Thursday, November 28, 2019

တိုင်းရင်းသားရေးရာဝန်ကြီး ကိုယ်စားလှယ်နေရာအတွက် ရွေးကောက်ပွဲအသုံးစရိတ် ကျပ်သိန်း ၁၅၀ အသုံးပြုခွင့်ပေး

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းကို ရွေးကောက်ပွဲအသုံးစရိတ် ကျပ်သိန်း ၁၅၀ အထိ အသုံးပြုခွင့်ပေးထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC မှ သိရှိရသည်။

“ပါတီရွေးကောက်ပွဲအသုံးစရိတ်တွေပေါ့နော်။ အရင်တုန်းကတော့ ကျွန်တော်တို့က ကျပ်သိန်း ၁၀၀ ပေါ့နော်။ အဲ့ဒီမှာလည်း ကျွန်တော်တို့နိုင်ငံရေးပါတီတွေနဲ့ တော်တော်များများဆွေးနွေးခဲ့ပါတယ်။ တချို့ကလည်းပဲ အသုံးစရိတ်နည်းတယ်။ တချို့ကလည်းပဲ တိုးပေးလို့ရှိရင် ငွေကြေးမပြည့်စုံတဲ့ ပါတီတွေအတွက်ကျတော့ အခက်အခဲဖြစ်သွားနိုင်တယ်ဆိုပြီးတော့ ဒီလိုတင်ပြချက်တွေအပေါ်မှာ ညှိနှိုင်းပြီး အခုတော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေကို သိန်း ၁၀၀ ပဲထားပြီးတော့ တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်ကတော့ တိုင်းဒေသကြီးတစ်ခုလုံး၊ ပြည်နယ်တစ်ခုလုံး မဲဆန္ဒနယ်ဖြစ်တဲ့အတွက် ကျယ်ပြန့်လွန်းတယ်ဆိုတော့ သူ့ကို ကျပ်သိန်း ၁၅၀ တိုးမြှင့်ထားပါတယ်။”ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။
လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် အခြေခံ မဲဆန္ဒရှင် စာရင်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြုစုထားပြီးဖြစ်သော်လည်း ရွေးကောက်ပွဲကျင်းပမည့် ကာလကို တိတိကျကျ မထုတ်ပြန်နိုင်သေးကြောင်း သိရသည်။
“သူကတော့ တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ဝင်ပြိုင်မယ့်သူကို ပြောတာဖြစ်ပါတယ်။ ဖြစ်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥပမာ စစ်ကိုင်းတိုင်းဒေသကြီးမှာ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဝင်ပြိုင်မယ်ဆိုရင် တိုင်းဒေသကြီးတစ်ခုလုံးမှာရှိတဲ့ ချင်းတွေနေတဲ့ မြို့တွေအကုန်လုံးကို လိုက်ပြီး စည်းရုံးရေး လုပ်ရတာလေ။”ဟု ချင်းနိုင်ငံရေးပါတီတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
လက်ရှိမှတ်ပုံတင်ထားသော နိုင်ငံရေးပါတီပေါင်း ၉၆ ပါတီ၊ ယာယီရပ်ဆိုင်းထားသော ပါတီ ၃ ပါတီ၊ ပါတီတည်ထောင်ခွင့် စိစစ်ဆဲ ပါတီ ၃ ပါတီ၊ မှတ်ပုံတင်ခွင့် စိစစ်ဆဲ ပါတီ ၂ ပါတီရှိပြီး ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားမှုကို ဒီဇင်ဘာလကုန်အထိကို နောက်ဆုံးအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းပြုစုရာ၌ ၃၄ သန်းကျော်ရှိခဲ့ပြီး လက်ရှိတွင် အခြေခံ မဲဆန္ဒရှင် စာရင်းအရေအတွက်မှာ ၃၇ သန်းကျော်ရှိကြောင်း၊ ရရှိထားသော မဲစာရင်းမှာ တပ်မတော်သားများနှင့် ၎င်းတို့ မိသားစုဝင်များ မဲစာရင်း မပါသေးကြောင်း၊ တပ်မတော်သားများနှင့် တပ်မတော်သား မိသားစုများ စာရင်းကိုလည်း ပြုစုသွားမည်ဖြစ်ကြောင်း သိရသည်။
ဂုဏ်ညီ (မြစ်မခ) 
Zawgyi

ဂုဏ္ညီ (ျမစ္မခ)  

No comments:

Post a Comment

My Blog List