အမေရိကန်နိုင်ငံမှာ ကျင်းပမယ့် မယ်စကြဝဠာအလှမယ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် ဆွေဇင်ထက်ဟာ နိုဝင်ဘာလ ၂၇ ရက်နေ့က ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းကလည်း Miss Supranational အလှမယ်ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး Miss Personality ဆုနဲ့ Top 10 အဆင့်ထိ ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။
၆၈ ကြိမ်မြောက်ကျင်းပမယ့် အခုနှစ်ရဲ့ မယ်စကြဝဠာအလှမယ်ပြိုင်ပွဲကိုတော့ အမေရိကန်နိုင်ငံ၊ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္တာမြို့မှာ ကျင်းပသွားမှာ ဖြစ်ကာ ကမ္ဘာ့ နိုင်ငံအသီးသီးက အလှမယ်တွေ ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၃ ခုနှစ်က ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့တဲ့ Miss Universe Myanmar အလှမယ်ဆုကို မိုးစက်ဝိုင်က ရရှိခဲ့တာဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ သျှား ထွဋ်အိန္ဒြာ၊ ၂၀၁၅ ခုနှစ်မှာ မေဘရဏီသော်၊ ၂၀၁၆ ခုနှစ်မှာ ထက်ထက်ထွန်း၊ ၂၀၁၇ ခုနှစ် မှာ ဇွန်သံစဉ်၊ ၂၀၁၈ ခုနှစ်မှာ နှင်းသွေးယုအောင်တို့က ရရှိခဲ့ကြတာဖြစ်ပြီး ဆွေဇင် ထက်ကတော့ ၇ ယောက်မြောက် မြန်မာနိုင်ငံကိုယ်စားပြု မယ်စကြဝဠာ အလှမယ် ဖြစ် လာခဲ့တာပါ။
ပြီးခဲ့တဲ့ မယ်စကြဝဠာအလှမယ်ပြိုင်ပွဲ အမျိုးသားဝတ်စုံပြိုင်ပွဲမှာတော့ ၂၀၁၆ ခုနှစ်က မြန်မာကိုယ်စားပြု အလှမယ်အဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ထက်ထက်ထွန်းက ရုပ်သေးမင်းသမီးနဲ့ ဆိုင်းဝိုင်းအပြင် အဆင်တင်ဆက်မှုနဲ့ ပထမဆုံးအကြိမ် ဆုရရှိခဲ့ဖူးပါတယ်။
၂၀၁၉ ခုနှစ် မယ်စကြဝဠာအလှမယ်ပြိုင်ပွဲကိုတော့ လာမယ့် ဒီဇင်ဘာလ ၈ ရက် နေ့မှာ စတင်တော့မှာဖြစ်ပြီး နိုင်ငံပေါင်း ၉၂ နိုင်ငံက အလှမယ်တွေ ပါဝင် ယှဉ်ပြိုင်သွားကြမှာ ဖြစ်ပါတယ်။
DVB
No comments:
Post a Comment