Monday, November 25, 2019

TNLA ထံမှ သိမ်းဆည်းမိသည့် လေယာဉ်ပစ် FN 6 ပခုံးထမ်းအမြှောက် တရုတ်နိုင်ငံထုတ်ဖြစ်ပြီး ဒေါ်လာ ၇၅၀၀၀ မှ ၉၀၀၀၀ အထိ တန်ကြေးရှိ


Image may contain: one or more people and outdoorNo photo description available.
ပလောင်တပ်မတော် TNLA ထံမှ သိမ်းဆည်းရမိသည့် လေယာဉ်ပစ် FN 6 ပခုံး ထမ်းအမြှောက် အပါအဝင် လက်နက်များ သည် တရုတ်နိုင်ငံထုတ်များ ပါဝင်နေပြီး ပခုံးထမ်း လေယာဉ်ပစ် အမြှောက်သည် ဒေါ်လာ ၇၅၀၀၀ မှ ၉၀၀၀၀ အထိ တန်ကြေးရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောဆိုသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့ နေပြည်တော်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက သတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို ဖြေကြားစဉ် အထက်ပါအတိုင်း ပြောဆိုသွားခြင်းဖြစ်သည်။
"တရုတ်နိုင်ငံလုပ် လက်နက် တော်တော်များများ ပါနေတာ တွေ့ရှိရမှာဖြစ်ပါတယ်။ ဥပမာ- FN 6 ဆိုရင် မြေပြင်ကနေ ဝေဟင်ပစ်တဲ့ လက်နက်မျိုးဖြစ်ပါတယ်။FN 6 က Third Generation လက်နက်မျိုးဖြစ်တာပေါ့။ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှ ထွက်လာတဲ့ လက်နက်အမျိုးအစားဖြစ်ပါတယ်။ FN6 က Export အတွက် ပေးထားတဲ့ နာမည်မျိုးလို့ ရေးထားတာ တွေ့ပါလိမ့်မယ်။ ဒီလို ဗားရှင်းအတူတူကို တရုတ်တပ်မတော်မှာ သုံးနေတဲ့ နာမည်က ဟုန်ရင်း HY နဲ့ ပြည်တွင်းမှာ ထုတ်တယ်။ ဒီဟာက Export ဆိုပြီးတော့ အခြားနိုင်ငံတွေ တင်ပို့တာ တွေ့ရမှာဖြစ်ပါတယ်။ ကျန်တဲ့ လက်နက်တွေက လည်း ထုတ်တဲ့ခုနှစ်တွေမှာ အမျိုးမျိုး ဗားရှင်းတွေ ရှိတာပေါ့။ လက်နက်ဆိုတာ ပြန်ပြီးတော့ ပြုပြီးသုံးလို့ရတဲ့ စနစ်တွေရှိတယ်။ အဟောင်းတွေကို အသစ်ပြန်လုပ်တာရှိတယ်။ အဟောင်းကို Over All ပြန်လုပ်ပြီးတော့ အသစ်ကဲ့သို့ အသုံးပြုတာလည်းရှိတယ်။ အသစ်စက်စက်တော့ မဟုတ်လောက်ဘူးလို့ ယူဆရတယ်။ ဥပမာ- FN 6 တစ်လက်ဆိုရင်ပဲ ၂၀၀၉ ခုနှစ် စျေးနှုန်းအရ တစ်လက်ကို ဒေါ်လာ ၇၅၀၀၀ ကနေ ၉၀၀၀၀ ပတ်ဝန်းကျင်ရှိတယ်လို့ ကျနော်တို့ တွေ့ရှိရပါ တယ်" ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ဆက်လက်ပြောဆိုသည်။
အဆိုပါ လက်နက်များကို TNLA အနေဖြင့် တရုတ်နိုင်ငံထံမှ တရားဝင် ရယူခြင်း မဟုတ်ဘဲ တရားမဝင်သော နည်းလမ်း များဖြင့် ရယူခြင်းဖြစ်နိုင်သည်ဟု ၎င်းက သုံးသပ်ပြောဆိုသည်။
"တရုတ်က ထုတ်တဲ့ လက်နက်တွေ တရားဝင် နည်းလမ်းနဲ့တော့ ရစရာ အကြောင်းမရှိဘူး တရားမဝင်တဲ့ နည်းလမ်းနဲ့ သူတို့ရတယ်လို့ ဒီလိုပဲ ဖြေရမှာပဲ" ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ရှင်းပြသည်။
တပ်မတော်က နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်း ဟိုမိန်းကျေးရွာအနီးတွင် TNLA ပိုင်ဆိုင်သည့် လက်နက်၊ ခဲယမ်းများမှာ K-12 ပခုံးထမ်းလေယာဉ်ပစ်လက်နက် ၁ လက် အပါအဝင် လက်နက်မျိုးစုံ ၁၇၀ လက်၊ ခဲယမ်းမျိုးစုံ ၈ မျိုး(ကျည်မျိုးစုံ ၄၆၂၆၅ တောင့်၊ ဗုံးသီးမျိုးစုံ ၂၄၆ လုံး၊ ယမ်းဗူး ၈၈၅ ဗူး)နှင့် ယူနီဖောင်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းမိကြောင်း သတင်းထုတ်ပြန်ထားသည်။

(Unicode)
TNLA ထံမှ သိမ်းဆည်းမိသည့် လေယာဉ်ပစ် FN 6 ပခုံးထမ်းအမြှောက် တရုတ်နိုင်ငံထုတ်ဖြစ်ပြီး ဒေါ်လာ ၇၅၀၀၀ မှ ၉၀၀၀၀ အထိ တန်ကြေးရှိ

ပလောင်တပ်မတော် TNLA ထံမှ သိမ်းဆည်းရမိသည့် လေယာဉ်ပစ် FN 6 ပခုံး ထမ်းအမြှောက် အပါအဝင် လက်နက်များသည် တရုတ်နိုင်ငံထုတ်များ ပါဝင်နေပြီး ပခုံးထမ်း လေယာဉ်ပစ် အမြှောက်သည် ဒေါ်လာ ၇၅၀၀၀ မှ ၉၀၀၀၀ အထိ တန်ကြေးရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောဆိုသည်။
နိုဝင်ဘာလ ၂၄ ရက်နေ့ နေပြည်တော်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက သတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို ဖြေကြားစဉ် အထက်ပါအတိုင်း ပြောဆိုသွားခြင်းဖြစ်သည်။
"တရုတ်နိုင်ငံလုပ် လက်နက် တော်တော်များများ ပါနေတာ တွေ့ရှိရမှာဖြစ်ပါတယ်။ ဥပမာ- FN 6 ဆိုရင် မြေပြင်ကနေ ဝေဟင်ပစ်တဲ့ လက်နက်မျိုးဖြစ်ပါတယ်။FN 6 က Third Generation လက်နက်မျိုးဖြစ်တာပေါ့။ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှ ထွက်လာတဲ့ လက်နက်အမျိုးအစားဖြစ်ပါတယ်။ FN6 က Export အတွက် ပေးထားတဲ့ နာမည်မျိုးလို့ ရေးထားတာ တွေ့ပါလိမ့်မယ်။ ဒီလို ဗားရှင်းအတူတူကို တရုတ်တပ်မတော်မှာ သုံးနေတဲ့ နာမည်က ဟုန်ရင်း HY နဲ့ ပြည်တွင်းမှာ ထုတ်တယ်။ ဒီဟာက Export ဆိုပြီးတော့ အခြားနိုင်ငံတွေ တင်ပို့တာ တွေ့ရမှာဖြစ်ပါတယ်။ ကျန်တဲ့ လက်နက်တွေကလည်း ထုတ်တဲ့ခုနှစ်တွေမှာ အမျိုးမျိုး ဗားရှင်းတွေ ရှိတာပေါ့။ လက်နက်ဆိုတာ ပြန်ပြီးတော့ ပြုပြီးသုံးလို့ရတဲ့ စနစ်တွေရှိတယ်။ အဟောင်းတွေကို အသစ်ပြန်လုပ်တာရှိတယ်။ အဟောင်းကို Over All ပြန်လုပ်ပြီးတော့ အသစ်ကဲ့သို့ အသုံးပြုတာလည်းရှိတယ်။ အသစ်စက်စက်တော့ မဟုတ်လောက်ဘူးလို့ ယူဆရတယ်။ ဥပမာ- FN 6 တစ်လက်ဆိုရင်ပဲ ၂၀၀၉ ခုနှစ် ဈေးနှုန်းအရ တစ်လက်ကို ဒေါ်လာ ၇၅၀၀၀ ကနေ ၉၀၀၀၀ ပတ်ဝန်းကျင်ရှိတယ်လို့ ကျနော်တို့ တွေ့ရှိရပါတယ်" ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ဆက်လက်ပြောဆိုသည်။
အဆိုပါ လက်နက်များကို TNLA အနေဖြင့် တရုတ်နိုင်ငံထံမှ တရားဝင် ရယူခြင်း မဟုတ်ဘဲ တရားမဝင်သော နည်းလမ်းများဖြင့် ရယူခြင်းဖြစ်နိုင်သည်ဟု ၎င်းက သုံးသပ်ပြောဆိုသည်။
"တရုတ်က ထုတ်တဲ့ လက်နက်တွေ တရားဝင် နည်းလမ်းနဲ့တော့ ရစရာ အကြောင်းမရှိဘူး တရားမဝင်တဲ့ နည်းလမ်းနဲ့ သူတို့ရတယ်လို့ ဒီလိုပဲ ဖြေရမှာပဲ" ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ရှင်းပြသည်။
တပ်မတော်က နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်း ဟိုမိန်းကျေးရွာအနီးတွင် TNLA ပိုင်ဆိုင်သည့် လက်နက်၊ ခဲယမ်းများမှာ K-12 ပခုံးထမ်းလေယာဉ်ပစ်လက်နက် ၁ လက် အပါအဝင် လက်နက်မျိုးစုံ ၁၇၀ လက်၊ ခဲယမ်းမျိုးစုံ ၈ မျိုး(ကျည်မျိုးစုံ ၄၆၂၆၅ တောင့်၊ ဗုံးသီးမျိုးစုံ ၂၄၆ လုံး၊ ယမ်းဗူး ၈၈၅ ဗူး)နှင့် ယူနီဖောင်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းမိကြောင်း သတင်းထုတ်ပြန်ထားသည်။

No comments:

Post a Comment

My Blog List