Thursday, November 28, 2019

သမ္မတနှင့်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ မဲဆွယ်စည်းရုံးရေးကာလတွင် နိုင်ငံတော်က ပေးအပ်ထားသည့် အဆောင်အယောင်များ အသုံးပြုခွင့်ရှိ


Image may contain: 2 people, people standing and indoor
နိုင်ငံတော် သမ္မတနှင့်အတိုင်ပင်ခံပုဂ္ဂိုလ်တို့သည် မဲဆွယ်စည်းရုံးရေးကာလ အတွင်း နိုင်ငံတော်က ပေးအပ်ထား သည့် အ ဆောင် အယောင်များအသုံးပြုခွင့် ရှိပြီး ဥပဒေအရ ပိတ်ပင်ထားခြင်းမရှိကြောင်း ရွေးကောက်ပွဲကော် မရှင်ပြော ရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်ကပြောကြားလိုက်သည်။
“နိုင်ငံတော်သမ္မတတို့ ၊နိုင်ငံတော်အတိုင်ပင်ခံတို့ကို ပေးအပ်ချီးမြှင့်ထားတဲ့ကားတို့ မော်တော်ကားပေါ့ ဒါ သူတိ့ု အတွက် လုံခြုံရေးအတွက် နိုင်ငံတေ်ာကနေ စီစဉ်ပေးထားတာ။ ဆိုတဲ့ အခါကျတော့ သူတို့ရဲ့ လုံခြုံရေးအတွက် စီစဉ်ထားတဲ့ ကိစ္စကို ဒါကို ဥပဒေအရ မလုပ်ရဘူးလို့ တားမြစ်ထားတာ မရှိပါဘူး။ တခြား ကားကိုသာ ပြောင်းစီး ရမယ်လို့ ။ ဒါနိုင်ငံတော်ရဲ့ လုံခြုံရေး နိုင်ငံတော်က စီမံပေးထားတာ အဲ့တော့ သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က သူရဲ့ လုံခြုံရေး ဒီကားတွေပဲ သူတို့ သွားရမယ်။ဒီလူတွေနဲ့ စောင့်ရှောက်ရမယ် ဥပဒေက ပြဋ္ဌာန်း ထား တဲ့ အခါကျတော့ ဒါတွေကို မသုံးရဘူးလို့ ပိတ်ပင်ထားတာ မရှိပါဘူး” ဟု ဦးမြင့်နိုင်ကပြောသည်။

ယနေ့ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် ဦးမြင့်နိုင်က အထက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၀( ဌ) တွင် နိုင်ငံတော်၏ ငွေကြေး ၊ပစ္စည်း၊မြေ တစုံတရာ ကို တရားဝင် ပိုင်ဆိုင် သုံးစွဲ ခွင့်ရရှိထားပါက ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိသည်ဟုပြဌာန်းထားကြောင်းသိရသည်။

ထို့အတူ နိုင်ငံ တော်၏ ငွေကြေး ၊ပစ္စည်း၊ နေအိမ်၊ အဆောက်အဦး၊ ယာဉ်များကို နိုင်ငံ အကျိုးအတွက် ဆောင်ရွက် သကဲ့သို့ တရားဝင် ရရှိထားသူများအနေဖြင့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း ဦးမြင့်နိုင်ကပြောကြားခဲ့သည်။

ယဉ်ကေနွယ်
(Zawgyi)

သမ္မတနှင့်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ မဲဆွယ်စည်းရုံးရေးကာလတွင် နိုင်ငံတော်က ပေးအပ်ထားသည့် အဆောင်အယောင်များ အသုံးပြုခွင့်ရှိ

နိုင်ငံတော် သမ္မတနှင့်အတိုင်ပင်ခံပုဂ္ဂိုလ်တို့သည် မဲဆွယ်စည်းရုံးရေးကာလ အတွင်း နိုင်ငံတော်က ပေးအပ်ထား သည့် အ ဆောင် အယောင်များအသုံးပြုခွင့် ရှိပြီး ဥပဒေအရ ပိတ်ပင်ထားခြင်းမရှိကြောင်း ရွေးကောက်ပွဲကော် မရှင်ပြော ရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်ကပြောကြားလိုက်သည်။

“နိုင်ငံတော်သမ္မတတို့ ၊နိုင်ငံတော်အတိုင်ပင်ခံတို့ကို ပေးအပ်ချီးမြှင့်ထားတဲ့ကားတို့ မော်တော်ကားပေါ့ ဒါ သူတို့ အတွက် လုံခြုံရေးအတွက် နိုင်ငံတေ်ာကနေ စီစဉ်ပေးထားတာ။ ဆိုတဲ့ အခါကျတော့ သူတို့ရဲ့ လုံခြုံရေးအတွက် စီစဉ်ထားတဲ့ ကိစ္စကို ဒါကို ဥပဒေအရ မလုပ်ရဘူးလို့ တားမြစ်ထားတာ မရှိပါဘူး။ တခြား ကားကိုသာ ပြောင်းစီး ရမယ်လို့ ။ ဒါနိုင်ငံတော်ရဲ့ လုံခြုံရေး နိုင်ငံတော်က စီမံပေးထားတာ အဲ့တော့ သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က သူရဲ့ လုံခြုံရေး ဒီကားတွေပဲ သူတို့ သွားရမယ်။ဒီလူတွေနဲ့ စောင့်ရှောက်ရမယ် ဥပဒေက ပြဋ္ဌာန်း ထား တဲ့ အခါကျတော့ ဒါတွေကို မသုံးရဘူးလို့ ပိတ်ပင်ထားတာ မရှိပါဘူး” ဟု ဦးမြင့်နိုင်ကပြောသည်။

ယနေ့ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် ဦးမြင့်နိုင်က အထက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၀( ဌ) တွင် နိုင်ငံတော်၏ ငွေကြေး ၊ပစ္စည်း၊မြေ တစုံတရာ ကို တရားဝင် ပိုင်ဆိုင် သုံးစွဲ ခွင့်ရရှိထားပါက ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိသည်ဟုပြဌာန်းထားကြောင်းသိရသည်။

ထို့အတူ နိုင်ငံ တော်၏ ငွေကြေး ၊ပစ္စည်း၊ နေအိမ်၊ အဆောက်အဦး၊ ယာဉ်များကို နိုင်ငံ အကျိုးအတွက် ဆောင်ရွက် သကဲ့သို့ တရားဝင် ရရှိထားသူများအနေဖြင့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း ဦးမြင့်နိုင်ကပြောကြားခဲ့သည်။

No comments:

Post a Comment

My Blog List