Tuesday, November 26, 2019

စက်မှုဝန်ကြီးဌာနကို စီမံ၊ဘဏ္ဍာဝန်ကြီးဌာန နှင့်ပေါင်းရန် လွှတ်တော်ကသဘောတူအတည်ပြုပေး


No photo description available.
စက်မှုဝန်ကြီးဌာနကို စီမံ၊ဘဏ္ဍာဝန်ကြီးဌာနနှင့်ပေါင်းစည်းခြင်းသည် နိုင်ငံတော်၏အကျိုးစီးပွားကို ရယူပေးမည့် ပေါင်းစည်း မှုဖြစ်သောကြောင့် သဘောတူပေးပါရန် စက်မှုဝန်ကြီးဦးစိုးဝင်းက လွှတ်တော်ကို တင်ပြခဲ့သည့်အတွက် ပြည်ထောင်စုလွှတ်တော်နာယကက မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲများသဖြင့် ဝန်ကြီးဌာန ၂ခု ပေါင်းခြင်းအားယနေ့ လွှတ်တော်ကသဘောတူအတည်ပြုပေးလိုက်သည်။

ဝန်ကြီးဌာန ၂ခုပေါင်းစည်းရန်အတွက် ဆွေးနွေးစဉ် NLD အမတ်အချို့အပါအဝင် ယခင်အစိုးရလက်ထက်က စက်မှုဝန်ကြီး ဟောင်းများ၊တပ်ကိုယ်စားလှယ်အချို့နှင့်ကြံ့ခိုင်ရေးအမတ်များက သဘောမတူကန့်ကွက်ခဲ့ကြသော်လည်း NLD အမတ် အများစုကမူ ကြိုဆိုထောက်ခံခဲ့ကြသည်။
ယနေ့ မဲခွဲဆုံးဖြတ်မှုတွင် ထောက်ခံမဲ၃၄၉မဲ၊ကန့်ကွက်မဲ၂၂၂မဲ၊ ကြားနေမဲ ၂မဲ ရှိခဲ့သည်။
ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List