Monday, November 25, 2019

၂၀၂၀ ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ် ၁၇ မြို့နယ်တွင် မဲစာရင်းကောက်ယူပြီးစီး


တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းအပါအ၀င် မြို့နယ် ၁၇  မြို့နယ်မှာ မဲဆန္ဒရှင်စာရင်း ကောက်ယူပြီးစီးသွားပြီလို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရုံးက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ တိုက်ပွဲတွေဖြစ်ပွားနေပေမယ့်  လာမယ့် ၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက် ပွဲကိုတော့ ရခိုင်ပြည်နယ်မှာ ကျင်းပသွားမယ်လို့လည်း ဆိုပါတယ်။
ရခိုင်ပြည်နယ်မြို့နယ်အသီးသီးရှိ စစ်ဘေးရှောင်းစခန်းတွေမှာရောက်ရှိနေတဲ့ လူဦးရေနဲ့ ဒေသတွင်းမှာမရှိတဲ့ အဝေးရောက်လူတချို့မဲစာရင်းတွေမှာ ကျန်နေတာရှိပေမယ့် ၂၀၁၅ ခုနှစ် ရှိပြီးသားဖြစ်တဲ့ အခြေခံမဲစာရင်းကို မူတည်ပြီးပြုစုတာဖြစ်တာကြောင့် မဲစာရင်းအနည်းငယ် သာကျန်ရှိမယ်လို့ ဆိုပါတယ်။
လက်ရှိတပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲတွေဖြစ်လို့ နေရပ်စွန့်ခွာထွက်ပြေး နေကြတာများပြား လာတာကြောင့် ကျေးရွာတွေမှာ လူတွေမရှိတော့ဘဲ အခြားနေရာအသီးသီး ရောက်သွားတယ်လို့ ဆိုပါတယ်။
လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်အတွင်းမှာ ရွေးကောက်ပွဲ ကျင်းပ ဖြစ်မဖြစ်ဆိုတာကိုတော့ ရခိုင် အမျိုးသားပါတီအနေနဲ့ စိုးရိမ်မှုတွေမရှိသလို တကယ့်လွတ်လပ်ပြီး တရားမျှတဲ့  ရွေးကောက်ပွဲဖြစ်မလားဆိုတဲ့ အပေါ်မှာတော့ မေးခွန်းထုတ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှာ မဲရုံပေါင်း ၂၁၀၀ ကျော်ဖွင့်လှစ်ခဲ့ပြီး  မဲပေးခဲ့သူဦးရေ ၁၄ သိန်းရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ရှမ်းပြည်နယ်မှာ နယ်မြေမငြိမ်သက်လို့ မဲဆန္ဒနယ် ၁၀၀ ကျော်ထဲက  မဲဆန္ဒနယ် ၃၀ လောက် ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ခြင်း မရှိပါဘူး။ 

No comments:

Post a Comment

My Blog List