Monday, November 25, 2019

လွှတ်တော်ကို တရုတ်ထောက်လှမ်းမှု သြစတြေးလျ စုံစမ်းစစ်ဆေး


Image may contain: people sitting

တရုတ်နွယ်ဖွား သြစတြေးလျနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို မဲလ်ဘုန်း ပြည်နယ်လွှတ်တော်မှာ ထောက်လှမ်း ရေးပြုလုပ်ဖို့ လွှတ်တော်အမတ်နေရာအတွက် တရုတ်က ဝင်ရောက်ယှဉ်ပြိုင်ခိုင်းခဲ့တယ်ဆိုတဲ့ အမှုကို သြစတြေးလျက စုံစမ်းစစ်ဆေးလျက်ရှိနေပါတယ်။

ဇိမ်ခံကားအရောင်းအဝယ်ပြုလုပ်နေတဲ့ အသက် ၃၂ နှစ်အရွယ် ကျောင်းဆိုသူကို တရုတ်ထောက်လှမ်းရေး အေဂျင်စီတစ်ခုက လွှတ်တော်အမတ်နေရာဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ ၆၇၉,၀၀၀ ပေးပြီးကမ်းလှမ်းခဲ့တယ်လို့ သြစတြေးလျရုပ်သံလိုင်း 60 Minutes က နိုဝင်ဘာ ၂၄ ရက်နေ့က ထုတ်လွှင့်ခဲ့ ပါတယ်။
အခုကိစ္စကို ဖော်ထုတ်ခဲ့တဲ့ကျောင်းဟာ ပြီးခဲ့တဲ့ မတ်လက မိုတယ်ခန်းတစ်ခုမှာ သေဆုံးလျက်တွေ့ရှိခဲ့ရပါ တယ်။ ကျောင်းရဲ့ သေဆုံးမှုကို သြစတြေးလျရဲတပ်ဖွဲ့က အဖြေရှာနိုင်ခြင်းမရှိပေးဘဲ သြစတြေးလျထောက် လှမ်းရေးအေဂျင်စီက ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိနေပါတယ်။
တရုတ်နိုင်ငံဟာ သြစတြေးလျလွှတ်တော်နှင့် တက္ကသိုလ်ကွန်ပျူတာစနစ်တွေကို ဆိုက်ဘာတိုက်ခိုက်မှုပြုလုပ် ဖို့ ကြိုးစားတဲ့ နောက်ကွယ်က တာဝန်ရှိသူအဖြစ် စွပ်စွဲခံထားရပြီး တရုတ်နိုင်ငံကတော့ ဒေါသတကြီး ငြင်းဆို ထားပါတယ်။
Ref; Reuters
(Unicode)
လွှတ်တော်ကို တရုတ်ထောက်လှမ်းမှု ဩစတြေးလျ စုံစမ်းစစ်ဆေး
.......................................................................

တရုတ်နွယ်ဖွား ဩစတြေးလျနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို မဲလ်ဘုန်း ပြည်နယ်လွှတ်တော်မှာ ထောက်လှမ်းရေးပြုလုပ်ဖို့ လွှတ်တော်အမတ်နေရာအတွက် တရုတ်က ဝင်ရောက်ယှဉ်ပြိုင်ခိုင်းခဲ့တယ်ဆိုတဲ့ အမှုကို ဩစတြေးလျက စုံစမ်းစစ်ဆေးလျက်ရှိနေပါတယ်။
ဇိမ်ခံကားအရောင်းအဝယ်ပြုလုပ်နေတဲ့ အသက် ၃၂ နှစ်အရွယ် ကျောင်းဆိုသူကို တရုတ်ထောက်လှမ်းရေး အေဂျင်စီတစ်ခုက လွှတ်တော်အမတ်နေရာဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ ၆၇၉,၀၀၀ ပေးပြီးကမ်းလှမ်းခဲ့တယ်လို့ ဩစတြေးလျရုပ်သံလိုင်း 60 Minutes က နိုဝင်ဘာ ၂၄ ရက်နေ့က ထုတ်လွှင့်ခဲ့ ပါတယ်။
အခုကိစ္စကို ဖော်ထုတ်ခဲ့တဲ့ကျောင်းဟာ ပြီးခဲ့တဲ့ မတ်လက မိုတယ်ခန်းတစ်ခုမှာ သေဆုံးလျက်တွေ့ရှိခဲ့ရပါ တယ်။ ကျောင်းရဲ့ သေဆုံးမှုကို ဩစတြေးလျရဲတပ်ဖွဲ့က အဖြေရှာနိုင်ခြင်းမရှိပေးဘဲ ဩစတြေးလျထောက် လှမ်းရေးအေဂျင်စီက ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိနေပါတယ်။
တရုတ်နိုင်ငံဟာ ဩစတြေးလျလွှတ်တော်နှင့် တက္ကသိုလ်ကွန်ပျူတာစနစ်တွေကို ဆိုက်ဘာတိုက်ခိုက်မှုပြုလုပ် ဖို့ ကြိုးစားတဲ့ နောက်ကွယ်က တာဝန်ရှိသူအဖြစ် စွပ်စွဲခံထားရပြီး တရုတ်နိုင်ငံကတော့ ဒေါသတကြီး ငြင်းဆို ထားပါတယ်။
Ref; Reuters
#PeopleMedia #International

No comments:

Post a Comment

My Blog List