Tuesday, November 26, 2019

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့အား အသစ်ပြောင်းလဲဖွဲ့စည်းပေးရန်တောင်းဆို


Image may contain: 4 people, people sitting and indoor

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့အားအယုံအကြည်မရှိ၍ အသစ်ပြောင်းလဲဖွဲ့စည်းပေးရန် အမျိုးသားဒီမိုကရေစီ ပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်က တောင်းဆိုလိုက်သည်။

ရန်ကုန်မြို့ရှိ အောကစ်ဟောက်စ်တွင် နိုဝင်ဘာလ ၂၅ ရက်ကကျင်းပသော နိုင်ငံရေးပါတီ ၂၀ ကိုယ်စား သတင်းစာရှင်း လင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
“လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကို နိုင်ငံရေးပါတီတွေယုံကြည်တဲ့ကော်မရှင်နဲ့ကျင်းပပါ။ ဒါကျွန်တော်တို့ သဘောထားပဲ။ ဒါကြောင့်လည်းဒီပြဿနာတက်လာတာပေါ့။ ဒါကြောင့် ကျွန်တော်တို့ ဒါကသမ္မတကို ကျွန်တော်တို့တိုက် တွန်းတဲ့ဟာပဲ။ ကော်မရှင်ကိုသမ္မတကပဲဖွဲ့ရတာကိုး။ ဒါက၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရပြောတာ။ သမိုင်းစဉ်အလာ အရလည်း ၁၉၅၈ တုန်းကလည်းလွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲကိုသန့်ရှင်းဖဆပလအစိုးရအနေနဲ့မဆောင် ရွက်နိုင်တော့ဘူး။ အဲဒီအခါမှာလည်း ၄၇ အခြေခံဥပဒေဘောင်အတွင်းကပဲ တရားမျှတတဲ့ရွေးကောက်ပွဲပေါ်ပေါက်လာဖို့ အတွက် ဒီပါလီမန်သဘောတူညီချက်နဲ့ ပါလီမာန်ထောက်ခံချက်နဲ့ အခြေခံဥပဒေဘောင်အတွင်းကပဲ ဗိုလ်ချုပ်ကြီးနေဝင်းခေါင်းဆောင်တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲကို အိမ်စောင့်အစိုးရက ကျင်းပပေးခဲ့တာသမိုင်းမှာဖြစ်ခဲ့ပါ တယ်။ဒါကြောင့်မို့ လို့လာမယ့်ရွေးကောက်ပွဲနဲ့ပတ်သက်ရင် သာမာန်လမ်းကြောင်းလည်းရှိမှာပဲ။သမိုင်းဆိုင်ရာလည်းရှိမှာပဲ။အခုချိန်မှာ ကျွန်တော်တို့တိုင်းပြည်ရဲ့ကံကြမ္မာကို အကောင်းဘက်ကိုပြောင်းပေးနိုင်မယ့်အစိုးရမျိုး၊ ဆင်းရဲတွင်းကနေ နောက်ထပ်ငရဲတွင်းကိုမပို့မယ့် အစိုးရမျိုးအတွက် ဒီကော်မရှင်ကတော့မဖြစ်ဘူးလို့ ကျွန်တော်ကယုံကြည်ပါတယ်’’ဟု အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောသည်။
ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီပေါင်း ၂၀ ၏ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်၌ ထုတ်ပြန်ခဲ့သော သဘောထား ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း နိုင်ငံရေးပါတီအဖြစ်မှဖျက်သိမ်းခံရသည့် အထိ ဖြစ်သွားနိုင်ကြောင်း ပြန်လည်သတိပေးခဲ့သည်။
ရွေးကောက်ပွဲကော်မရှင်အားအယုံအကြည်မရှိကြောင်းတက်ရောက်လာသည့် နိုင်ငံရေးပါတီခေါင်းဆောင်များမှ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ပြီး၎င်းတို့၏သဘောထားများကိုနိုင်ငံတော်သမ္မတသိရန်ရှင်းလင်းပွဲလုပ်ရခြင်းဖြစ်ကြောင်း အမျိုးသားနိုင်ငံရေးမဟာမိတ်အဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးသိမ်းကြည်က ပြောသည်။
“ကော်မရှင်လဲဖို့ ကျွန်တော်တို့ဆန္ဒကတော့ပြောပြီးပြီလေ။ သမ္မတကမလဲရင်တော့ဘာမှမတတ်နိုင်ဘူး။ အခုကျွန်တော်တို့ ပြောတာသည် ကျွန်တော်တို့ဆန္ဒပဲ။ လုပ်ရမှာသူလုပ်ရမှာ။ နိုင်ငံရေးပါတီကပါးစပ်ပဲပါတာ။ ဒါလေးတော့လုပ်ပေးရင ်ကောင်းမယ်။ လွတ်လပ်သောကော်မရှင်ဖြစ်ဖို့ပေါ့။ဘာကြောင့်လဲဆိုတော့ ဒိုင်လူကြီးကဘောလုံးဝင်ကန်မှာစိုးလို့ဗျာ။ အခုက နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ကမဲဆွယ်လို့ရတယ်ဆိုတာကို ကော်မရှင်ကထွက်ပြောတော့ ကျွန်တော်တို့ကစိုးရိမ်ဖို့ မလိုဘူးလား”ဟု အမျိုးသားနိုင်ငံရေးမဟာမိတ် အဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဦးသိမ်းကြည်ကပြောသည်။
၂၀၂၀ ရွေးကောက်ပွဲအားတရားမျှတပြီးလွတ်လပ်သည့်ရွေးကောက်ပွဲအဖြစ်ကျင်းပပေးရန် စီစဉ်ထားပြီး နိုင်ငံရေးပါတီ များက မယုံကြည်ဟုပြောကြားခြင်းသည် ၎င်းတို့၏ပြောစကားများသာဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်ကလည်း ပြောကြားထားသည်။
Image may contain: 4 people, people smiling, people sitting and indoor 
Image may contain: 3 people, people sitting and indoor 
မင်းသီဟန်(အကုန်သိသတင်းဌာန)
Unicode Version
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့အား အသစ်ပြောင်းလဲဖွဲ့စည်းပေးရန်တောင်းဆို
-------- မင်းသီဟန်(အကုန်သိသတင်းဌာန) --------

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့အားအယုံအကြည်မရှိ၍ အသစ်ပြောင်းလဲဖွဲ့စည်းပေးရန် အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်က တောင်းဆိုလိုက်သည်။
ရန်ကုန်မြို့ရှိ အောကစ်ဟောက်စ်တွင် နိုဝင်ဘာလ ၂၅ ရက်ကကျင်းပသော နိုင်ငံရေးပါတီ ၂၀ ကိုယ်စား သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
“လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကို နိုင်ငံရေးပါတီတွေယုံကြည်တဲ့ကော်မရှင်နဲ့ကျင်းပပါ။ ဒါကျွန်တော်တို့သဘောထားပဲ။ ဒါကြောင့်လည်းဒီပြဿနာတက်လာတာပေါ့။ ဒါကြောင့် ကျွန်တော်တို့ ဒါကသမ္မတကို ကျွန်တော်တို့တိုက်တွန်းတဲ့ဟာပဲ။ ကော်မရှင်ကိုသမ္မတကပဲဖွဲ့ရတာကိုး။ ဒါက၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရပြောတာ။သမိုင်းစဉ်အလာအရလည်း ၁၉၅၈ တုန်းကလည်းလွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲကိုသန့်ရှင်းဖဆပလအစိုးရအနေနဲ့မဆောင်ရွက်နိုင်တော့ဘူး။ အဲဒီအခါမှာလည်း ၄၇ အခြေခံဥပဒေဘောင်အတွင်းကပဲ တရားမျှတတဲ့ရွေးကောက်ပွဲပေါ်ပေါက်လာဖို့အတွက် ဒီပါလီမန်သဘောတူညီချက်နဲ့ ပါလီမာန်ထောက်ခံချက်နဲ့ အခြေခံဥပဒေဘောင်အတွင်းကပဲ ဗိုလ်ချုပ်ကြီးနေဝင်းခေါင်းဆောင်တဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကို အိမ်စောင့်အစိုးရက ကျင်းပပေးခဲ့တာသမိုင်းမှာဖြစ်ခဲ့ပါတယ်။ဒါကြောင့်မို့လို့လာမယ့်ရွေးကောက်ပွဲနဲ့ပတ်သက်ရင် သာမာန်လမ်းကြောင်းလည်းရှိမှာပဲ။သမိုင်းဆိုင်ရာလည်းရှိမှာပဲ။အခုချိန်မှာ ကျွန်တော်တို့တိုင်းပြည်ရဲ့ကံကြမ္မာကို အကောင်းဘက်ကိုပြောင်းပေးနိုင်မယ့်အစိုးရမျိုး၊ ဆင်းရဲတွင်းကနေနောက်ထပ်ငရဲတွင်းကိုမပို့မယ့် အစိုးရမျိုးအတွက် ဒီကော်မရှင်ကတော့မဖြစ်ဘူးလို့ ကျွန်တော်ကယုံကြည်ပါတယ်’’ဟု အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောသည်။
ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီပေါင်း ၂၀ ၏ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်၌ ထုတ်ပြန်ခဲ့သော သဘောထားထုတ်ပြန်ချက်နှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း နိုင်ငံရေးပါတီအဖြစ်မှဖျက်သိမ်းခံရသည့်အထိ ဖြစ်သွားနိုင်ကြောင်း ပြန်လည်သတိပေးခဲ့သည်။
ရွေးကောက်ပွဲကော်မရှင်အားအယုံအကြည်မရှိကြောင်းတက်ရောက်လာသည့် နိုင်ငံရေးပါတီခေါင်းဆောင်များမှ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ပြီး၎င်းတို့၏သဘောထားများကိုနိုင်ငံတော်သမ္မတသိရန် ရှင်းလင်းပွဲလုပ်ရခြင်းဖြစ်ကြောင်း အမျိုးသားနိုင်ငံရေးမဟာမိတ်အဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးသိမ်းကြည်က ပြောသည်။
“ကော်မရှင်လဲဖို့ ကျွန်တော်တို့ဆန္ဒကတော့ပြောပြီးပြီလေ။ သမ္မတကမလဲရင်တော့ဘာမှမတတ်နိုင်ဘူး။ အခုကျွန်တော်တို့ပြောတာသည် ကျွန်တော်တို့ဆန္ဒပဲ။ လုပ်ရမှာသူလုပ်ရမှာ။ နိုင်ငံရေးပါတီကပါးစပ်ပဲပါတာ။ ဒါလေးတော့လုပ်ပေးရင်ကောင်းမယ်။ လွတ်လပ်သောကော်မရှင်ဖြစ်ဖို့ပေါ့။ဘာကြောင့်လဲဆိုတော့ ဒိုင်လူကြီးကဘောလုံးဝင်ကန်မှာစိုးလို့ဗျာ။ အခုက နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ကမဲဆွယ်လို့ရတယ်ဆိုတာကို ကော်မရှင်ကထွက်ပြောတော့ ကျွန်တော်တို့ကစိုးရိမ်ဖို့မလိုဘူးလား”ဟု အမျိုးသားနိုင်ငံရေးမဟာမိတ် အဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဦးသိမ်းကြည်ကပြောသည်။
၂၀၂၀ ရွေးကောက်ပွဲအားတရားမျှတပြီးလွတ်လပ်သည့်ရွေးကောက်ပွဲအဖြစ်ကျင်းပပေးရန် စီစဉ်ထားပြီး နိုင်ငံရေးပါတီများက မယုံကြည်ဟုပြောကြားခြင်းသည် ၎င်းတို့၏ပြောစကားများသာဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ကလည်း ပြောကြားထားသည်။

No comments:

Post a Comment

My Blog List