင်းက ပြည်ပမှပြန်အလာ ရန်ကုန်လေဆိပ်တွင် ခေါင်းကိုသေနတ်နှင့်အနီးကပ် ပစ်ခတ်လုပ်ကြံခံခဲ့ရခြင်းဖြစ်သည်။
ဖူးအောင်

No comments:

Post a Comment

My Blog List