Monday, November 25, 2019

အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို လက်ခံရန် စည်းရုံးသည့် ရှမ်းဝန်ကြီးကို ရွာထဲအဝင်မခံဘဲ ပိတ်ဆို့၊ ဝန်ကြီးနှင့် ရွာသားများ ၁ နာရီကြာ စကားများ


Image may contain: 5 people, people smiling, people standing and outdoor
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ နမ္မတူမြစ်ကမ်းဘေးတွင် တည်ဆောက်နေသည့် အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းကို လက်ခံရန် တာလုံကျေးရွာသားများ လာရောက်စည်းရုံးသည့် ရှမ်းပြည်နယ်အစိုးရဝန်ကြီး ဦးစိုင်းဆိုင်တစ်လုံကို ရွာသားများ ရွာထဲအဝင်မခံဘဲ ပိတ်ဆို့ ဆန္ဒပြပြီး ဝန်ကြီးနှင့် ၁ နာရီကြာ စကားများခဲ့ကြကြောင်း သိရှိရသည်။

နိုဝင်ဘာ ၂၄ ရက်နေ့ ရှမ်းပြည်နယ်အစိုးရ၊ လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးစိုင်းဆိုင်တစ်လုံနှင့် အဖွဲ့ဝင် ၂၀ ကျော်သည် တာလုံကျေးရွာသားများနှင့် လာရောက် တွေ့ဆုံရန် ကြိုးပမ်းခဲ့ကြောင်း၊ တွေ့ဆုံမည့် အကြောင်းအရာမှာ အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို လက်ခံရန် မြေယာလျှော်ကြေးရယူရန် ဖြစ်ကြောင်း၊ ရှမ်းအစိုးရ ဝန်ကြီးသည် တာလုံကျေးရွာသို့ အကြိမ်ကြိမ် လာရောက်ပြီး အထက်ရဲရွာရေအားလျှပ်စစ်စစီမံကိန်းအတွက် မြေယာများ သိမ်းဆည်းပြီး လျှော်ကြေးယူကြရန် တာလုံကျေးရွာဒေသခံများကို အကြိမ်ကြိမ် စည်းရုံးခဲ့ကြောင်း၊ ယခုတစ်ကြိမ်တွင်မူ ရွာသားများက လုံးဝ လက်မခံဘဲ ရွာထိပ်တွင် ပိတ်ဆို့ ဆန္ဒပြခြင်းဖြစ်ကြောင်း တာလုံးကျေးရွာသား ဦးစိုင်းထမ်းအိုက် ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောသည်။
"သူ့ကို မကြိုဆိုဘဲ ဆန္ဒပြလို့ ကူညီစရာ အကြောင်းမရှိတော့ဘူးပြောတယ် ဝန်ကြီးက။ ကျနော်တို့ ရွာသားတွေဘက်ကလည်း သူတို့ မကူညီလို့ ဆန္ဒပြရတာ။ အထက်ရဲရွာ စီမံကိန်းကို တာလုံကျေးရွာက ၂၀၁၄ ကတည်းက ကန့်ကွက်လာတာပါ။ ရွာသားတွေ ကန့်ကွက်နေတာ ဘယ်သူမှ နားမထောင်ဘူး။ ရဲရွာ စီမံကိန်းအတွက် ရွာကို ရွှေ့ပေးဖို့ လျှော်ကြေးယူဖို့ပဲ ပြောနေကြတယ်" ဟု ဦးစိုင်းထမ်းအိုက်က ပြောသည်။
ရှမ်းအစိုးရဝန်ကြီး ဦးစိုင်းဆိုင်တစ်လုံနှင့် ရွာသားများသည် တာလုံကျေးရွာထိပ်တွင် ၁ နာရီကြာ အချင်းများခဲ့ပြီး ဝန်ကြီးက ရွာထဲသို့ လှည့်ပတ်ကြည့်လိုကြောင်း ခွင့်တောင်းသဖြင့် ဝန်ကြီးတစ်ဦးတည်းကိုသာ ဆိုင်ကယ်ဖြင့် ရွာထဲ လှည့်ကြည့်ခွင့်ပေးခဲ့ကြောင်း၊ ဝန်ကြီးနှင့် လိုက်ပါလာသည့် ဝန်ထမ်း ၂၀ ကျော်ကိုမူ ရွာထိပ်တွင်ပင် ပိတ်ဆို့ထားခဲ့သည်ဟု သိရှိရသည်။
"ကျမတို့က အထက်ရဲရွာ ရေကာတာ စီမံကိန်းကို ရပ်တန့်ပေးဖို့ အကြိမ်ပေါင်းများစွာ တောင်းဆိုခဲ့ပြီးပြီ။ သို့ပေမယ့် အစိုးရက ကျမတို့ အသံကို နားမထောင်တာ။ သူတို့လာတာလည်း ရေကာတာကို ဆောက်ဖို့ အရေးပဲ လာပြောမယ်ဆိုတော့ ဘာကြောင့် ကျမတို့က ဝန်ကြီးနဲ့ တွေ့စရာ အကြောင်းရှိလဲ" ဟု တာလုံကျေးရွာသူ နမ်းလောဝ်ခမ်းက ပြောသည်။
အထက်ရဲရွာစီမံကိန်းကို တရုတ်၊ ဂျပန်၊ ဂျာမနီနှင့် ဆွစ်ဇာလန်နိုင်ငံများမှ ကုမ္မဏီများက အကောင်အထည်ဖော်နေပြီး စီမံကိန်းကြောင့် လူဦးရေ ၇၀၀ ခန့်နေထိုင်သော တာလုံကျေးရွာသည် လုံးဝ ရေအောက်သို့ ရောက်ရှိသွားမည်ဖြစ်သည်။
Image may contain: 2 people, people standing and outdoor 
Image may contain: 4 people, crowd and outdoor 
Photo Credit - Shan Farmers
(Unicode)
အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို လက်ခံရန် စည်းရုံးသည့် ရှမ်းဝန်ကြီးကို ရွာထဲအဝင်မခံဘဲ ပိတ်ဆို့၊ ဝန်ကြီးနှင့်ရွာသားများ ၁ နာရီကြာ စကားများ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ နမ္မတူမြစ်ကမ်းဘေးတွင် တည်ဆောက်နေသည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို လက်ခံရန် တာလုံကျေးရွာသားများ လာရောက်စည်းရုံးသည့် ရှမ်းပြည်နယ်အစိုးရဝန်ကြီး ဦးစိုင်းဆိုင်တစ်လုံကို ရွာသားများ ရွာထဲအဝင်မခံဘဲ ပိတ်ဆို့ ဆန္ဒပြပြီး ဝန်ကြီးနှင့် ၁ နာရီကြာ စကားများခဲ့ကြကြောင်း သိရှိရသည်။
နိုဝင်ဘာ ၂၄ ရက်နေ့ ရှမ်းပြည်နယ်အစိုးရ၊ လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးစိုင်းဆိုင်တစ်လုံနှင့် အဖွဲ့ဝင် ၂၀ ကျော်သည် တာလုံကျေးရွာသားများနှင့် လာရောက် တွေ့ဆုံရန် ကြိုးပမ်းခဲ့ကြောင်း၊ တွေ့ဆုံမည့် အကြောင်းအရာမှာ အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို လက်ခံရန် မြေယာလျှော်ကြေးရယူရန် ဖြစ်ကြောင်း၊ ရှမ်းအစိုးရ ဝန်ကြီးသည် တာလုံကျေးရွာသို့ အကြိမ်ကြိမ် လာရောက်ပြီး အထက်ရဲရွာရေအားလျှပ်စစ်စစီမံကိန်းအတွက် မြေယာများ သိမ်းဆည်းပြီး လျှော်ကြေးယူကြရန် တာလုံကျေးရွာဒေသခံများကို အကြိမ်ကြိမ် စည်းရုံးခဲ့ကြောင်း၊ ယခုတစ်ကြိမ်တွင်မူ ရွာသားများက လုံး၀ လက်မခံဘဲ ရွာထိပ်တွင် ပိတ်ဆို့ ဆန္ဒပြခြင်းဖြစ်ကြောင်း တာလုံးကျေးရွာသား ဦးစိုင်းထမ်းအိုက် ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောသည်။
"သူ့ကို မကြိုဆိုဘဲ ဆန္ဒပြလို့ ကူညီစရာ အကြောင်းမရှိတော့ဘူးပြောတယ် ဝန်ကြီးက။ ကျနော်တို့ ရွာသားတွေဘက်ကလည်း သူတို့ မကူညီလို့ ဆန္ဒပြရတာ။ အထက်ရဲရွာ စီမံကိန်းကို တာလုံကျေးရွာက ၂၀၁၄ ကတည်းက ကန့်ကွက်လာတာပါ။ ရွာသားတွေ ကန့်ကွက်နေတာ ဘယ်သူမှ နားမထောင်ဘူး။ ရဲရွာ စီမံကိန်းအတွက် ရွာကို ရွှေ့ပေးဖို့ လျှော်ကြေးယူဖို့ပဲ ပြောနေကြတယ်" ဟု ဦးစိုင်းထမ်းအိုက်က ပြောသည်။
ရှမ်းအစိုးရဝန်ကြီး ဦးစိုင်းဆိုင်တစ်လုံနှင့် ရွာသားများသည် တာလုံကျေးရွာထိပ်တွင် ၁ နာရီကြာ အချင်းများခဲ့ပြီး ဝန်ကြီးက ရွာထဲသို့ လှည့်ပတ်ကြည့်လိုကြောင်း ခွင့်တောင်းသဖြင့် ဝန်ကြီးတစ်ဦးတည်းကိုသာ ဆိုင်ကယ်ဖြင့် ရွာထဲ လှည့်ကြည့်ခွင့်ပေးခဲ့ကြောင်း၊ ဝန်ကြီးနှင့် လိုက်ပါလာသည့် ဝန်ထမ်း ၂၀ ကျော်ကိုမူ ရွာထိပ်တွင်ပင် ပိတ်ဆို့ထားခဲ့သည်ဟု သိရှိရသည်။
"ကျမတို့က အထက်ရဲရွာ ရေကာတာ စီမံကိန်းကို ရပ်တန့်ပေးဖို့ အကြိမ်ပေါင်းများစွာ တောင်းဆိုခဲ့ပြီးပြီ။ သို့ပေမယ့် အစိုးရက ကျမတို့ အသံကို နားမထောင်တာ။ သူတို့လာတာလည်း ရေကာတာကို ဆောက်ဖို့ အရေးပဲ လာပြောမယ်ဆိုတော့ ဘာကြောင့် ကျမတို့က ဝန်ကြီးနဲ့ တွေ့စရာ အကြောင်းရှိလဲ" ဟု တာလုံကျေးရွာသူ နမ်းလောဝ်ခမ်းက ပြောသည်။
အထက်ရဲရွာစီမံကိန်းကို တရုတ်၊ ဂျပန်၊ ဂျာမနီနှင့် ဆွစ်ဇာလန်နိုင်ငံများမှ ကုမ္မဏီများက အကောင်အထည်ဖော်နေပြီး စီမံကိန်းကြောင့် လူဦးရေ ၇၀၀ ခန့်နေထိုင်သော တာလုံကျေးရွာသည် လုံး၀ ရေအောက်သို့ ရောက်ရှိသွားမည်ဖြစ်သည်။

No comments:

Post a Comment

My Blog List