Wednesday, November 27, 2019

မြဝတီရောက် ကရင်ဒုက္ခသည်တွေအတွက် ဂျပန်က နေအိမ် ၂၀၀ လှူ



ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်မြို့သစ်မှာ စစ်ဘေးရှောင်တွေနဲ့ဒေသခံတွေအတွက် ဂျပန်နိုင်ငံ နီပွန်ဖောင်းဒေးရှင်းက ဆောက်လုပ်လှူဒါန်းထားတဲ့ နေအိမ်၂၀၀ ကို ဒီနေ့ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

ဒီမြို့သစ်ကနေ အိမ်သစ်ပေးအပ်ပွဲကို နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးတို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ယခင်က တိုက်ပွဲအပြင်းအထန်ဖြစ်ပွားတဲ့ဒေသမှာ တည်ဆောက်ထားတဲ့ လေးကေ့ကော်မြို့သစ်ဟာ မြဝတီမြို့ကနေ ၉ မိုင်အကွာမှာ ရှိပြီး ၂၀၁၅ ခုနှစ်မှာ မြို့သစ်စီမံကိန်းကို စတင် အကောင်ထည်ဖော်တာခဲ့တာပါ။
ဒီမြို့သစ်မှာ ဒေသခံတွေ၊ ထိုင်းမြန်မာနယ်စပ်ရှိဒုက္ခ သည်စခန်းတွေကနေ ပြည်တော်ပြန်မယ့်သူတွေအတွက် စီစဉ်ထားတဲ့နေအိမ်အလုံး ၇၀၀ ရှိတယ်လို့ သိရပါတယ်။
ထိုင်းမြန်မာနယ်စပ် စခန်း ၉ ခုမှာ မြန်မာဘက်ကနေ ရောက်ရှိခိုလှုံနေတဲ့သူအရေအတွက် ၉၃,၂၈၃ ဦး ရှိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ပြီးခဲ့တဲ့လ ထုတ်ပြန်ချက်တစ်စောင်မှာ ဖော်ပြထားပါတယ်။ အများစုက ကရင်တိုင်းရင်းသားတွေ ဖြစ်ပါတယ်။ 
- Unicode
~~~~~~~~~~~~~~~

ျမဝတီေရာက္ ကရင္ဒုကၡသည္ေတြအတြက္ ဂ်ပန္က ေနအိမ္ ၂၀၀ လႉ
~~~~~~
■ ကရင္ျပည္နယ္ ျမဝတီၿမိဳ႕နယ္ ေလးေက့ေကာ္ၿမိဳ႕သစ္မွာ စစ္ေဘးေရွာင္ေတြနဲ႔ေဒသခံေတြအတြက္ ဂ်ပန္ႏိုင္ငံ နီပြန္ေဖာင္းေဒးရွင္းက ေဆာက္လုပ္လႉဒါန္းထားတဲ့ ေနအိမ္၂၀၀ ကို ဒီေန႔ လႊဲေျပာင္းေပးအပ္ခဲ့ပါတယ္။

ဒီၿမိဳ႕သစ္ကေန အိမ္သစ္ေပးအပ္ပြဲကို နယ္စပ္ေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီးရဲေအာင္၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္၊ KNU ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး မူတူးေစးဖိုးတို႔ တက္ေရာက္ခဲ့တယ္လို႔ သိရပါတယ္။
ယခင္က တိုက္ပြဲအျပင္းအထန္ျဖစ္ပြားတဲ့ေဒသမွာ တည္ေဆာက္ထားတဲ့ ေလးေက့ေကာ္ၿမိဳ႕သစ္ဟာ ျမဝတီၿမိဳ႕ကေန ၉ မိုင္အကြာမွာ ရွိၿပီး ၂၀၁၅ ခုႏွစ္မွာ ၿမိဳ႕သစ္စီမံကိန္းကို စတင္ အေကာင္ထည္ေဖာ္တာခဲ့တာပါ။
ဒီၿမိဳ႕သစ္မွာ ေဒသခံေတြ၊ ထိုင္းျမန္မာနယ္စပ္ရွိဒုကၡ သည္စခန္းေတြကေန ျပည္ေတာ္ျပန္မယ့္သူေတြအတြက္ စီစဥ္ထားတဲ့ေနအိမ္အလုံး ၇၀၀ ရွိတယ္လို႔ သိရပါတယ္။
ထိုင္းျမန္မာနယ္စပ္ စခန္း ၉ ခုမွာ ျမန္မာဘက္ကေန ေရာက္ရွိခိုလႈံေနတဲ့သူအေရအတြက္ ၉၃,၂၈၃ ဦး ရွိတယ္လို႔ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံးရဲ႕ ၿပီးခဲ့တဲ့လ ထုတ္ျပန္ခ်က္တစ္ေစာင္မွာ ေဖာ္ျပထားပါတယ္။ အမ်ားစုက ကရင္တိုင္းရင္းသားေတြ ျဖစ္ပါတယ္။ 

No comments:

Post a Comment

My Blog List